မြန်မာ ပြည်သူတွေအတွက် ဝမ်းသာစရာသတင်းကောင်း

Posted on

အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စု လျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးမည်။

ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံး များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ် အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်။” COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတစ်ခု အကောင်အထည်ဖေါ်ဖို့ စီစဉ်နေပါတယ်။ တစ်နေရာ၊ တစ်ဒေသအတွက်သာ မဟုတ်၊ တစ်နိုင်ငံလုံးအတွက် စဉ်းစားရပါမယ်။ ဗဟိုကော်မတီရန်ပုံငွေအတွက် တတ်နိုင်သမျှ လှူကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင် ဖေ့ဘွတ်အကောင့်တွင် ယမန်နေ့က တင်ထားခဲ့သေးသည်။အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက်ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လဲ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *