(၉)လပိုင်းမှာ အခြေခံလူတန်းစားတွေအတွက် အလှူကြီးတစ်ခုလှူဒါန်းသွားဖို့ စီစဉ်နေတဲ့ ယုန်လေး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဂယက်တွေ ပြီးတဲ့ နောက်မှာ ပုံမှန်လုပ်နေခဲ့သလို အလှူအတန်းတွေကို ပြန်လည်လုပ်ဆောင်နေခဲ့ပါတယ်။ မနေ့ကလည်း ယုန်လေးက သိမ်ကြီးဈေးမှာ သစ်သီးရောင်းနေတဲ့ အဖွားနဲ့ လမ်းမှာတွေ့တဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ပါတယ်။

ယုန်လေးက သူ့ရဲ့ မွေးနေ့လေလေးဖြစ်တဲ့ (၉)လပိုင်းမှာလည်း အလှူကြီး တစ်ခုပြုလုပ်သွားဖို့ရှိတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ “မွေးလ စတဲ့ (၉) လ ပိုင်း (၁) ရက်နေ့မှာ အကုန်ပီတိဖြစ်စေမယ့် အလှူလေးရှိပါတယ်။ အဲ့အတွက် ရှေ့ တစ်ပတ်လောက်မှာ ကျွန်တော် နဲ့ ကျွန်တော့်ကို ချစ်တဲ့ လူတွေ အဲ့အလှူလေး ပိုထိရောက်ပြီး တကယ်ကြည်နူးဖို့အတွက် ညောင် ၁၀ ပင်ဓိဌာန် ၁ရက် ဝင်ပါမယ်။

အတူတူ ဝင်မယ့်လူများ ရှိသလို နေရာ အခက်ခဲကြောင့်ဆိုရင်လည်း . အဆင်ပြေတဲ့ နေရာမှာ ဝင်ပေးပါ။ဒါမှ မဟုတ် ဒီအလှူလေး အထမြောက်ဖို့ ကိုယ့်ယုံကြည်ရာ ကိုယ့်ကိုးကွယ်ရာ ဆုတောင်းပေးပါနော်။ အလှူ နည်းနည်း ကြီးမယ် ဖြစ်တဲ့ အတွက် အလှူလည်း ခံပါမယ်။အစီစဉ်ကတော့ ကြိုမပြောချင်သေးလို့ပါ။အဓိကကတော့ ကျွန်တော်တို့ကို ချစ်တဲ့ အခြေခံလူတန်းစားတွေ အတွက်ပေါ့”ဆိုပြီး အလှူလေးဖြစ်မြောက်ဖို့ အဓိဋ္ဌာန်ဝင်ရောက်မှာဖြစ်ပြီး ပရိသတ်တွေလည်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *