မြန်မာ့ပြည်တွင်းထုတ်ဒေါ်လာ ၂၀၀ MILLION တန် (F-11) AUNG ZAY YA FRIGATE ကြီးအကြောင်း

Posted on

ထို Frigate ကြီးကို မြန်မာ့ တပ်မတော်ရေ၏ ပြည်တွင်း သင်္ဘောကျင်းတွင် 2008ခုနစ်၌ စတင်တည်ဆောက်ခဲ့ပြီး 2010 တွင် မြန်မာ့ရေတပ်သို့တပ်တော်ဝင်နိုင်ခဲ့ပါတယ်။ ထို Frigate ကြီးပြီးမှ Kyansitthar အတန်းစား Frigate ကြီးများကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ထို Aung Zay Ya Frigate ကြီးဟာ အလျား – 108 မီတာ နှင့် အနံ – 16 မီတာ ရှိပါတယ်။ ထို Frigate ကြီးရဲ့အလေးချိန်ကတော့ တန်ချိန် 2500 ရှိပါတယ်။

ထို F-11 Aung Zay Ya Frigate ကြီးတွင် မြင်း‌အကောင်ရေ 7600‌ ကျော်အားရှိသည့် 16 PAC STC diesel engine (4) လုံးကိုတပ်ဆင်ထားပြီး တစ်နာရီကို အမြန်ဆုံး 56 kilometers နှုန်းဖြင့် 6100 kilometers အထိစစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်။ ထို Frigate ကြီးတွင် 270 kilometers အထိထောက်လှမ်းနိုင်သော India  ထုတ် BEL Rawl-02 MK3 L band 2D search radar ၊ Type 347 firing control radar ၊ Type 922-1M radar warning receiver နှင့် BEL HMS-X2 ရေအောက်ထောက်လှမ်းရေး sonar  စသည့်အဆင့်မြင့် အာရုံခံစနစ်တွေကိုတပ်ဆင်ထားပါတယ်။

ထို F-11 frigate ကြီးတွင် ပင်မလက်နက်အနေဖြင့် 1. အီတလီ ထုတ် 76mm Oto Melera Navy gun တစ်လက်ကို တပ်ဆင်ထားပါတယ်။ ထို Navy gun ကြီးသည် တစ်မိနစ်ကို ကျည်အတောင့် 120 နှုန်းဖြင့် 16 kilometers အကွာကပစ်မှတ်တွေကို တောင်ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။ 2. ရုရှား ထုတ် AK-630 CIWS (4) လက်ကို တပ်ဆင်ထားပါတယ်။ ထို CIWS တွေဟာ တစ်မိနစ်ကို ကျည် 4000 မှ 5000 ကြားပစ်ခတ်နိုင်ပြီး 5000 မီတာ အကွာက ပစ်မှတ်တွေကို ပစ်မှတ်တွေကိုပစ်ခတ်ချေမှုန်းနိုင်ပါတယ်။ 3. 14.5 mm Gantling Gun (2) လက်ကိုလည်းတပ်ဆင်ထားပါတယ်။ 4. တာတိုလေကြောင်းရန်ကာကွယ်ရေးအတွက် SA-N-5 missile 6 ခုကို Navy gun ၏ အနောက်ဘက်တွင်တပ်ဆင်ထားပါတယ်။ 5. သင်္ဘောဖျက်ဒုံးအနေဖြင့် ရုရှားထုတ် Kh-35 သင်္ဘောဖျက်ဒုံး 8 စင်းကို တပ်ဆင်ထားပါတယ်။

(73 နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့မှာ F-11 ကိုမြင်လိုက်ရတုန်းက သင်္ဘောဖျက်ဒုံးရဲ့ missile Launcher လည်းပြောင်းသွားသလို missile က 4 စင်းပဲ့တပ်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။ Missile တွေက 250 kilometers အထိသွားနိုင်သည့် မြောက်ကိုးရီးယား🇰🇵ထုတ် kumsong-3 တွေဖြစ်သွားပါတယ်။6. RBU-1200 Anti-submarie rocket launcher (2) ခု ကိုလည်း Navy gun ၏ အရှေ့ဘက်တွင်တပ်ဆင်ထားပါတယ်။ရန်သူ့ဒုံးများ ကို ကာကွယ်ရန် Flare များကို တပ်ဆင်ထားပါတယ်။7. ထို Frigate တွင်ပါရှိသော ရဟတ်ယာဉ်ကွင်းအဆုံးဘေးနားတွင် ရေငုပ်သင်္ဘောတိုက်ခိုက်ရေး Depth charge တစ်ခုပါပါသေးတယ်။

ထို frigate ၏ ရဟတ်ယာဉ်ကွင်းတွင် Mil Mi-2 ဒါမှမဟုတ် Eurocopter တစ်စီးဆင်းသက်နိုင်ပါတယ်။ ရဟတ်ယာဉ်သိုလှောင်ရုံ Hanger တည်ဆောက်ထားခြင်းမရှိပါ။ထို Aung Zay Ya Frigate ကြီးတစ်စီးသည် အမေရိကန်ဒေါ်လာ 200 million တန်ကြေးရှိတယ်လို့သိရပါတယ်။ဒါကတော့ မြန်မာပြည်တွင်းထုတ် F-11 Aung Zay Ya Frigate ကြီးအကြောင်း ကျွန်တော်လက်လှမ်းမှီ သရွှေ့တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *