မြန်မာနိုင်ငံရဲ့နာမည်ကျော်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်ရဲ့ သားနေရဲနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သားနဲ့ သမီးနှစ်ယောက်စလုံးကတော့ ဖခင်ရဲ့ ခြေရာအတိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ ပရိသတ်အားပေးဝန်းရံမှုကို ရရှိထားတဲ့သူတွေပဲဖြစ်ပါတယ်။ နေရဲဟာဆိုရင် ဇာတ်ကားတွေရိုက်ကူးကာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။
ကိုရိုနာရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ နေရဲက”အရင်က ပုံလေးတွေ ပြန် တွေ့လို့ Shooting တွေကိုသတိရတယ်။ကမ္ဘာကြီးရော မြန်မာပြည်ကြီးရော အမြန်ဆုံးပြန်လည်ကျန်းမာပါစေ”လို့ ဆုတောင်းရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူအရင်တုန်းက ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို သတိတရနဲ့ ပရိသတ်တွေအတွက် တင်ပေးလိုက်တာပါပဲနော်။
ပရိသတ်တွေအတွက် နေရဲက ရိုက်ကူးရေးတုန်းက ပုံရိပ်လေးတွေကို သတိရနေတယ်ဆိုတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း နေရဲကို အားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။