ဝတုတ်မလေးအဖြစ်ကနေ Body အလှပိုင်ရှင်အဖြစ် ပြောင်းလဲပြခဲ့တဲ့ ကောင်မလေး

အခုနောက်ပိုင်းမှာတော့ ပြောင်းလဲလာတဲ့ လူနေမှု Lifestyle ကြောင့် ကိုယ်အလေးချိန်များလာတာ၊ အ၀လွန်လာတဲ့ ကိစ္စတွေဟာ တဖြည်းဖြည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ၀ိတ်ကျချင်သူတွေ၊ ၀ိတ်ချဖို့ စိတ်ကူးရှိသူတွေ အတွက် Motivation တစ်ခုအနေနဲ့ မယုံနိုင်လောက်အောင် ၀ိတ်ချပြနိုင်ခဲ့တဲ့ Sapna Vyas Pate ဆိုတဲ့ မိန်းကလေး တစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

သူမဟာ ၀ိတ်ချဖို့ အတွက် ပိန်ဆေးတို့လို ဆေးဝါးအကူအညီတွေ လုံးဝမယူခဲ့ပဲ လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ အားပြုပြီး Body ကို ပြောင်းလဲပစ်ခဲ့တာပါ။ သူမရဲ့ Gym ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာဆိုရင် ၀ိတ်ကျချင်သူတွေ အတွက် တကယ့်ကို စံပြအတုယူစရာ ဖြစ်ခဲ့ပါတယ်။ Sapna Vyas Patel က တစ်နှစ်အတွင်းမှာပဲ (၃၃) ကီလို ကျအောင် ၀ိတ်ချခဲ့တာပါ။ သူမရဲ့ အရင်တုန်းက ကိုယ်အလေးချိန်ဟာ (86 kg) တောင် ရှိခဲ့တာပါ။ အဲဒီအလေးချိန်ကနေမှာ (53 kg) ကျအောင် ချခဲ့တာပါ။

ဝိတ်ချတယ်၊ ၀ိတ်ကျသွားပြီဆိုတာ အပြောလွယ်ပေမယ့် တကယ်အလုပ်ခက်ပါတယ်။ ဇွဲရှိရှိနဲ့လုပ်မှ ကိုယ်လိုချင်တဲ့ Body goal တစ်ခုကို ရမှာပါ။ လေ့ကျင့်ခန်းတစ်ခုတည်းကို အားပြုပြီး ၀ိတ်ချရတာမို့ Sapna Vyas Pate တစ်ယောက်နေ့ချင်းညချင်း လက်ရှိ Body ကို ရခဲ့တာမဟုတ်ပါဘူး။ တစ်နှစ်လောက်ကို ကြိုးကြိုးစားစား ၀ိတ်ချခဲ့တာပါ။

အခုဆိုရင်တော့ သူမဟာ Reebok Certified Fitness Professional တစ်ယောက်ဖြစ်လာခဲ့သလို လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း အားပေးတဲ့ fan တွေ အများကြီးပိုင်ဆိုင်နေပါပြီ။သူမရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် လေ့ကျင့် ခန်းအကြောင်း၊diet plan နဲskin care အကြောင်းတွေကိုလည်း ပုံမှန်ဝေမျှပေးတယ်လို့ သိရပါတယ်။

from contentodays

Leave a Reply

Your email address will not be published. Required fields are marked *