မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိအနုပညာသည်များကို သီချင်းများကို မှတ်တမ်းအမှန်ရအောင်စီစစ်ပေးဖို့ တောင်းဆိုလာတဲ့ အဆိုတော် မာမာအေး

Posted on

မြန်မာ့ဂီတကို မြတ်နိုးတဲ့ပရိသတ်တွေရဲ့ အာေးပးမှုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော် မြန်မာသံအဆိုတော်ကြီး မာမာအေးကတော့ လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတာဖြစ်ပါတယ်။ သူကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များကို သီဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုတော်ကြီးမာမာအေးဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိအနုပညာသည်များကို သီချင်းများကို မှတ်တမ်းအမှန်ရ အောင်စီစစ်ပေးဖို့ကို “ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက်ရုပ်ရှင် သီချင်းတွေအခုMRTV ကအသံလွှင့် နေကြောင်းနဲ့ ကျမ ဆိုခဲ့တဲ့”ချစ်သော မောင်မောင်”ပဏာမသီချင်းကို ချိုပြုံး ဆိုခဲ့တယ်လို့ပြောပါသတဲ့ရှင်၊ ချစ်စွာသောရုပ်ရှင်ချစ်ပရိသဒ်တို့ အမှတ်မမှားစေချင်လို့ရေးပါတယ်ရှင်၊ တခါတရံမှာ မဏ္ဏာပ်တိုင်တက်ပြမှသိမှာ မို့ မှားပြောတဲ့သူများကခွင့်လွှတ်ကြပါရှင့်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန် ရှိအနုပညာသည်များအနေနဲ့ သက်ရှိထင်ရှား ကန်တော့ခံ သရုပ်ဆောင်အဆိုတော် ကျမသီချင်းများကို မှတ်တမ်းအမှန်ရ အောင်စီစစ်ပေးစေလိုပါတယ်ရှင်။” ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်ကြီးမာမာအေးကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန် ရှိအနုပညာသည်များအနေနဲ့ သူ့ရဲ့သီချင်းများကို မှတ်တမ်းအမှန်ရ အောင်စီစစ်ပေးစေလိုပါတယ်တဲ့။အကြောင်းကတော့ ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက်ရုပ်ရှင် သီချင်းတွေကို MRTV ကအသံလွှင့်တဲ့နေရာမှာ သူသီဆိုခဲ့တဲ့ “ချစ်သော မောင်မောင်”သီချင်းကို နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ချိုပြုံးသီဆိုခဲ့တဲ့လို့ ပြောဆိုတာတွေကြောင့်ပါတဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *