နိုင်ငံဒုက္ခ ရောက်နေချိန်မှာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကိုရီးယား ဆယ်လီများ

Posted on

တောင်ကိုရီးယား ကတော့ တရုတ်နိုင်ငံ ပြီးရင် Covid-19 အန္တရာယ် နဲ့ အဆိုးရွားဆုံး ရင်ဆိုင် နေရတဲ့ နိုင်ငံပါ။ရောဂါ ကူးစက်ပျံ့ ပွားမှုတွေ ကို အတက်နိုင်ဆုံး ထိန်းချုပ် နိုင်ဖို့ ကိုရီးယား အစိုးရ က ကြိုးစား ပေးနေပါတယ်။ရောဂါဖြစ်ပွားမှုရဲ့ (၉၀)ရာခိုင်နှုန်းကတော့ Daegu  မြို့ကပါ။နိုင်ငံ အကြပ်အတည်း တွေ့ နေချိန် မှာတော့ Daegu မြို့ခံ ကိုရီးယား အနုပညာရှင် ဆယ်လီ တွေ က ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေ ကို သူတို့ တက်နိုင်တဲ့ ဘက်က  နေ အတက် နိုင် ဆုံး ကြိုးစားကူညီပေးခဲ့ကြပါတယ်။ရောဂါ ကာကွယ်တိုက်ဖျက်ရေးနဲ့ ကုသ ရေး အတွက်  ငွေ လှူဒါန်းပေးခဲ့တာတွေ ရှိသလို စီးပွားရေး အခက်အခဲနဲ့ ရင်ဆိုင်နေရ ချိန် မို့  အခန်းငှားခ တွေ ကို လျော့ ချ ပြီး ကူညီပေးခဲ့တာတွေ လည်းရှိပါတယ်။ရောဂါ တိုက်ဖျက်၊ကုသ ရေး အတွက် ကူညီပေးခဲ့သူတွေ ကတော့။

Daegu မြို့မှာ မွေးဖွားခဲ့တဲ့ အနုပညာရှင်တွေ ကတော့ ချက်ချင်းဆိုသလို လှူဒါန်းမှုတွေ ကို လုပ်ခဲ့ပါတယ်။BTS အဖွဲ့ ၀င် Suga ကတော့  ကိုရီးယားဝမ် ငွေ သန်းတစ်ရာ (US$83,000) ကို Hope Bridge Korea Disaster Relief Association ကို လှူဒါန်းပေးခဲ့ပါတယ်။ဒါ့အပြင် BTS Fan တွေ ကလည်း သူတို့ရဲ့ လက်မှတ် ရန်ပုံေ ငွ တွေ ကို Hope Bridge အဖွဲ့ အစည်းကို လှူ ခဲ့ပါတယ်။လှူဒါန်း ငွေ ကတော့ ၀မ်သန်း (၄၀၀)ပါ။

Red Velvet ရဲ့ ခေါင်းဆောင် Irene ကလည်း သူမရဲ့ မွေးရပ်မြေ  Daegu  ကို ၀မ် သန်း တစ်ရာ လှူခဲ့ပါတယ်။Daegu မြို့မှာရှိတဲ့ Social Welfare Community Chest ကို လှူခဲ့တာပါ။တခြား အဖွဲ့ဝင် တွေ ဖြစ်တဲ့ Seulgi, Joy ၊ Yeri တို့ ကလည်း ၀မ်သန်း (၃၀) လှူခဲ့ပါတယ်။

Parasite ရဲ့ဒါရိုက်တာ  Bong Joon-ho ကလည်း Daegu  မြို့ သားပါ။Hope Bridge Korea Disaster Relief Association ကို ၀မ်သန်း တစ်ရာ လှူခဲ့ပါတယ်။သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ Barunson E& ကလည်း ၀မ်သန်း တစ်ရာ ထပ်လှူခဲ့ပါတယ်။

Son Ye-jin  ကလည်းDaegu  မြို့ မှာပဲ မွေးဖွားကြီးပြင်းခဲ့သူပါ။ Community Chest of Korea ကို ၀မ် သန်း တစ်ရာ လှူခဲ့ပါတယ်။Crash Landing On You ဇာတ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ Studio Dragon ကလည်း  ၀မ် သန်း တစ်ရာ လှူခဲ့ပါတယ်။

SM Entertainment ကလည်း Hope Bridge Disaster Relief Association ကို ၀မ် သန်း ငါးရာ လှူခဲ့ပါတယ်။Super Junior အဖွဲ့ဝင် Eunhyuk ကလည်း  အဲ့ ဒီ အဖွဲ့အစည်းကိုပဲ ၀မ်သန်း တစ်ရာ လှူခဲ့ပါတယ်။ JYP Entertainment ကုမ္ပဏီ ကလည်း ၀မ် သန်း (၅၀၀) လှူခဲ့ပါတယ်။JYP ရဲ့ အောက်မှာ အနုပညာ အလုပ် လုပ် နေကြတဲ့ Twice, ထိုင်ဝမ်အဆိုတော် Tzuyu, ရက်ပ်ပါ အဆိုတော် Dahyun ၊ Nayeon  တို့ ကလည်း ၀မ် သန်း (၅၀) လှူခဲ့ပါတယ်။

Girls’ Generation အဖွဲ့ ၀င်  Yoona ကလည်း Community Chest of Korea ကို ၀မ်သန်း တစ်ရာ လှူခဲ့ ပါတယ်။

EXO အဖွဲ့ ၀င်တွေ ဖြစ်တဲ့  Suho  က Community Chest of Korea ကို ၀မ်သန်း (၅၀) ၊Kai ကလည်း Hope Bridge အဖွဲ့ အစည်းကို ၀မ်သန်း (၅၀) လှူခဲ့ပါတယ်။2PM အဖွဲ့ ၀င် Junho ကလည်း ၀မ် သန်း (၅၀) လှူခဲ့ပါတယ်။

IU  ကတော့ အစိုးရ မဟုတ်တဲ့ အရပ်ဘက်ည အဖွဲ့ အစည်း Good Neighbors ကို ၀မ်သန်း တစ်ရာ လှူခဲ့ပါတယ်။ MONSTA X  ကလည်း ၀မ်သန်း တစ်ရာ၊Girl’s Day ရဲ့  Hyeri  ကလည်း   Save the Children ကို ၀မ် သန်း တစ်ရာ လှူခဲ့ပါတယ်။

Kang Daniel နဲ့  Apink’ အဖွဲ့ဝင် Na-eun   တို့က ၀မ်သန်း(၅၀)၊ TVXQ ရဲ့ Yunho, ASTRO ရဲ့  Cha Eun-woo,   Zico  တို့ ကတော့ ၀မ်သန်း (၃၀) လှူခဲ့ပါတယ်။ Sistar အဖွဲ့ ၀င်  Soyou ၊Chungha တို့ညက ၀မ်သန်း (၂၀)လှူခဲ့ပါတယ်။ Got7’ ရဲ့  JB ၊WINNER ရဲ့  Kim Jin-woo, Wonder Girls အဖွဲ့ ၀င်  ဟောင်း  Sunmi တို့ ကတော့ ၀မ် (၁၀)သန်းစီ လှူခဲ့ပါတယ်။ Kim Eana က တော့ ၀မ် (၁၀) သန်း လှူ ခဲ့ပါတယ်။

T-ARA အဖွဲ့ ၀င်  Hyomin  က တော့ Mask အခု (၃) ထောင်၊Super Junior  ကတော့ Mask အခု တစ်သောင်း၊ B.I  ကတော့ Mask အခု တစ်သိန်း လှူခဲ့ပါတယ်။

စာဖတ်သူတွေလည်း လက်ရှိ ဖြစ်နေတဲ့ ရောဂါဆိုး အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လူထူထပ် တဲ့ နေရာတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြပါ။လက်ကို မကြာခဏသေချာဆေးကြောသန့်ရှင်းပေးပါ။ အားရှိတဲ့ အစားအစာတွေကို စားပြီး အိပ်ရေးဝအောင်အိပ်ကြနော်။

Leave a Reply

Your email address will not be published. Required fields are marked *