နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ကိုဗစ်ကူးစက်ခံရပေမဲ့ သမ္မတထရန့် ကိုဗစ်အန္တရာယ်မရှိဟုဆို

Posted on

သမ္မတ သို့မဟုတ် ဒုသမ္မတတို့ ထိတွေ့ကူးစက်မှု အန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပေမဲ့ သမ္မထရန့် သို့မဟုတ် ဒုတိယသမ္မတ မိုက်ပန့်စ်တို့ကတော့ ထိတွေ့ကူးစက်ခံရနိုင်တဲ့ အန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

“သူ့မှာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေရှိပါတယ်၊ သူက ကိုယ်တိုင် အသွားအလာကန့်သတ် သီးခြားခွဲနေထိုင်ပြီး အိမ်ဖြူတော်မဟုတ်တဲ လုံခြုံစိတ်ချရတဲ့ နေရာကနေ အလုပ်လုပ်နေပါတယ်၊ သမ္မတ သို့မဟုတ် ဒုသမ္မတတို့ဟာ ထိတွေ့ကူးစက်မှု အန္တရာယ်မရှိပါဘူး၊ နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ အလုပ်တွေ အနှောင့်အယှက်မရှိဘဲ ဆက်လုပ်နေပါတယ်” လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ထမ်းတွေကို COVID-19 ပုံမှန် စစ်ဆေးခဲ့ကြောင်းနဲ့ အိုဘရိုင်ယန်ဟာ ကပ်ရောဂါကာလအတွင်း ကူးစက်ခံရတဲ့ ရာထူးအဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ မေလအတွင်းက အိမ်ဖြူတော်မှာ သမ္မတထရန့်ရဲ့ အဝတ်အစားပိုင်း ဝန်ထမ်းအဖြစ် တာဝန်ယူရတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒုသမ္မတမိုက်ပန့်စ်ရဲ့ သတင်းပြန်ကြားရေးအရာရှိတို့လည်း COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄.၃ သန်းကျော်၊ သေဆုံးသူ ၁၄၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂ သန်းကျော်ရှိခဲ့ပါတယ်။ လတ်တ‌လော သီတင်းပတ်များအတွင်း အမေရိကန် ပြည်နယ် ၄၀ ထက်မနည်းမှာ ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး ဖလော်ရီဒါ၊ တက္ကဆက်၊ ဂျော်ဂျီယာနဲ့ ကယ်လီဖိုးနီးယားတို့မှာ သိသာစွာ မြင့်တက်နေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *