(၁၆၅ )သိန်းဖိုး ရန်ကုန်ကလေးဆေးရုံကြီးမှာ လှူဒါန်းခဲ့တဲ့ ဒေါင်း

Posted on

ပရိသတ်ကြီးရေ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့ပါသေးတယ်။

ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။အခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူပဲ ဖြစ်ပါတယ်။ တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်ဆေးရုံကြီးမှတာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ရဲမြင့်ကျော်ဆိုတဲ့အကောင့်ပိုင်ရှင်က”Covid 19 စမတွေ့သေးပေမယ့် တွေ့လိုက်ရင် မြန်မာ အစိုးရဆေးရုံတွေက ဆရာဝန် ဆရာမတွေ ဘဝ က ရှေ့တန်းထွက်တဲ့ စစ်သည်တွေထက်တောင် သတ္တိ ရှိရှိ စိတ်ဓါတ် ပြင်းပြင်းနဲ့ ကြံ့ကြံ့ခံရမယ် ဆိုတာ ရိပ်မိကြတော့ ပြည်သူတွေက တတ်နိုင် သလောက် ဝန်းရံအားပေးကြပါတယ်။အခုလည်း နယ်မှာ ကားရိုက်ရောက်နေတဲ့ အနုပညာလောက က ရင်းနှီး ခင်မင်နေတဲ့ ‘ဒေါင်း’ က ရန်ကုန်ကလေးဆေးရုံကြီး က ကလေးတွေအတွက် ဆွစ်ဇလန်လုပ် အသက်ရှူစက်တစ်လုံး သိန်း( ၁၄၀ )ခန့်နဲ့ (၂၅ )သိန်းတန်ဖိုးရှိကာကွယ်ရေး ဝတ်စုံများ PPE စုစုပေါင်း (၁၆၅ )သိန်းဖိုး လှူဒါန်းပါတယ်။ဒေါင်းဟာ ခါတိုင်းလည်း ကလေးတွေ လိုတာရှိရင် ဖုန်းဆက်တာ နဲ့ ချက်ခြင်း ပြေးလာလှူတတ်သူပါ။သာဓု သာဓု သာဓု” ဆိုပြီးဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *