ချစ်စရာကောင်းတဲ့ သားနဲ့ သမီးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားကြသူတွေကတော့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင် နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင် တွေအဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာလည်း သရုပ်ဆောင်ပီပြင်မှုတို့ ကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်လုံးဟာ အလုပ်တွေများတဲ့ကြားထဲက သားသမီးတွေအပေါ်မှာလည်း လစ် ဟင်းမှုမရှိရအောင် ဂရုစိုက်ပေးတာကြောင့်လည်း အားလုံးက ချီုးကျုးနေကြတာပါ။
သုသုနဲ့ ဖိုးဓီဟာလည်း ပြောစရာမလိုအောင် လိမ္မာလွန်းတာကြောင့်လည်း အူဝဲတို့ ဇနီးမောင်နှံနှစ် ယော က်လုံး ကြည်နူးပီတိဖြစ်နေရတာပါ။ လတ်တလောမှာတော့ မိသားစုတွေအတူတူ အိမ်မှာနေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။
အခုမှာလည်း အိန္ဒြာကျော်ဇင်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခြံထဲကသရက်သီးတွေကို တက်ညီလက်ညီခူးနေကြတဲ့ ပြေတီဦတို့သား အ ဖသုံးယောက်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ” သားအဖသုံးယောက် သရက်သီးခူးတာ ကမ် ဘာပျက်နေကြတာ ” ဆိုပြီး အူဝဲက ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပြေတီဦးတို့ သားအဖသုံးယောက်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။