နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ တစ်ယောက်တစ်လေမျှမရှိဟု မြောက်ကိုရီးယားအခိုင်အမာပြောဆို

Posted on

ကမ္ဘာ တစ်ဝှမ်း Covid-19 ကူးစက်ခံရသူ ဦးရေ တစ်သန်းနီးပါးကပ်လာကာ နိုင်ငံ‎ပေါင်း ၂၀၀ ကျော်သို့ ပြန့်နှံ့နေပေမယ့် မြောက်ကိုရီးယားနိုင်ငံတွင်းကူးစက်ခံရသူ လုံးဝမရှိဟု မြောက်ကိုရီးယားသတင်းတစ်ခုအရ သိရပါတယ်။

သူတို့ဘက်ကကြည့်ရင်လည်း ရောဂါစတင်အခြေတည်ချိန် ဇန်နဝါရီလကတည်းက တရုတ်နယ်စပ်ကို ပိတ်လိုက်ခြင်း၊ သံသယလူနာတွေ နိုင်ငံခြားသားတွေကို သီးသန့်နေစေခြင်းနဲ့ ရောဂါစမ်းသပ်ခြင်း လုပ်ငန်းစဉ်တွေဟာ အောင်မြင်ခဲ့ပုံရပါတယ်။ ယခုသတင်းကို မြောက်ကိုရီးယား ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန အကြီးအကဲ Pak Myong Su ထံမှ ကြားသိရတာဖြစ်ပါတယ်။

” ကျွန်တော်တို့ဆီမှာ ယခုအချိန်အထိ ရောဂါကူးစက်ခံရသူမရှိပါဘူး။ ကျွန်တော်တို့ရောဂါရှာဖွေရေးနဲ့ ထိန်းချုပ်ရေးကို စနစ်တကျလုပ်ဆောင်ခဲ့ပါတယ်။ ” လို့ Pak ကပြောပါတယ်။သို့သော်လည်း လေ့လာသူတွေကတော့ မြောက်ကိုရီးယားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဆေးပညာမလုံလောက်မှုဟာ Covid-19 ကို အလွယ်တကူတားဆီးနိုင်မှာမဟုတ်ဘူးလို့ ဆိုကြသလို ရလဒ်ကို ထိန်ချန်ထားတယ်လို့လည်း သူတို့က ထင်ကြေးပေးနေကြပါတယ်။ဒါ့အပြင် အမေရိကန် သမ္မတ ထရန့်ကလည်း မြောက်ကိုရီးယားထံမှာ ကူးစက်သူမရှိတာကို မယုံကြည်ပဲ လိုအပ်ပါက ပူးပေါင်းကူညီပေးမယ်လို့တောင် စာရေးအကြောင်းကြားခဲ့ပါသေးတယ်။ သမ္မတ ထရန့်ရဲ့ ကမ်းလှမ်းမှုကိုငြင်းခဲ့ပေမယ့် မြောက်ကိုရီးယားဟာ ရုရှားထံမှ ရောဂါစစ်ဆေးရေးကိရိယာအစုံ ၁၅၀၀ အကူအညီတောင်းခံခဲ့ပါတယ်။

UN အဖွဲ့ကလည်း မြောက်ကိုရီးယားကို စမ်းသပ်ကိရိယာတွေ၊ face masks တွေ ကူညီပေးချင်တာကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးခဲ့ပါတယ်။ ဒီအကူအညီကို လက်ခံဖို့ မြောက်ကိုရီးယားက လှိုက်လှိုက်လှဲလှဲ မရှိနေတာ ကိုလည်းတွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အကယ်လို့ မြောက်ကိုရီးယားအနေနဲ့ အရေးပေါ်အကူအညီလိုအပ်လာလျှင် ထောက်ပံ့ပေးဖို့ အမေရိကန်ဒေါ်လာ ၉ သိန်း ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *