၁၉၄၀-၅၀လောက်ကဆိုထားတယ် သီချင်းလေးကို ပြန်လည်သီဆိုခဲ့တဲ့ မေလသံစဉ်နဲ့အုပ်စိုးခန့်

Posted on

ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ အဆိုတော်မေလသံစဉ်ကတော့ အသံအေးအေးချိုချိုလေးနဲ့သီချင်းလေးတွေကို သီဆိုတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိနေတာဖြစ်ပါတယ်။လက်ရှိမှာလည်း နောက်ထပ်သီချင်းသစ်တွေထွက်ရှိဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး သူမကတော့ ယခုမှာတစ်ချိန်ကပရိသတ်တွေကြားမှာ အတော်လေးကိုရေပန်းစားခဲ့တဲ့ ရုန်းတော်လွှတ်တော်ဆိုတဲ့သီချင်းလေးကို ပြန်လည်သီဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါသီချင်းလေးကို နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်လေးဖြစ်တဲ့ အုပ်စိုးခန့်နဲ့အတူသီဆိုခဲ့တာဖြစ်ပြီး” တော်ပါကိုလူလည်
လှည့်ပတ်နိုင်လွန်းတယ်”ဆိုတဲ့ စာသားလေးနဲ့အတူသီချင်းဗီဒီယိုဖိုင်လေးကို မေလသံစဉ်ကသူမရဲ့လူမှုကွန်ရက်စာမျက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

 

ဒါ့အပြင် “MTV ရိုက်တုန်းက အမှတ်တရဖြစ် မေလ Fan တွေကြည့်ရအောင် တင်ပေးလိုက်တာပါ ဒီအဆိုကဒ်တွေဟာ ကိုယ်တပိုင်းပဲပါမှာမို့ အရပ်ညီအောင်ဖိနပ်စီးရတာပါ အသံကတော့မေလရဲ့ ပင်ကိုယ်အသံဆိုတာတော်တော်များများကသိပါတယ် အဝတ်အစားနဲ့ အိုက်တင်ပိုင်းကတော့ Directorညွှန်ကြားသလိုလုပ်ခဲ့တာပါ မူရင်းအဆိုရှင်တွေကတော့ ဘဘအေဝမ်းဦးတင်မောင်နဲ့ ဘွားဘွားဒေါ်မေရှင်ပါ ၁၉၄၀ ၅၀လောက်ကဆိုထားတယ်လို့သိရပါတယ် မေလရဲ့အဘိုး တေးရေးစန်းသော်တာရဲ့ ရုန်းတော်လွှတ်တော်သီချင်းကို ၂၀၂၀မှာ မူရင်းမဖျက်တဲ့ အရသာတမျိုးနဲ့ ခံစားသီဆိုထားပါတယ် Music-Myo Zaw HtetDirector- Exit Production”ဆိုပြီးတော့လည်း အဆိုပါMTV ရိုက်တုန်းက အမှတ်တရတွေကိုပြောပြထားပါသေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *