ဂြိုလ်တုဓါတ်ပုံတွေအရ ကင်ဂျုံအမ်စီးနှင်းတဲ့ရထားကနေတဆင့် သူဘယ်မှာရှိနေလဲဆိုတာ သိရှိခဲ့

Posted on

ဝါရှင်တန်အခြေစိုက် မြောက်ကိုရီးယားစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ ကင်ဂျုံအမ်စီးနှင်းနေကြဖြစ်တဲ့ အထူးရထားဟာ လတ်တလောကင်ဂျုံအမ်အနားယူနေရတယ်ပြီး သတင်းထွက်နေတဲ့မြို့မှာ ရပ်တန့်ထားတာတွေ့ရပါတယ်။ 38 North လို့အမည်ပေးထားတဲ့ ထိုအဖွဲ့ရဲ့စနေ့နေ့က ထုတ်ပြန်ချက်အရ Wonsan မြို့က မြောက်ကိုရီးယားခေါင်းဆောင်မိသားစုစီးနှင်းတဲ့ ရထားတွေသာ ဆိုက်ကပ်တဲ့ဘူတာမှာ ကင်ဂျုံအမ်စီးနှင်းနေကြ ရထားဆိုက်ကပ်ထားတာကို ဧပြီ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ယခုလိုတွေ့ရှိမှုအရ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ကျန်းမာရေးဆိုးရွားနေတယ်လို့ မပြောနိုင်ပေမယ့် မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ အပန်းဖြေရိပ်သာမှာ ကင်ဂျုံအမ်ရောက်ရှိနေတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ မြောက်ကိုရီးယားမီဒီယာတွေမှာ ကင်ဂျုံအမ်ကိုနောက်ဆုံးတွေ့ခဲ့ရတာကဧပြီလ ၁၁ ရက်နေ့ကဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောသတင်းတွေအရ တရုတ်ကျန်းမာရေးပညာရှင်တွေပါဝင်တဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

ကင်ဂျုံအမ်ဟာ မြောက်ကိုရီးယားရဲ့ သုံးဆက်မြောက်အုပ်ချုပ်သူဖြစ်ကာ သူ့ဖခင်ဆုံးပါးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက တိုင်းပြည်တာဝန်လွှဲပြောင်းယူခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လက်နက်တွေများစွစမ်းသပ်ခဲ့ပေမယ့် နြူလက်နက်နဲ့ပတ်သတ်ပြီးတော့ ပိုမိုအောင်မြင်တဲ့လမ်းစတော့မတွေ့ရှိ့ရသေးဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ သူ့လက်ထပ်မှာ အမေရိကန်နဲ့နြူလက်နက်ဖျက်သိမ်းရေးသုံးကြိမ်ဆွေးနွေးခဲ့ပေမယ့် ထိရောက်တဲ့ရလဒ်မရရှိခဲ့ပါဘူး။ကင်ဂျုံအမ်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး ကမ္ဘာကစိတ်ဝင်စားနေပေမယ့် မြောက်ကိုရီးယားရဲ့ တင်းကျပ်တဲ့သတင်းတွေကြောင့် ကင်ဂျုံအမ်ဘယ်မှာရှိနေလဲဆိုတာတောင် ခန့်မှန်းလို့မရဖြစ်နေတာပါ။တောင်ကိုရီးယားအခြေစိုက် Daily NK ကတော့ မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ သူတို့သတင်းပေးရဲ့အဆိုအရဆို ကင်ဂျုံအမ်ဟာ ပြုံးယမ်းရဲ့မြောက်ဘက် Hyangsanမြို့အပန်းဖြေအိမ်ယာမှာရောက်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတယ်လို့ သိရပါတယ်။ သို့ပေမယ့် 38 North ရဲ့အဆိုအရတော့ ကင်ဂျုံအမ်ဟာ Wonsan မှာလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *