(၁၀)တန်းရှုံးခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ နိုင်ငံကျော် မင်းသမီး နေခြည်ဦးရဲ့ညီမ စိမ်းလဲ့ ရတနာ

Posted on

မလိမ္မာ ခဲ့တဲ့ အားနည်း ချက်ကြောင့် (၁၀)တန်းစာမေးပွဲ ကျရှုံးခဲ့ရကြောင်း စိတ် မကောင်းစွာ အသိပေးလာတဲ့ နေခြည်ဦးရဲ့ ညီမ စိမ်းလဲ့ရတနာ

သရုပ်ဆောင်၊ Beauty Blogger နေခြည်ဦး ကတော့ သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာ နဲ့ ပရိသတ် တွေကို မိတ်ဆက် ပေးထားတာမို့ တော်တော် များများသိပြီးသား ဖြစ်မှာပါ။ စိမ်းလဲ့ရတနာက အစ်မဖြစ်သူနဲ့မတူပဲ တစ်မျိုးလေးကွဲထွက်ပြီး ချစ်စရာကောင်းတာကြောင့် အနုပညာလှုပ်ရှားမှုတွေမရှိပေမယ့် ပရိသတ်တွေက အားပေးချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။

စိမ်းလဲ့ရတနာက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသူတစ်ယောက်ဖြစ်ပြီး ဒီ ကနေ့မှာတော့ စိမ်းလဲ့ရတနာက သူမရဲ့ စာမေးပွဲ ရလဒ်နဲ့ ပက်သတ်ပြီး သိချင်နေကြသူတွေကို အခုလိုပဲ စိတ်မကောင်းစွာ အသိပေး ထားပါတယ်။

“ကိုယ့်ကိုယ်ကို အားပေးပြီးပြီ ဆိုတော့ သိချင်နေကြတဲ့ သူတွေအတွက် စိမ်းလဲ့update လုပ်ပေးချင်လို့ပါ။ စိမ်းလဲ့ရဲ့ အားနည်းချက်တွေကြောင့် ဒီနှစ်စာမေးပွဲ မအောင်ပါဘူး။ အားနည်းချက်ဆိုတာထက် မလိမ္မာခဲ့တာပါ။

မျှော်လင့်တကြီး အားပေးဖို့ စောင့်နေတဲ့သူတွေကို စိတ်မကောင်းဖြစ်စေ ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်။ စိမ်းလဲ့ သေသေချာချာကြိုးစားပြီး ပြန်ဖြေပါ့မယ်။ စေတနာနဲ့ စိတ်ပူပေးကြတဲ့ သူတွေရှိလို့ အရမ်းအားရှိရပါတယ်…။” ဆိုပြီး ဆယ်တန်းစာမေးပွဲကျရှုံးခဲ့ရတဲ့အကြောင်းကို ရိုးရိုးသားသား ပြောပြလာပါတယ်။

စိမ်းလဲ့ရတနာကတော့ သူမရဲ့ စာမေးပွဲ ရလဒ်နဲ့ ပက်သတ်ပြီး စောင့်မျှော် နေကြသူတွေကို စိတ်မကောင်းစွာနဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ စိမ်းလဲ့တစ်ယောက် ပြီးခဲ့ပြီးတဲ့ အမှားတွေကို သင်ခန်းစာယူပြီး နောက်နှစ်စာမေးပွဲကို အကောင်းဆုံး ဖြေဆိုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Sane’s fb

Leave a Reply

Your email address will not be published. Required fields are marked *