၂ နှစ်ဆက်ချန်ပီယံဖြစ်လို့  ဝမ်းသာကြောင်းပြောပြလာတဲ့ သက်ထားသူဇာ

Posted on

Uganda International Series 2020 ပြိုင်ပွဲအပြီးမှာတော့ မြန်မာတွေရဲ့အသည်းကို ဒုတိယအကြိမ် ကိုင်လှုပ်ပြီး အောင်မြင်မှုတွေ ရယူခဲ့တဲ့ ၂ နှစ်ဆက် ချန်ပီယံမလေး သက်ထားသူဇာ တစ်ယောက်အရမ်းပျော်ရွှင်နေပါပြီဟု သူမရဲ့လူမှုစာမျက်နှာကနေ ပရိတ်သတ်တွေကို ပြောလိုက်ပါတယ်။

ပြိုင်ပွဲအပြီးမှာတော့ အိန္ဒိယသူလေးကို ၂-၁ ဖြင့်အနိုင်ရရှိထားတဲ့ ချန်ပီယံမလေးက သူမရဲ့ရင်တွင်းစကားလေးတွေကို အခုလိုပြောခဲ့တာပဲဖြစ်ပါတယ်။ “Uganda International Series 2020 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါပြီရှင့်… ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်နေပါတယ်ရှင့်… အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Olympic ဝင်ခွင့်ရရေးအတွက် အစွမ်းကုန် ဆက်လက်ကြိုးစားသွားပါမယ်” ဟုပရိတ်သတ်တွေကို ကျေးဇူးတင်ရင်း ကတိစကားဆိုခဲ့တာပဲဖြစ်ပါတယ်။

သက်ထားသူဇာရဲ့ပြောစကားအရ သူမဟာ ယခုပြိုင်ပွဲအပြီးတွင် မြန်မာပြည်ကိုပြန်လာဦးမှာမဟုတ်ပဲ ၂၇-၂-၂၀၂၀ မှ ၁-၃-၂၀၂၀ အထိကျင်းပမယ့် Kenya International Future Series 2020 မှာသွားရောက်ယှဉ်ပြိုင်ဦးမယ်လို့သိရပါတယ်။ ဒါကြောင့် သက်ထားသူဇာတစ်ယောက် မနက်ဖြန် ကင်ညာနိုင်ငံကို သွားရောက်ပြီး နောက်ထပ်ပြိုင်ပွဲတစ်ခု ဆက်လက်ယှဉ်ပြိုင်တော့မှာမို့ အရမ်းကြိုးစားနေတဲ့ မြန်မာ့ချန်ပီယံမလေးကို အားပေးရမယ်ဆိုတာက သမိုင်းပေးတာဝန်တွေထဲက တစ်ခုဖြစ်လာခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *