ဒါရိုက်တာ စင်ရော်မောင်မောင် ကတော့ (၂၀၂၀) ခုနှစ်က သူ့နဲ့ သူ့ရဲ့ မိသားစု အတွက် ကံကြမ္မာ မုန်တိုင်းဒဏ်ကို အလူးအလိမ့်ခံရတဲ့ နှစ်ပါလို့ Fb မှာ ရင်ဖွင့်လာခဲ့ပါတယ်။(၂၀၂၀)နှစ်စမှာပဲ ထပ်ဆင့်အကယ်ဒမီ မင်းသမီး မေသန်းနု တစ်ယောက် လိမ်လည်မှု နဲ့ ထောင်ဒဏ် ချ မှတ်ခံခဲ့ရပါတယ်။
ဇနီးဟောင်းရဲ့ အမှု အတွက် ကြိုးစား ပြီး လွတ်မြောက် အောင် ကြံ ဆောင်ပေးခဲ့ပါတယ်။အယူခံ ၀င် ခဲ့ပေမယ့်လည်း မတ်လ (၁၁) ရက်နေ့မှာတော့ အယူခံကို တရားရုံးက ပယ်ချ ပစ်ခဲ့ ကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ Fb မှာ ပြောခဲ့ပါတယ်။
အရှေ့ ပိုင်းခရိုင် တရားရုံးမှာ အယူခံ ၀င် ခဲ့ပေမယ့် တရားရုံးက အယူခံကိုပယ်ချ ခဲ့ပါတယ်။အယူခံကိုတော့ တိုင်းအတိ ဆက်တက်သွားမယ်လို့ ဒါရိုက်တာ စင်ရော် မောင်မောင်က မီဒီယာကို ပြောခဲ့ပါတယ်။