မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ ပထမဦးဆုံးထိုးသတ်သွားမယ့် WLC ပွဲစဉ်ဇယား

UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ Seth Baczynski နဲ့ ထိုးသတ်ဖို့ရှိနေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ သတင်းကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ လာမည့် သြဂုတ်လ ၂ ရက်နေ့မှာထိုးသတ်သွားမှာဖြစ်ပြီး အပြိုင်အဆိုင်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။

အဆိုပါ ပြိုင်ပွဲကတော့ မြန်မာနိုင်ငံကကျင်းပပြုလုပ်တဲ့ WLC နည်းစနစ်အတိုင်းထိုးသတ်ကြမှာဖြစ်ပြီး လက်ရှိ ပွဲစဉ် ၉ ပွဲအထိရှိကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ နိုင်ငံခြားသားဖိုက်တာများစွာပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး မြန်မာကိုယ်စားပြုလက်ရွေးစင်တွေလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ဒေဝကတော့ အမေရိကန်နိုင်ငံသား UFC ဖိုက်တာ Seth Baczynski နဲ့ ထိုးသတ်သွားမှာဖြစ်ပြီး သဘာရင့်ကမ္ဘာ့သိဖိုက်တာတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။ အမိုက်စားပွဲတွေနဲ့ ပရိသတ်အကြိုက်ပွဲကောင်းတွေပါဝင်တဲ့ သြဂုတ် ၂ရက်နေ့ WLC ပြိုင်ပွဲပွဲစဉ်ပုံရိပ်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Show Buttons
Hide Buttons