နိုင်ငံကျော် မင်းသမီးကြီး မေသန်းနုနဲ့ ဒါရိုက်တာ ဇင်ရော်မောင်မောင်ရဲ့ သားဖြစ်သူမင်းသန့်မောင်မောင်က မိခင်နဲ့ ဖခင်ရဲ့ အနုပညာသွေး အပြည့်အဝပါဝင်သူတစ်ဦးပါမင်းသန့်မောင်မောင်က အမေရိကားမှာ အနုပညာကျောင်းကိုတက်ရောက်ပြီးအခုဆို မြန်မာနိုင်ငံမှာအနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
မိဘနှစ်ပါးအားကိုးထိုက်တဲ့ သားဖြစ်တဲ့ မင်းသန့်မောင်မောင်က ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမိဘကျေးဇူးဆက်ဖို့အတွက် သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။(၇)ရက်တာ တရားအားထုတ်ပြီးနောက် ဒုလ္လဘရဟန်းအဖြစ်မှ လူဝတ်အဖြစ်သို့ ပြန်လည်ကူးပြောင်းခဲ့ပြီဖြစ်တဲ့ မင်းသန့်မောင်မောင်ကဒုလ္လဘရဟန်းအဖြစ်မှ လူဝတ်အဖြစ်သို့ ယနေ့ကျွန် တော် ပြန်လည်ကူးပြောင်းခဲ့ပါတယ်။(၇)ရက်တာအတွင်း ကျွန်တော် ကျင့်ကြံအားထုတ်ခဲ့သော ကုသိုလ်အပေါင်းတို့အားချစ်စွာသော ပရိသတ်အပေါင်းတို့ကိုအမျှ အမျှ အမျှ ပေးဝေပါတယ်