၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့အလှဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အာရှမော်ဒယ်လေးမျာ

ချောမောလှပတဲ့ မိန်းလေးအများစုက အာရှနိုင်ငံတွေမှာ ရှိနေတက်ပါတယ်။အေးချမ်းတဲ့ မျက်နှာ၊လှပတဲ့အသား၊ချစ်စရာကောင်းတဲ့ အပြုံလေးတွေနဲ့ ကမ္ဘာမှာ အလှဆုံးလို့သတ်မှတ်ခံထားရတဲ့ အာရှမော်ဒယ်မလေးတစ်ချို့ရှိနေပါတယ်။ဘယ်သူတွေလည်း ကြည့်ရအောင်။

၁။ Navneet Kaur Dhillon
Navneet ဟာ(၂၀၁၃)ခုနှစ်က Miss India World ဆုရထားသူလေးဖြစ်ပါတယ်။ဒုတိယနှစ် ကောလိပ်ကျောင်းသူလေးဖြစ်ပါတယ်။

၂။ Carey Ng
သူလေးကတာ့ (၂၀၁၃) ခုနှစ်က မစ္စမလေးရှား ရထားသူလေးပါ။နောက်ပြီး Miss Universe ပြိုင်ပွဲမှာလည်းပါဝင်ဖူးသူဖြစ်ပါတယ်.သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကြောင့် ကမ္ဘာ့အလှဆုံး အာရှသူလေးစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။

၃။ Ariella Arida
ဒီမိန်းမချောလေးက မစ္စဖိလစ်ပင်း ဆုရထားသူပါ။အလှမယ်ပြိုင်ပွဲ မျိုးစုံမှာ ၀င်ပြိုင်ဖူးသူဖြစ်ပြီး ထက်မြက်ရုံမက ချောမောလှပသူလေးပါ။ဓါတုဗေဒ နဲ့သက်ဆိုင်တဲ့ ဘွဲ့ရထားတာဖြစ်ပါတယ်။

၎။ Kim Yu-Mi
အရုပ်မလေးလို လှတဲ့ကိုရီယား အလှမယ်လေး ကင်ယူမီကတော့ (၂၀၁၃)ခုနှစ်က Miss Universe Koreaနဲ့(၂၀၁၂) ခုနှစ် Miss Korea ဆုနှစ်ဆုလုံးကို ဆွတ်ခူးထားသူဖြစ်ပါတယ်။သိပ်ကို ချောမောလှပသူလေးမို့ အလှဆုံးစာရင်းဝင်တာ မဆန်းပါဘူး။

၅။ Bar Hefer
မစ္စ အစ္စရေးဖြစ်တဲ့ ဘာဟာဖာ ဟာထူးခြားတဲ့ မျက်နှာပုံစံလေးနဲ့ ဆွဲဆောင်မှု ရှိသူလေးဖြစ်ပါတယ်။

၆။ Whulandary Herman
အင်ဒိုမလေး Whulandary Herman ဟာ ဂျကာတာမြို့မှာ မော်ဒယ်လုပ်နေသူလေးဖြစ်ပါတယ်။(၂၀၁၀) ခုနှစ်က Asia Top Model of the Year ဆုနဲ့ Fasion Asia Award နဲ့Puteri Indonesia စတဲ့ဆုတွေအသီးသီး ဆွတ်ခူးထားသူဖြစ်ပါတယ်။(၂၀၁၃) ခုနှစ်ကလည်း Miss Universe မှာဝင်ပြိုင်ဖူးပါတယ်။

၇။ Sobhita Dhulipala
ငယ်ရွယ်ပြီးချောမောတဲ့ Sobhita Dhulipala ဟာ အကသမားတစ်ယောက်ဖြစ်ပြီး စီးပွားရေးဘွဲ့ရထားသူဖြစ်ပါတယ်။(၂၀၁၃) ခုနှစ်က Femina Miss India ဆုကိုဆွတ်ခူးပြီး အဲ့ဒီနှစ်မှာပဲ Miss Earth ပြိုင်ပွဲမှာအိန္ဒိယ ကိုယ်စားပြုအနေနဲ့ ၀င်ပြိုင်ခဲ့ပါတယ်။ဒီလောက်ချောတဲ့ မိန်းကလေးကို အချောဆုံး အာရှသူစာရင်းမှာ မထည့်လို့ မရတာတော့ အသေချာပါ။

၈။ Yu Wenxia
တရုတ်အလှမယ်လေး Yu Wenxia ဟာဆိုရင် (၂၀၁၂) ခုနှစ်က Miss World ဆုရထားသူဖြစ်ပါတယ်။

၉။ Liu Wen
သူ(မ)က Victoria Secret မော်ဒယ်အဖြစ် ပထမဆုံးပါဝင်ခွင့်ရတဲ့ တရုတ်မလေးဖြစ်ပါတယ်။ကမ္ဘာကျော်ထုတ်ကုန်အများအပြားမှာ မော်ဒယ်အဖြစ် ရပ်တည်နေသူလေး ဖြစ်ပါတယ်။

၁၀ ။ Du Juan
Du Juan ဟာအရင်က ဘဲလေးအကသမားတစ်ယောက်ဖြစ်ပြီး ရှန်ဟိုင်းအကကျောင်းမှာ ကိုးနှစ်ပညာသင်ယူခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ နိုင်ငံတကာမှာ ထင်ရှားတဲ့ တရုတ်မော်ဒယ်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက် ကမ္ဘာ့အလှဆုံး အာရှသူလေးစာရင်းမှာ မပါမဖြစ် ပါရမယ့်သူတစ်ယောက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *