ရုရှားနိုင်ငံကထုတ်ဖော်ပြသလိုက်တဲ့ Su-57 မျိုးဆက်သစ်ကိုယ်ပျောက်တိုက်လေယာဉ်

Posted on

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ကျင်းပတဲ့ MAKS- လေကြောင်းပြပွဲမှာ Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တူရကီသမ္မတ တာရစ်အာဒိုဂန်ကို ပြသခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွဟာ Su-57 ကိုယ်ပျောက် တိုက်လေယာဉ်အပြင် ရုရှားထုတ် MC-21 ခရီးသည်တင်လေယာဉ်၊ Mi-38 ရဟတ်ယာဉ်နဲ့ Be-200 ဘက်စုံသုံး ကုန်းရေနှစ်မျိုးလုံးမှာ ဆင်းသက်နိုင်တဲ့ လေယာဉ်တွေကိုလည်း လိုက်ကြည့်ခဲ့ကြပါတယ်။

ရုရှားဟာ S-400 ရုရှား ဒုံးကျည် ကာကွယ်ရေးစနစ်အတွက် ဒုတိယမြောက် အမြောက်တပ်ခွဲကို တူရကီနိုင်ငံဆီကို ပို့ဆောင်လာခဲ့တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တူရကီက ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူတာနဲ့ ပတ်သတ်လို့ ဒါဟာ နေတိုး ကာကွယ်ရေးစနစ်နဲ့ မဆီလျော်ဘူးလို့ အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ရုရှားလုပ် လေယာဉ်တွေ အရောင်းမြှင့်တင့်ရေး ရည်ရွယ်ကျင်းပတဲ့ MAKS- လေကြောင်းပြပွဲမှာ ပြည်ပနိုင်ငံတွေက စီးပွားရေးလုပ်ငန်း ၈၀၀ ကျော် လာရောက် ပြသခဲ့ကြပါတယ်။

ဒီနှစ် လေကြောင်းပြပွဲမှာ ပထမဆုံးအနေနဲ့ တရုတ် အစိုးရက ပါဝင် စီစဉ်ခဲ့တယ်လို့ RIA သတင်းဌာနမှာ ဖော်ပြပါတယ်။

Writer_ မောင်သံဆင့် ( YGN Times )

Leave a Reply

Your email address will not be published. Required fields are marked *