(၃၀)ပြည့်သွားပြီဖြစ်တဲ့ သုသုရဲ့ မွေးနေ့မှာ မိဘမဲ့ကလေးများနှင့် အခြေခံလုပ်သား (၁၀၀)အတွတ် မွန်မြတ်လှတဲ့ အလှူ

Posted on

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယခုနှစ်ပိုင်းတွေမှာ များစွာ ရရှိခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ပိုင်ဖြိုးသုက ယနေ့မှာကျရောက်တဲ့ သူ့မွေးနေ့အတွက် မွန်မြတ်လှတဲ့ ကုသိုလ်တွေကို ခင်ပွန်းဖြစ်သူနဲ့ အတူ ပြုလုပ်ခဲ့ပါတယ်။ သူမဟာ YGW ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ နို့စို့အရွယ်ကလေး အယောက်၆၀အတွက်နို့မှုန့်အရေးတကြီးလိုအပ်နေတာကြောင့် နှို့မှုန့်ဘူး ၁၆၈ဘူးနဲ့အတူ Diaper, baby wipesနဲ့ ဆန်၊ဆီ တို့သွားရောက်လှူဒါန်းခဲ့တယ်လို့ေပြောပြလာပါတယ်။

သူမပြောပြခဲ့တာကတော့ ” ဒီနေ့သုသုရဲ့အသက်၃၀ပြည့်မွေးနေ့မှာ မနက်စောစောကို တိုက်ကြီးမြို့အလွန် သနပ်ချောင်းအုပ်စုက YGW ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ နို့စို့အရွယ်ကလေး အယောက်၆၀အတွက်နို့မှုန့်အရေးတကြီးလိုအပ်နေတယ်လို့သိရလို့ နှို့မှုန့်ဘူး ၁၆၈ဘူးနဲ့အတူ Diaper, baby wipesနဲ့ ဆန် ဆီ တို့သွားရောက်လှူဒါန်းခဲ့ပါတယ်…”

“မွေးနေ့အတွက်အလှူလုပ်မယ်ဆိုတော့ အရမ်းလိုအပ်နေတဲ့မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာသွားလှူချင်တဲ့သုသုကို ဒီကျောင်းလေးရှိတယ်ဆိုပြီး ညွှန်ပေးခဲ့တဲ့ မေမေ့သူငယ်ချင်း ဦးနေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…သုသုနဲ့အတူ အလှူလိုက်ပြုပေးတဲ့ Happy Mammy Diaper နဲ့ Baby wipes ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်….ဒီကျောင်းလေးမှာ တကယ်ကိုလိုအပ်နေတာမို့ အလှူပြုချင်တဲ့မိတ်ဆွေသူငယ်ချင်းများလည်း နောင်ကိုလှူလို့ရအောင်သုသု သူတို့ pageရဲ့ linkလေးလည်းcommentမှာထည့်ထားပေးပါ့မယ်ရှင်”

“YGW ကျောင်းကပြန်လာတော့ သုသုတို့အိမ်နားဝန်းကျင်မှာရှိတဲ့ ခုလိုချိန်မှာအိမ်မှာမနေနိုင်ဘဲအလုပ်လုပ်နေရကြတဲ့ စည်ပင်လုပ်သားများ ဆိုက်ကားဆရာများ ဆောက်လုပ်ရေးလုပ်သားများ အယောက် ၁၀၀ ကိုနေ့လယ်စာများလိုက်လံလှူဒါန်းခဲ့ပါတယ်  ဒီကနေ့ပြုသမျှကုသိုလ်ကြောင့် အသက်ရှင်နေသမျှကာလမှာ သူများကိုဒီ့ထက်ပိုမျှဝေနိုင်သောသူဖြစ်ပါရစေ ”လို့ ဆိုကာ သူမရဲ့အလှူအတွက် သူ့ကိုယ်သူ ဆုတောင်းပေးလိုက်ပါသေးတယ်။

ပိုင်ဖြိုးသုဟာ သရုပ်ဆောင်ပီပြင်လှတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို စိန်ခေါ်ရိုက်ကူးတက်တဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။

သူက သရဲမ ဘီလူးမ မိန်းမပျို ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပြီး မီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ကတော့ ပရိသတ်ကပေးတဲ့ ရင်ထဲကအကယ်ဒမီတွေကို ရရှိခဲ့သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *