မြန်မာ့လက်ဝှေ့ဂုဏ်ဆောင် ဒေ၀ရဲ့ ဘ၀နဲ့ရင်းတဲ့ကျေးဇူးတင်လွှာ

စကေးက ဝင်ငွေကိုပေးတာပဲ ကျနော်ရဲ့စိတ်အားထက်သန်မှုနဲ့ တိုက်ခိုက်ရေးအားကစားတွေထဲမှာ အကြမ်းတမ်းဆုံးဖြစ်တဲ့ တိုက်ခိုက်ရေးနဲ့ ရှင်သန်နေထိုင်ဖို့ အခွင့်အလန်းကိုပေးတဲ့အတွက် WLCကို ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့တိုက်ခိုက်ရေး ကစားသမားဘဝကိုစတင်ခဲ့စဉ်က ကျနော်က ပွဲတွေအတွက် ဒေါ်လာ၁၅၀ ယူနေခဲ့တာပါ။ လူအများစုတော့ သိကြမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်က ဘာမှမရဘဲနဲ့ကို prison fightတွေမှာလည်း ချခဲ့သေးတာပါ။ နာဒါဆိုတဲ့ ထောင်သားက ကျနော့်ထက်ပိုရပါတယ်။ ကျနော်က အငြင်းပွားဖွယ်ရာ prison fight လောကမှာ ကိုယ့်အမည်တလုံးဖန်တီးတဲ့ အခွင့်အရေးရဖို့ ကိုယ့်ကစားတာအတွက်နဲ့ ဟိုတယ်ခအတွက်တောင် ကိုယ်ကပေးခဲ့ရပါသေးတယ်။

ကျနော့်ဇနီး အီရီနာတီရီဟိုဗာနဲ့ ကျနော်တို့ဟာ အာရှက ရွံစရာကောင်းတဲ့ အခန်းကျဉ်းတခုတည်းပါတဲ့ တိုက်ခန်းလေးမှာ၊ အိပ်ယာပေါ်မှာတင် ရာမန်ခေါက်ဆွဲပြုတ်စားလို့ နေခဲ့ရပါတယ်။ တနေ့တော့ သူက ကျနော့်ပေါင်ပေါ်မှာ၊ နှစ်ယောက်လုံးက ငိုနေခဲ့ကြတာလေ။ ကျနော့်နှလုံးသားထဲမှာ ပြင်းပြတောက်လောင်နေတဲ့ ကြီးမြတ်မှုတွေရှိနေခဲ့ကြပါတယ်။ ကျနော် သူ့ကို ကတိပေးခဲ့ပါတယ်။ ငါတို့ လုပ်ကြမှာပါလို့ပေါ့။ သူက ကျနော့်ရဲ့ဘုရင်မဖြစ်ပြီး သူ အလုပ်လုပ်စရာမလိုဘဲ သက်တောင့်သက်သာလေးပဲ နေနိုင်တဲ့ ဘဝတခုကို ကျနော်ဖန်တီးပေးချင်ခဲ့ပါတယ်။ ဘယ်လိုလုပ်ရမယ်မှန်း မသိခဲ့သေးတာပါ။

လက်ဝှေ့နဲ့စပ်ဆက်သမျှ ပွဲစီစဉ်သူတိုင်းကို ကျနော်စာတွေပို့ခဲ့တယ်။ ကျနော် ပွဲတပွဲရခဲ့တယ်။ ကျန်တာကတော့ အားလုံးသိကြတဲ့သမိုင်းပါပဲ။ နောက်တပိုင်းကတော့ ကြွားဝါဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရင်ထဲကမီးကို ပိုပြီးထွန်းလင်းစေချင်တာမျိုး၊ မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှမရှိဘူးဆိုတာကို ပြချင်တာမျိုး ပိုဆန်ပါတယ်။ နှစ်အနည်းငယ်ကို အမြန်လေးကျော်လိုက်ရရင် အခုကျနော်တို့ ဒူဘိုင်းမှာနေပါတယ်။ ဆိုက်ပရပ်စ်မှာ နေရာတနေရာ ဝယ်ခဲ့တယ်။ မက်ဒီတရေးနီးယန်းပင်လယ်ထဲက ကျွန်းတကျွန်း၊ ပြီးတော့ ကျနော်က ကိုယ့်ရဲ့စိတ်အားထက်သန်မှုနဲ့အတူ ရှင်သန်နေထိုင်နေပါတယ်။ အပြင်းအထန် ကြိုးပမ်းအားထုတ်မှုတွေက အရာထင်ပါတယ်။

ခင်ဗျားရဲ့ပန်းတိုင်တွေနောက်ကို လိုက်တဲ့ကိစ္စမှာ ဘာမှမှားယွင်းတာမရှိပါဘူး။ ဒါပေမဲ့ ဘယ်အရာက အစစ်အမှန်လဲဆိုတဲ့လမ်းကြောင်းကိုတော့ ဘယ်တော့မှ မပျောက်စေပါနဲ့။ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေက ပျော်ရွှင်မှုသာမပါရင် ဘာမှအသုံးမကျပါဘူး။ ကျနော့်ရဲ့ပျော်ရွှင်မှုက ကျနော့်ပါတနာနဲ့ ဘဝကို အတူတူရှင်သန်ခြင်းဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ မက်ဆေ့တွေနဲ့ အားပေးထောက်ပံ့မှုတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေအကုန်လုံးကို အများကြီး အသိအမှတ်ပြုပါတယ်။