၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀၀ နီးပါးတွေ့ပြီး ဇယားထိပ်ဆုံးရောက်လာတဲ့ အမေရိကန်

Posted on

နောက်ဆုံးသတင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ 532,224ကျော်နဲ့ သေဆုံးသူ 24,087 ရှိသွားပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ မနေ့ကတစ်ရက်ထဲ ကူးစက်ခံရသူ 20000 သောင်းနီးပါးစံချိန်တင်တွေ့ရှိခဲ့ပြီး 78000 ကျော်နဲ့ သေဆုံးသူ 1100 ကျော် ရှိနေပါပြီ။ဝါရှင်တန်ဆေးတက္ကသိုလ်ရဲ့သုတေသနပြုချက်အရ အမေရိကန်ပြည်ထောင်စုမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးမယ့် ဦးရေဟာ နောက်တစ်လလောက်မှာ ၈ဝဝဝဝ ကျော်ရှိအထိရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို ပြင်းပြင်းထန်ထန် ကာကွယ်တားဆီးတာ မလုပ်နိုင်ရင် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ အသက်ဆုံးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။

မေရိကန်ပြည်ထောင်စု တရားရေးဌာန နံပါတ်၂အရာရှိက ကိုရိုနာဗိုင်းရပ်စ်ကို ရည်ရွယ်ချက်နှင့် တမင်တကာဖြန့်နေသူများသည် အကြမ်းဖက်သမားများအဖြစ် တရားစွဲခံရလိမ့်မည်ဟု ပြောကြားလိုက်ပါတယ်။နိုင်ငံအနှံ့အပြားသို့ ကူးစက်ရောဂါက အရှိန်အဟုန်နှင့် ပျံ့နှံ့နေပြီး စီးပွားပျက်ကပ်အန္တရာယ်ကို စိုးရိမ်နေကြချိန်တွင် ဂျက်ဖရီ ရိုဆင်က အခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ဟာ ဇီဝပစ္စည်းအဖြစ် အဓိပ္ပာယ်ဖွင့်နိုင်တာကြောင့် ရည်ရွယ်ချက်နဲ့ တမင်တကာဖြန့်တဲ့ လုပ်ရပ်တွေဟာလည်း အကြမ်းဖက်မှုသဘောသက်ရောက်ပါတယ်။ အမေရိကန်တွေကို တိုက်ခိုက်ဖို့ Covid-19 ကို လက်နက်အဖြစ် အသုံးချဖို့ ကြိုးစားမှုမှန်သမျှကို သည်းခံမှာ မဟုတ်ပါဘူး”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

စီးပွားရေးပညာရှင်တွေကလည်း စီးပွားရေးပျက်ပြားမှုဟာ မဟာဆုတ်ကပ်ကြီးကိုတောင် ကျော်သွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။ “မေးခွန်းကတော့ လူမှုရေး ခွာမှုက ဘယ်လောက်ကြာမြင့်မှာလဲ။ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့ စမ်းတဝါးဝါး သွားနေကြတာ။ ကြုံခဲ့ဖူးသမျှနဲ့ တကယ်ကို ခြားနားပါတယ်။ ကြာလေ ပိုပြီး ခွာလေ ဖြစ်လာမယ်။ အလုပ်တွေ ပိုပိုပြီး ရပ်လာမယ်။ အလုပ်လက်မဲ့တွေလည်း ပိုပိုပြီးများလာမယ်။ ဆေးပညာနယ်ပယ်မှာ ကံကောင်းရင်တော့လည်း မြန်မြန်ဆန်ဆန် နလံထူလာမယ်။ ကံမကောင်းဘူးဆိုရင်တော့လည်း ပိုဆိုးလာမယ်ပေါ့”လို့ စီးပွားရေးပညာရှင် လူးဝစ် ရှိန်းနားက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *