အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ ရုပ်ရှင်နှင့်သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင် ပီပြင်လွန်းတာကြောင့် ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာပေါက်လေးက နန်းဆန်လွန်းတဲ့အပြင် မျက်လုံး၊ မျက်ခုံး တွေက လှပပြီး ဖူးနေတဲ့ နှုတ်ခမ်းလေးကြောင့်လဲ ပရိတ်သတ်တွေက သူမအပေါ် အချစ်တွေ ပိုနေခဲ့ရတာပါ။
သူမဟာ အနုပညာမျိုးရိုးလဲ ရှိတာကြောင့် သရုပ်ဆောင်ပိုင်းမှာတော့ ပြောစရာမလိုအောင်ကို ပီပြင်လွန်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင် မင်းသားချော နေတိုးနဲ့ ရိုက်ကူးခဲ့တဲ့ “မိုးညအိမ်မက်မြူ” ဇာတ်ကားနဲ့လဲ အကယ်ဒမီဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ ခုတခါမှာတော့ သူမက ၆တန်းနှစ်ကျောင်းသူအရွယ်တုန်းက အေရိုးဗစ်ပြိုင်ပွဲဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်ကြီးအတွက် သူမရဲ့ Facebook စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
သူမက “မှတ်မိသေးတယ်.၆တန်းကျောင်းသူအရွယ်..အေရိုးဗစ်ပြိုင်ပွဲဝင်ချင်တဲ့သူစာရင်းပေးပါဆိုတော့…အေးရိုးဗစ်ကချင်တယ်ပြိုင်ချင်တယ်ဆိုပြီးကို့ဘာသာစာရင်းပေးခဲ့တယ်..(မေမေတို့ကအိမ်ရောက်မှသိရတာ)နေ့လည်လောက်ဆိုရင်အကလေ့ကျင့်ရပြီ….အရမ်းပျော်တာဘဲ.တစ်ရက်ကျတော့ဆရာမကကိုယ့်ကိုခေါင်းဆောင်ရွေးလိုက်ပါလေရော….အဲ့ဒါနဲ့အေရိုးဗစ်ခေါင်းဆောင်ဖြစ်ပြီးတော့ဒီဇင်ဘာလဆိုရင်…ကျောင်းအလိုက်လွတ်လပ်ရေးကွင်းထဲမှာအေရိုးဗစ်ကကြရတယ်…ပျော်ခဲ့ရတဲ့အမှတ်တရလေးတွေပေါ့နော်….ဒီပုံလေးပြန်တွေ့တာနဲ့သတိရသွားလို့အမှတ်တရတင်လိုက်ပါတယ်ရှင်..ဆိုပြီး ချစ်စရာ သူမရဲ့ ငယ်ရွယ်တဲ့ ပုံရိပ်လေးကို မျှဝေပေးထားပါတယ်။