၂၀၂၀ရွေးကောက်ပွဲမှာ သူရဦးရွှေမန်းဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်

Posted on

နိုင်ခြေအလားအလာကောင်းတဲ့ ပါတီဝင်တွေကို နေရာပေး ၊ အခွင့်အရေးပေးခဲ့တယ်လို့ ပြောပါတယ် ။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဌ သူရဦးရွှေမန်းကလာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘဲ နိုင်ခြေအလားအလာကောင်းတဲ့ ပါတီဝင်တွေကို နေရာပေး ၊ အခွင့်အရေးပေးခဲ့တယ်လို့ ပြောပါတယ် ။

၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဇာတိဖြစ်တဲ့ ဖြူးမြို့နယ်အပါအဝင် နေရာသုံးခု စဉ်းစားခဲ့ပေမယ့်လည်း သက်ဆိုင်ရာမြို့နယ်တွေက တင်ပြလာတဲ့ ကိုယ်စားလှယ်လောင်းတွေထဲကပဲ ရွေးချယ်ခဲ့တယ်လို့ဒီနေ့မနက်မှာ မီဒီယာတွေနဲ့ပြုလုပ်ခဲ့တဲ့ Zoom Meeting မှာပြောကြားခဲ့တာပါ။ “လူတစ်ယောက်ထဲ အောင်နိုင်ဖို့ မဟုတ်ဘဲ အများအောင်နိုင်ဖို့လိုပါတယ် ။ ပါတီတာဝန်ရှိသူအနေနဲ့ ပါတီအောင်နိုင်ဖို့ အချိန်ပေးဆောင်ရွက်ရမှာလည်း ရှိပါတယ် ။ ဒါကြောင့် နိုင်ခြေများတဲ့ ကိုယ်စားလှယ်တွေကို အခွင့်အရေးပေး၊နေရာပေးခဲ့တာပါ ” လို့ သူရဦးရွှေမန်းက မီဒီယာတွေကိုပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ မြို့နယ် ၂၆၁ခုကနေကိုယ်စားလှယ်လောင်း ၉၂၇ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ UBP ကိုယ်စားလှယ်လောင်းတွေအဖြစ် အလုပ်သမား၊ တောင်သူလယ်သမားတွေကိုလည်း ရွေးချယ်ထားပြီး အမျိုးသမီး ၊ လူငယ် ၊ မသန်စွမ်းသူတွေကို ပါတီမူဝါဒအရ ရွေးချယ်ထားတယ်လို့လည်းသိရပါတယ်။ UBPပါတီအနေနဲ့ စီးပွားရေးကဏ္ဍမှာဆိုရင် ဈေးကွက်စီးပွားရေးစနစ်အကောင်အထည်ဖော်ရေးကို အဓိက ဦးစားပေးမှာဖြစ်ပြီးလူတိုင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း သြဂုတ် ၇ရက်ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့ ပြန်ကြားရေးအရာရှိ ဒေါ်စုစုလှိုင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *