ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် လိုအပ်သည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များကို ယနေ့ သြဂုတ်လ ၂၁ ရက်တွင် ဂျပန်နိုင်ငံ နီဂတ ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရထားတွဲဆိုင်းသစ်များမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုမည့် တွဲဆိုင်းသစ်များဖြစ်ပြီး ထိုစီမံကိန်း မှတစ်ဆင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုတိုးတက်လာစေမည့်အပြင် ပိုမိုခေတ်မီသည့် ရထားပို့ ဆောင်ရေးစနစ်သို့ ကူးပြောင်းလာမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်JICA ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေနှင့် နိုင်ငံဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းအား အဆင့် (၁) ရန်ကုန် – တောင်ငူ ၁၆၆ မိုင်နှင့် အဆင့် (၂) တောင်ငူ- မန္တလေး ၂၁၉ မိုင်ဟူ၍ အဆင့်နှစ် ဆင့်ခွဲခြားသတ်မှတ်ပြီး ရထားလမ်းအဆင့် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု မြန်မာ့မီးရထားမှသိရသည်။