ႏွစ္နိုင္ငံနယ္စပ္တြင္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္မ်ား ပူးတြဲကင္းလွည့္

ျမန္မာနယ္ျခားေစာင့္တပ္ ႏွင့္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB)ႏွင့္ တို႔သည္ ႏွစ္နိုင္ငံနယ္စပ္ တြင္ ပူးတြဲ ကင္းလွည့္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားသည့္ မတ္လ ၁၁ ရက္ေန႔ နံနက္ ၁၀ နာရီမွ မြန္းတည့္ ၁၂ နာရီအထိ ဘန္ဒါဗန္ရွိ ဂမ္ဒမ္မွ ရခိုင္ျပည္နယ္ တမ္ဘ႐ူ အထိ ပူးတြဲကင္းလွည့္ခဲ့ေၾကာင္း BGB တပ္ရင္း ၃၄ ၏ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး မြန္ဇာ႐ူ ဟက္ဆန္ ခန္၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး Dhaka Tribune သတင္းကဆိုသည္။

ကင္းလွည့္ရာတြင္ ျမန္မာနယ္ျခားေစာင့္တပ္မွ ၁၇ဦး ႏွင့္ BGB မွ ၁၅ ဦးတို႔သည္ ဂမ္ဒမ္ နယ္ျခား ေစာင့္ စခန္းအနီး ခ်စ္ၾကည္ေရးတံတားမွ စတင္ကာ တမ္ဘ႐ူ နယ္ျခားေစာင့္စခန္း အနီးအထိ ကင္းလွည့္ခဲ့သည္။

မတ္လ ၆ ရက္ေန႔ကလည္း ႏွစ္နိုင္ငံနယ္ျခားေစာင့္တပ္မ်ားသည္ နယ္စပ္တြင္မလိုလားအပ္ေသာ ျဖစ္ရပ္မ်ားကို တားဆီး ရန္ နတ္ျမစ္အတြင္း ပူးတြဲကင္းလွည့္ခဲ့သည္။

ဘဂၤလားေဒ့ရွ္ – ျမန္မာနယ္စပ္တြင္ ဘဂၤါလီ ၅ေထာင္ခန႔္ ခိုကပ္ေနထိုင္သျဖင့္ ျမန္မာဘက္က စစ္အင္အား တိုးျမႇင့္ခ်ထား ခဲ့ရာ ႏွစ္ဘက္တင္းမာမႈမ်ား ျဖစ္ေပၚခဲ့ေသာ္လည္း တပ္ဖြဲ႕ ၂ခုအၾကား အလံတင္ အစည္းအေဝး က်င္းပၿပီးေနာက္မွာ ယခုကဲ့သို႔ ႏွစ္ဘက္ ပူးတြဲကင္းလွည့္ခဲ့ျခင္း ျဖစ္သည္။

မြန်မာနယ်ခြားစောင့်တပ် နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နှင့် တို့သည် နှစ်နိုင်ငံနယ်စပ် တွင် ပူးတွဲ ကင်းလှည့်ခဲ့ကြောင်းသိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များသည့် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဘန်ဒါဗန်ရှိ ဂမ်ဒမ်မှ ရခိုင်ပြည်နယ် တမ်ဘရူ အထိ ပူးတွဲကင်းလှည့်ခဲ့ကြောင်း BGB တပ်ရင်း ၃၄ ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မွန်ဇာရူ ဟက်ဆန် ခန်၏ ပြောကြားချက်ကို ကိုးကားပြီး Dhaka Tribune သတင်းကဆိုသည်။

ကင်းလှည့်ရာတွင် မြန်မာနယ်ခြားစောင့်တပ်မှ ၁၇ဦး နှင့် BGB မှ ၁၅ ဦးတို့သည် ဂမ်ဒမ် နယ်ခြား စောင့် စခန်းအနီး ချစ်ကြည်ရေးတံတားမှ စတင်ကာ တမ်ဘရူ နယ်ခြားစောင့်စခန်း အနီးအထိ ကင်းလှည့်ခဲ့သည်။

မတ်လ ၆ ရက်နေ့ကလည်း နှစ်နိုင်ငံနယ်ခြားစောင့်တပ်များသည် နယ်စပ်တွင်မလိုလားအပ်သော ဖြစ်ရပ်များကို တားဆီး ရန် နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်တွင် ဘင်္ဂါလီ ၅ထောင်ခန့် ခိုကပ်နေထိုင်သဖြင့် မြန်မာဘက်က စစ်အင်အား တိုးမြှင့်ချထား ခဲ့ရာ နှစ်ဘက်တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တပ်ဖွဲ့ ၂ခုအကြား အလံတင် အစည်းအဝေး ကျင်းပပြီးနောက်မှာ ယခုကဲ့သို့ နှစ်ဘက် ပူးတွဲကင်းလှည့်ခဲ့ခြင်း ဖြစ်သည်။

Source -irrawaddy

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *