ပရိသတ်တွေ ကို ရယ်စရာဟာသ video လေးများ နဲ့ တင်ဆက်ပေးရင်း နာမည်ကြီးလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ ဝါသနာ အနပညာပိုးကြောင့် ခုဆိုရင် ကြော်ငြာများစွာ နဲ့ အနုပညာလှုပ်ရှားမှုများစွာ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးက Online ပေါ်မှာ ရယ်စရာဟာသ video လေးတွေရိုက်ရင်း ကနေပရိသတ်တွေအားပေးမှုများလာပြီး ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင် အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပါ။လက်ရှိမှာလည်း ဖွေးဖွေး တို့နဲ့အတူ ရုပ်ရှင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးက သူမ ရရှိတဲ့ အနုပညာကြေးလေးနဲ့ မိဘများနဲ့ သူမရဲ့ မိသားစုကို အလုပ်အကျွေးပြုနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ဖြူဖြူထွေး က သူမရဲ့ ၂၁ နှစ်ပြည့်မွေးနေ့အလှူ ကို သူမရဲ့ ရွာမှာပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ရဲ့ အလှူက အလွန်ကြီးကျယ်ခမ်းနားခဲ့တာပါ။