နွမ်းပါးသူတွေကို ငွေကြေးဝေငှနေတဲ့ မလေးရှားဆယ်လီအမျိုးသား အဖမ်းခံရ

Posted on

ဆင်းရဲနွမ်းပါးသူတွေကို ငွေတွေဝေငှနေတဲ့ YouTuber တစ်ယောက်ကို မလေးရှားရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လူအုပ်ကြီးဟာ ကွာလာလမ်ပူမြို့က ရင်ပြင်တစ်ခုမှာ ရှိနေခဲ့တာဖြစ်ပြီး၊ ဆယ်လီတစ်ယောက်က ပိုက်ဆံလာပေးလိမ့်မယ်လို့ သူတို့ တွေးထင်မထားခဲ့ပါဘူး။ ပိုက်ဆံတွေ လာဝေသူရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်မှာ အများက ချီးကျူးခဲ့ပါတယ်။YouTuber ရဲ့အမည်ကတော့ Isa Isarb ဖြစ်ပါတယ်။ သူဟာ ငွေတွေ ဝေလို့ငှလို့ ကောင်းနေချိန်မှာ သက်ဆိုင်ရာအာဏာပိုင်တွေ ရောက်လာခဲ့ပြီး၊ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ Isa ရဲ့မျက်နှာပေးကို ကြည့်ချင်းအားဖြင့် အတော်လေး စိတ်ပျက်သွားခဲ့ပုံရပါတယ်။ သူဟာ (၁)ရင်းဂစ်တန် (၁၀၀၀)ရွက်ကို အများပြည်သူထံ ဝေဖို့ ကြိုးစားခဲ့တာပါ။ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ (၂၇)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ Isa ဟာ YouTube တခွင်မှာ Prank ဗွီဒီယိုတွေ တင်ရင်းက လူမှုကွန်ရက်မှာ နာမည်ကြီးလာခဲ့တာပါ။ အကောင်းဘက်ထက် အဆိုးဘက်မှာ နာမည်ကြီးခဲ့သူလို့ ဆိုရပါမယ်။ သူ့ရဲ့ Prank တွေက တခြားလူတွေ သည်းခံနိုင်ဖို့ မလွယ်လို့ဖြစ်ပါတယ်။

 

သူ ငွေတွေကို ဝေငှနေတဲ့ ဗွီဒိယိုမှတ်တမ်းကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ရာ ကြည့်ရှုသူ၊ (၃)သိန်းကျော် ရှိခဲ့ပါတယ်။ Reaction ပြုလုပ်သူ (၁၃၀၀၀)ကျော်၊ မှတ်ချက်ရေးသူ (၄၅၀၀)ကျော် ရှိခဲ့ပါတယ်။ သူက “ မနေ့က ဘုရင်မင်းမြတ်က McDonald ဆိုင်တွေမှာ အစားအစာတွေ ဝေငှတယ် … ဒီနေ့ KFC ဆိုင်တွေမှာ ကျွေးတယ် … ဒါကြောင့် ကျနော်လည်း (၁)ရင်းဂစ်တန် အရွက်(၁၀၀၀၀)ကို ဝေသွားချင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။သူက ရဲဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး “ ကိုယ်တွေကတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လူတွေသိအောင် သယ်ဆောင်လာခဲ့ချင်တာပါ … ဒါပေမယ့် ရဲတွေကတော့ ဘယ်လို တွေးကြမလဲပေါ့ … ရဲတွေအနေနဲ့ ကျွန်တ်ာတို့က ဆူပူမှုဖြစ်အောင် ဖန်တီးနေတယ် .. ဒါမှမဟုတ် နိုင်ငံရေးမှာ လူထုထောက်ခံမှုရလာအောင် လာဘ်ထိုးတာလို့ မြင်ချင်လည်း မြင်မှာပေါ့ ”လို့ ပြောခဲ့ပါတယ်။

Isa ငွေစက္ကူတွေ ဝေငှနေတာကို သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေက သတင်းအလုအယက် ဝိုင်းယူပြီး ဓာတ်ပုံတွေ တဖြတ်ဖြတ် ရိုက်ခဲ့ပါတယ်။ Isa ဟာ ရင်းဂစ် (၆၀၀)လောက် ဝေပြီးချိန်မှာ ရဲတွေရောက်လာပြီး သူ့ကို တားဆီးခဲ့ပြီး၊ ဒီနေရာကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ သူတို့တောင်းဆိုမှုအတိုင်း ထွက်သွားခဲ့ပေမယ့် နောက်ကနေ ရဲနှစ်ယောက် လိုက်လာခဲ့တာပါ။အဆိုပါ ရဲအရာရှိနှစ်ယောက်က နောက်ဆို ဒီလို လူထုဆူပူမှုကို ဖြစ်စေမယ့် Prank တွေ မလုပ်ဖို့ ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုရဲ့အဆုံးမှာတော့ Isa က သူရဲ့ Follower တွေကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ လက်မလျှော့ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း ဒီလုပ်ရပ်ဟာ သူ တမင် နာမည်ပိုကြီးလာအောင် လုပ်တဲ့လုပ်ရပ်လို့ စွပ်စွဲနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *