ဖြိုးမြတ်အောင်ရဲ့ စိတ်သဘောထားကြီးမြတ်မှုတွေကို ပြောပြကာ ကျေးဇူးတင်စကားဆိုလိုက်တဲ့ အက်စတာ

Posted on

မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါအစီအစဉ်ရဲ့ Season (4) Winner ဆုရှင် အက်စတာဒေါ့ချင်းဆုန်ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါနော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ အက်စတာဟာ အနုပညာခရီးလမ်းမှာ အောင်မြင်မှုတွေနဲ့ စတင်ပြီး ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်အဆိုတော်မလေး ဖြစ်လို့နေပါပြီ..။ အနုပညာအလုပ်တွေကို ပြိုင်ပွဲပြီးထဲက တောက်လျှောက်လုပ်ကိုင်နေခဲ့တဲ့ အက်စတာကတော့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၂)ကြိမ်မြောက် ချင်းပြည်နယ်နေ့ (Chin National Day) ထန်တလန်မြို့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

အက်စတာကတော့ သွားရောက်ဖျော်ဖြေခဲ့တဲ့ ချင်းပြည်နယ်နေ့ ဖျော်ဖြေပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရခဲ့တာကြောင့် သူမဘဝအတွက် မှတ်တမ်းလေးတစ်ခုအဖြစ် ကျန်ရှိခဲ့ရပြီး အမေစုရဲ့ ရှေ့မှာ “ငါတို့ရဲ့ General” သီချင်းကို မူရင်းအဆိုတော် ဖြိုးမြတ်အောင်က သဘောထားကြီးကြီးနဲ့ သီဆိုဖျော်ဖြေခွင့် ပေးခဲ့တဲ့အကြောင်းလေးကို ကျေးဇူးတင်စကားဆိုကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်…။ ဖြိုးမြတ်အောင်ရဲ့ “ငါတို့ရဲ့ General” သီချင်းနဲ့လေးစားအားကျရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေစုရှေ့မှာ သီဆိုဖျော်ဖြေခွင့်ရခဲ့လို့ အက်စတာလေးတစ်ယောက်ကတော့ ဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်မယ်ဆိုတာ အသေအချာပါပဲနော်.။

ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ကိုယ်ပိုင်သီချင်းကို ချစ်ရတဲ့ အိုင်ဒေါအဖွဲ့ဝင် ဂျူနီယာလေးအက်စတာအတွက် သဘောထားကြီးကြီးနဲ့ သီဆိုခွင့်ပေးတဲ့ စိတ်ကတော့ လေးစားဖို့ကောင်းပါတယ်နော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးရော ချစ်စရာကောင်းပြီး လေးစားဖို့ကောင်းတဲ့ မြန်မာအိုင်ဒေါရဲ့ Winner ဆုရှင်တွေဖြစ်တဲ့ ဖြိးမြတ်အောင်နဲ့ အက်စတာတို့ကို ချစ်ရင် အားပေးစကားလေးတွေ ပြောသွားပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *