သရုပ်ဆောင်မင်းခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တစ်ဦးပါ ယခုရက်ပိုင်းမှာတော့ မင်းခန့်ကျော်ဟာ Facebook Cel le ဖြူဖြူထွေးကို ရုပ်ရှင်သရုပ်ဆောင်တွေကို လှူဒါန်းရာမှာ ရုပ်ရှင်အစည်းအရုံးကဒ်ကိုပါ ဓာတ်ပုံရိုက်တင်ခဲ့တဲ့အပေါ် ပြင်းထန်စွရဝေဖန်ခဲ့လာတာဖြစ်ပါတယ်။
ယနေ့မှာတော့ မင်းခန့်ကျော်ကို ဖြူဖြူထွေးက သူမနာမည်တပ်ပြီး အင်တာဗျူးတွေမှာ ဝေဖန်နေတဲ့အပေါ် ရုပ်ရှင်အစည်းအရုံးကိုတိုင်ကြားခဲ့တဲ့အတွက် သွားရောက် ဖြေရှင်းခဲ့တယ်လို့သိရပါတယ် ဖြေရှင်းပြီးနောက်မှာတော့ မင်းခန့်ကျော်က ဖြူဖြူထွေးနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့လိုအပ်တဲ့အကြောင်း ရုပ်ရှင်အစည်းအရုံး မှာ ပြောကြားခဲ့တာပါ။
မင်းခန့်ကျော်က ” ကျွန်တော့်ရဲ့ လိုင်းပေါ်မှာ အစည်းအရုံးကဒ်တင်တာနဲ့ ပက်သက်ပြီး ညီမလေး ဖြူဖြူထွေးအပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ စကားတွေနဲ့ ပက်သက်ပြီး အစည်းအရုံးကနေ လူကြီးတယောက်အနေနဲ့ ခေါ်ဆုံးမတဲ့ သဘောပေါ့။ ဖြူဖြူထွေးကိုလည်း အစည်းအရုံးကဒ်တင်တဲ့အတွက် ခေါ်ယူဆုံးမပြီးပြီလို့လည်း လူကြီးတွေက ပြောပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ကို လူကြီးတွေကတော့ ထိပ်တိုက်တွေ့ပေးမယ်ပေါ့။ ထိပ်တိုက်တွေ့ပေးမှ ဒီပြဿနာကလည်း ရှင်းမယ်။ ဖြူဖြူထွေး မှားတဲ့ အပိုင်းကိုလည်း အစည်းအရုံးမှာ ပြန်တောင်းပန် ကျွန်တော်လည်း ကျွန်တော်တင်ခဲ့တဲ့ အရာပေါ်မှာ ပြန်ရုတ်သိမ်းပေးမယ်။ ဘာလို့ဆို ကျွန်တော်က ဒီလောကသားနဲ့ တိုက်ခိုက်တာဖြစ်တဲ့အတွက် အစည်းအရုံးနဲ့ မကင်းဘူး။ ” လို့ ဖြူဖြူထွေးနဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းမယ့်အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရေ။
မင်းခန့်ကျော်နဲ့ ဖြူဖြူထွေးတို့ရဲ့ ပြဿနာကတော့ ရုပ်ရှင်အစည်းအရုံးမှာ ဖြေရှင်းရတဲ့အထိ ကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ လူပြောများနေတာဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။