ကြက်တောင်စည်းဆံပင်ကေလေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ နေတိုး

Posted on

နိုင်ငံကျော် မင်းသားချော နေတိုးက ငယ်စဉ် မော်ဒယ်စလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ဖြည်းဖြည်း နာမည်ကြီးလာရာမှ အခုဆိုရင် နိုင်ငံကျော်မင်းသားတစ်ဦးအဖြစ် အောင်မြင်နေသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ နေတိုးက အကယ်ဒမီဆုကြီး (၃) ဆုတိတိကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

နေတိုးက Covid – 19 ကြောင့် အပြင်မထွက်ရသလို သူ့ကို လွမ်းနေကြရှာတဲ့ ပရိသတ်တွေအတွက်လည်း အလွမ်းပြေအောင် ဖန်တီးထားပေးတာကို တွေ့ရပါတယ်။ နေတိုးက ကြက်တောင်စည်းဆံပင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ အသက်သုံးဆယ်ကျော်အရွယ်ရောက်နေတာတောင် လူငယ်လေးတစ်ယောက်လို ချစ်စရာကောင်းနေဆဲပါပဲ။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပုံလေးတွေကိုကြည့်ပြီး အလွမ်းတွေ ပြေသွားလောက်ပါပြီလို့ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *