နှုတ်ခမ်းနီမလေးတွေ အသည်းစွဲမင်းသားနှစ်လက်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးတော့မယ့် သက်မွန်မြင့် “

Posted on

ရိသတ်ကြီးရေ သက်မွန်မြင့်ကတော့ ပွင့်လင်းကာ သဘာဝမင်းသမီးတစ်လက်လို့ ပရိသတ်တွေကတင်းစားအခေါ်ခံရတဲ့ ချင်းမလေးတစ်ဦးပဲ ဖြစ်ပါတယ်။ဇာတ်ကားတိုင်းကို သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ ချစ်သက်ရဲ့ အနုပညာခြေလှမ်းတွေကို ပရိသတ်တွေက အမြဲမျှော်လင့်စောင့်စားနေကြတာပါ။ ချစ်သက်ကတော့ အခုချိန်မှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပြန်ပါသေးတယ်နော်။ပရိသတ်တွေကလည်း ချစ်သက်ကိုသာမက သူရဲ့ကိုယ်ပွားလေးဖြစ်တဲ့ သားနဲ့သမီးကိုလည်း ချစ်ခင်အားပေးလျက်ရှိကြပြန်ပါသေးတယ်။


သူမရဲ့ သရုပ်ဆောင်မှု အပိုင်း အမူအယာ နဲ့နှုတ်က မလိုအပ်လောက်အောင်မျက်လုံးနဲ့ silent acting ကျွမ်းကျင်သူတစ်ယောက်ပါ ဒါ့ကြောင့်သူမကို silent acting actress လို့ ဆိုကြတာဖြစ်ပြီး သူမရဲ့ နောက်ထပ်အကယ်ဒမီအတွက်” သခင်ကြီးနဲ့ ငပိတို့စရာ ” ဇာတ်ကားကြီးကနေ ရရှိလာတော့မလား ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ” စိန်ခေါ်မှု နောက်တစ်ခု … Wish me luck ” ဆိုတဲ့ စာသားလေးနဲ့အတူ ဒါရိုက်တာသြရသရိုက်ကူးမယ့် ” မြကေခိုင်မင်ရည်လဲ့ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ရိုက်ကူးမယ့်အကြောင်းအသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ပါဝင်မယ့် မင်းသားနှစ်လက်ကတော့ အလင်းရောင် ၊ ထူးအောင် တို့နဲ့အတူ ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာခြေလှမ်းတွေ ကျဲလျက်ရှိတဲ့ ဝါရင့်မင်းသမီးကြီး မျိုးသန္တာထွန်းနဲ့အတူ သရုပ်ဆောင်များစွာပါဝင်မယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်အတွက် နောက်ထပ် အကယ်ဒမီဆုတစ်ခု ထပ်မံရရှိမယ့်ဇာတ်ကားကြီး ဖြစ်လာမလားဆိုတာ ထင်မြင်ချက်လေးပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *