မြန်မာဆန်တဲ့ မျက်နှာကျနဲ့ ကျော့ရှင်းတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ အလှမယ် ဟန်လေးကတော့ ပွင့်လင်းရိုးရှင်းလွန်းတဲ့ သူမရဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေအချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်။
ဟန်လေးကတော့ မိသားစုရဲ့ သမီးကြီးတစ်ယောက်ပီပီ အလုပ်တွေတစ်ဖက်နဲ့ မိသားစုတာဝန်တွေကို ထမ်းဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အလုပ်တွေကြိုးစားလုပ်ကိုင်တဲ့ ဟန်လေးကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးကြလျက် ရှိပါတယ်။
မိသားစုကို ချစ်သလို တာဝန်တွေကိုလည်း မလစ်ဟင်းရအောင် ထမ်းဆောင်နေတဲ့ ဟန်လေးက ဒီကနေ့မှာတော့ သူမရဲ့ စိတ်ခံစားချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ မျှဝေလာတာပဲ ဖြစ်ပါတယ်။ ဟန်လေးက အိမ်ကအမေရယ် ဖိအားတွေမပေးပါနဲ့လား။