၂၀၂၀ ထဲမှာ ကြွေလွင့်ခဲ့ကြတဲ့ ကမ္ဘာကျော်ကြယ်ပွင့်များ

Posted on

၂၀၂၀ ဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့လာခြင်းမကောင်းတဲ့နှစ်ဖြစ်သလို ကမ္ဘာပေါ်က အနုပညာ ကြယ်ပွင့်တော်တော်များများ ကြွေလွင့်ရတဲ့နှစ်ဆိုလည်းမမှားပါဘူး။၂၀၂၀ ခုနှစ်ထဲမှာတင် ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တော်တော်များများကွယ်လွန်ခဲ့ရတယ်။ တစ်ချို့ကတော့ ကိုဗစ်-၁၉ ရောဂါနဲ့ဖြစ်ပြီး တစ်ချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့်ကွယ်လွန်ခဲ့ကြတာပါ။ (၁) Kobe Bryant (အမေရိကန်ဘတ်စကတ်ဘောသမားဟောင်း)

လော့စ်ဆန်းဂျယ်လိစ်လိတ်ကာစ် အသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ကမ္ဘာကျော် ဘတ်စကတ်ဘောသမားလည်းဖြစ်တဲ့ ကိုဘီ ဘရိုင်ယန် ဟာ ဇန်နဝါရီ ၂၆ က ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလ်ဘာဆက်စ် က ရဟတ်ယာဉ်ပျက်ကျမှုအတွင်းမှာကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးချိန်မှာ ဘရိုင်ယန် ဟာ အသက် ၄၁ နှစ်အရွယ်ပဲရှိသေးတာဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်းမှာ ဘရိုင်ယန် နဲ့အတူ ၁၃ နှစ်အရွယ်သမီးလေး ဂျီအန်နာ လည်း ကွယ်လွန်ခဲ့ပါတယ်။ (၂) Ken Shimura (ဂျပန်လူမျိုးဟာသသရုပ်ဆောင်)

နောက်တစ်ဦးကတော့ ရှီမူရာကန်စံ လို့ ကျွန်တော်တို့သိကြတဲ့ မစ္စတာ ရှီမူရာကန် ပါ။ ဂျပန်နိုင်ငံရဲ့ ရော်ဘင်ဝီလျံ လို့ ကမ္ဘာကသိကြတဲ့ မင်းသားကြီး ရှီမူရာကန် ဟာ မတ်လ ၂၉ ရက်နေ့မှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ရှင်းဂျုကုပြည်နယ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးဟာ မတ်လ ၂၀ ရက်နေ့မှာ ပြင်းထန်အဖျားရောဂါကိုစတင်ခံစားခဲ့ရပြီး ၂၃ ရက်နေ့မှာတော့ အသက်ရှုစက်ပေးရတဲ့အထိ အခြေအနေဆိုးလာပါတယ်။ အဲ့ဒီနောက် ၂၉ ရက်နေ့မှာတော့ မင်းသားကြီးက သူချစ်တဲ့ပရိသတ်တွေကို ခွဲခွာသွားခဲ့တာဖြစ်ပါတယ်။(၃) Gene Deitch (ကာတွန်းပညာရှင်)

ကလေးဘဝက ကျွန်တော်တို့ အရမ်းကြိုက်ခဲ့တဲ့ Tom & Jerry, Popeye တို့လို ကာတွန်းဇာတ်ကောင်တွေကို ရေးဆွဲဖန်တီးခဲ့တဲ့ ကာတွန်းပညာရှင် ယူဂျင်းမာရေးလ်ဒိုက်ခ်ျ ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ ချက် နိုင်ငံ၊ ပရာ့ဂ်မြို့က သူနေထိုင်ရာတိုက်ခန်းလေးထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ ဂျင်းန် ဟာ အူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပဲကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဒုတိယအိမ်ထောင်ဖြစ်တဲ့ အမျိုးသမီး နဲ့ သားသမီးသုံးဦးကျန်ရစ်ခဲ့ပါတယ်။  (၄) Kenny Rogers (အမေရိကန်လူမျိုး ကျေးလက်ဂီတပညာရှင်)

Islands in the stream, Buy me a rose, The Gambler, She Believes in Me နဲ့ Lady လိုမျိုး ကျေးလက်သီချင်းကောင်းတွေကို ဖန်တီးခဲ့သူ အမေရိကန်လူမျိုး ဂီတပညာရှင် ကင်နီရော်ဂျာ ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ဂျော်ဂျီယာပြည်နယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မစ္စတာ ရော်ဂျာ ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ရှိနေပြီဖြစ်ပြီး သာမန်လူကြီးရောဂါနဲ့ပဲ အေးအေးချမ်းချမ်းကွယ်လွန်ခဲ့တာဖြစ်တယ်လို့ မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။  (၅) Irrfan Khan (အိန္ဒိယလူမျိုးသရုပ်ဆောင်)

Life of Pi နဲ့ Slumdog Millionaire လို ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဘောလီးဝုဒ်မင်းသားကြီး Irrfan Khan ဟာ ဒီကနေ့မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မင်းသားကြီးဟာ အူမကြီးကင်ဆာကို ၂၀၁၈ ထဲကခံစားခဲ့ရပြီး ဒီနေ့မှာပဲ မွမ်ဘိုင်းမြို့က ဆေးရုံကြီးမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီးဟာ သူ့ရဲ့ မိခင်ကိုလည်း ၂၅ ဧပြီမှာဆုံးရှုံးခဲ့ရပြီး အသက် ၉၅ နှစ်အရွယ်မိခင်ကြီးကတော့ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။မင်းသားကြီးရဲ့ ပွဲဦးထွက်ရုပ်ရှင်က Salaam Bombay ဖြစ်ပြီး ၁၉၈၈ မှာ ပြသခဲ့တာပါ။ ၂၀၀၁ မှာတော့ The Warrior ရုပ်ရှင်နဲ့မင်းသားကြီးကို လူသိများလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Slumdog Millionaire, Life of Pi နဲ့ Jurassic World လိုဇာတ်ကားတွေနဲ့ ကမ္ဘာကလက်ခံခဲ့တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။မင်းသားကြီးဟာ အူမကြီးကင်ဆာခံစားနေရပြီးနောက်ပိုင်း ၂၀၁၉ တစ်နှစ်လုံးဆေးကုသမှုတွေခံယူခဲ့ရပြီး သူ့ရဲ့ ကင်ဆာရောဂါနဲ့ပတ်သက်လို့အသေးစိတ်ပြောထားတဲ့ ဗွီဒီယိုတစ်ခုကိုတင်ခဲ့ပါသေးတယ်။ ကွယ်လွန်ချိန်မှာတော့ မင်းသားကြီးက အသက် (၅၃) နှစ်ပဲရှိသေးပြီး ဇနီးသည် Satupa Sikdar ကျန်ရစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *