နျူကလီးယားလက်နက်ဖြင့် မိနစ်အနည်းငယ်အတွင်း ရန်သူအား တုန့်ပြန်ပစ်ခတ်နိုင်ကြောင်း တရုတ်ပြော

Posted on

တ ရုတ်နိုင်ငံ အနေ နဲ့ နူကလီးယား လက်နက် အသုံးပြုပြီး ရန်သူ နဲ့ တန်ပြန် တိုက်ခိုက်မှုတွေ တွေ့ကြုံလာရ ပါက ၄င်းတို့နိုင်ငံမှ နေပြီး နူကလီးယာလက်နက်ဖြင့် တုန့်ပြန် ပစ်ခတ် မှု ပြုရန် အတွက် မိနစ် အနည်း ငယ်သာ အချိန်လို အပ်ကြောင်း တရုတ်အငြိမ်းစား စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး ရဲ့ ရေးသားထားမှုအရ သိရပါတယ်။

အကယ် ၍ အမေရိကန်နိုင်ငံကနေပြီး လုံခြုံရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ ကို ကျော်လွန် ၍ မစ်ဆိုင်း တစ်ခုဖြင့် တိုက်ခိုက် ခြင်းပြုလာ ပါ က သတိပေးတားမြစ်ဖို့ အတွက် တရုတ်နိုင်ငံ တွင် ပြီးပြည့်စုံ သော နူကလီးယား နဲ့ပတ် သတ် တဲ့ အစီအစဉ်များ ရှိနေကြောင်းကို ၄င်းရဲ့ သတိပြုမိစရာ ရေးသားထားမှုအပေါ်မူတည်ပြီး နိုင်ငံခြားရေးရာ ကျွမ်းကျင် သူများက ပြောဆို ပါ တယ် ။

တိုးတက်ဖွံ့ဖြိုးမှုများရှိနေပြီဖြစ် တဲ့ အဆင့်မြင့် မစ်ဆိုင်း ကာကွယ်ရေး နည်းပညာများ အနေ နဲ့ ဒုံးကျည် ပစ်ခတ်မှု လမ်းကြောင်း ကို ဂြိုလ်တု ကနေတ ဆင့် ဖမ်းယူပြီး ပင်လယ်ပြင်အခြေစိုက်ရေ ဒါများ ကို ဆက်သွယ်ဖော်ပြပေးနိုင် မှာ ဖြစ်ကြောင်း ၄င်းကပြော ပါ တယ် ။

ကြည့်ရ သလောက် ကတော့ တရုတ်နိုင်ငံ ဟာ ၄င်း ရဲ့ မစ်ဆိုင်း ကာကွယ်ရေး စွမ်းရည် များ ကို သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၁-ရာစုနှစ် အလယ် မှာ အမျိုးသားများ ရဲ့စစ်ရေး အင်အားအနေ နဲ့ ကမ္ဘာ့ အဆင့်ဆီ တက်လှမ်းနိုင်ရမယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ပြီးခဲ့တဲ့ နှစ်များ အတွင်း တိုးတက်မှုရှိစေရန် စွမ်းဆောင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ထင်မြင်ယူဆရဖွယ် ရှိနေ ပါတယ်။

တရုတ်နိုင်ငံရဲ့ နူကလီးယား ကျွမ်းကျင် သူများ ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရော့ကတ် တပ်ဖွဲ့နဲ့ နူကလီးယား မစ်ဆိုင်းယူနစ်များ အတွက် အလုပ်လုပ်ပေးနေ ခဲ့ တာ ကြာမြင့်နေပြီ ဖြစ်ကြောင်းကို Yang Chengjun ဆိုသူရေးသားတဲ့ စာတမ်း တစ်စောင်အရ သိရပါတယ်။ အဆိုပါစာထဲမှာ တရုတ်နိုင်ငံရဲ့ နူကလီးယား ဆိုင် ရာ စွမ်းဆောင်ရည်အနေနဲ့ အမေရိကန်နဲ့ရုရှား တို့လိုပဲ အပြည့်အဝ ထိန်းချုပ်ကိုင်တွယ်လာနိုင်ပြီဖြစ်တဲ့အကြောင်း Yang က ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ဟာ အနည်း အကျဉ်းမျှေ သာ အခြေအနေတွေမှာ နူကလီးယားလက်နက်ကို ဦးစွာအသုံးမပြုရန်ဆိုတဲ့ ပေါ်လစီကို လိုက်နာရန်အတွက် ကတိသစ္စာပြုခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ် ပါတယ်။

ထိုနူ ကလီးယား သဘောတူညီမှု စာချုပ် မှာ နိုင်ငံတစ်နိုင်ငံအေ နနဲ့ ရန်သူကနေပြီး နူကလီးယားလက်နက် အသုံးပြုကာ ဆက်လ က် ရပ်တည်နိုင်စွမ်း မရှိနိုင်လောက်အောင် ပျက်စီးစေရန် အတွက် တိုက်ခိုက်မှု ပြုလာမှ သာလျှင် တုန့်ပြန်ပစ်ခတ် အသုံးပြုရန်ဆိုသည့် သဘောတူညီမှု များ ပါရှိကြောင်း သိရပါတယ်။

KoPheon (M.W.O)

Leave a Reply

Your email address will not be published. Required fields are marked *