နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ ချစ်သူကို အလင်းပြလိုက်ပြီဖြစ်တဲ့ စူပါမော်ဒယ် အောန်ဆိုင်း

Posted on

အနုပညာရှင်တော်တော်များများဟာ သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အချိန်တစ်ခုထိ ပရိသတ်တွေကိုလျို့ဝှက်တတ်ကြပါတယ်။ကချင်တိုင်းရင်းသူ စူပါမော်ဒယ် အောန်ဆိုင်းကတော့ ဆယ်စုနှစ်တစ်စုစာ မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းက သူမရဲ့ အမိုက်စားခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းနဲ့ ရုပ်ရည်တို့ကြောင့် နိုင်ငံခြားမော်ဒယ်တစ်ယောက်လို ဆွဲဆောင်မှုအပြည့်ရှိတာကြောင့် ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေလျက်ရှိပါတယ်။

အောန်ဆိုင်းကလည်း သူမရဲ့ချစ်သူကို အချိန်ကြာကြာလက်တွဲခဲ့ပေမယ့် ပရိသတ်ကြီးရှေ့ကိုတော့ ပေါ်ပေါ်ထင်ထင် ချမပြဖူးပါဘူး။ဒီနေ့မှာတော့ ချစ်သူကို အားလုံးသိအောင်အလင်းပြလိုက်ပြီဖြစ်ပြီး ချစ်ခင်သူတွေကလည်း ဂုဏ်ပြုစကား ဝိုင်းပြောခဲ့ကြပါတယ်။

အောန်ဆိုင်းက “ချစ်သူ ♥️ Spiderman” ဆိုတဲ့ Caption လှလှလေးနဲ့အတူ သူမတို့ ၂ ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ချပြလာခဲ့တာပါ ပရိသတ်ကြီးရေအောန်ဆိုင်းက ချစ်သူကို အလင်းပြလိုက်ပြီ ဖြစ်တာကြောင့် မင်္ဂလာပွဲကလည်း မဝေးတော့တဲ့ အနာဂတ်မှာ ကျင်းပဖြစ်မယ်လို့ ယူဆရပါတယ်နော် ပျော်ရွှင်စရာသတင်းလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *