ရုရှား လက်ဝတ်ရတနာကုမ္ပဏီက ဖန်တီးလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆွဲသီး

Posted on

သိပ္ပံနဲ့ ဆေးပညာအကြောင်းအရာတွေကို အခြေခံပြီးမှ အဆင်တန်ဆာပြုလုပ်လေ့ရှိတဲ့ ရုရှ လက်ဝတ်ရတနာကုမ္ပဏီငယ်လေးတစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ပုံစံ ဆွဲသီးလေးကို ဒီဇိုင်းထုတ် ဈေးကွက်တင်လိုက်တာကြောင့် တချို့ကတော့ မစာနာရက်စက်တယ်လို့ စွပ်စွဲနေကြပါတယ်။ပြီးခဲ့တဲ့တစ်လ နှစ်လလောက်က ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပထမဆုံး အဏုကြည့်ဓာတ်ပုံ ထွက်လာတဲ့အခါမှာ မော်စကိုရဲ့ အရှေ့မြောက်ဖက် ၁၈၆မိုင်အကွာက ကော့စထရိုမာမြို့ကလေးမှာ အခြေစိုက်တဲ့ Dr.Vorobev လက်ဝတ်ရတနာကုမ္ပဏီဟာ ၎င်းရဲ့ ဒီဇိုင်းအမယ်တွေထဲမှာ အနုစိတ်ပုံဖော်ထားတဲ့ ဗိုင်းရပ်စ်ဟာ နောက်တစ်မျိုးတိုးလာနိုင်တယ်လို့ စဉ်းစားခဲ့တာပဲ ဖြစ်ပါတယ်။

အွန်လိုင်းမှာ ကန်ဒေါ်လာ ၂၀နဲ့ ရောင်းချနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ငွေဆွဲသီးဟာ ဗိုင်းရပ်စ်ပုံစံကို ပုံတူကူးထားတာဖြစ်ပြီး စက်ဝိုင်းပုံ အခွံပေါ်မှာမှ တင်းပုတ်ပုံစံ ဆူးတွေနဲ့ Covid-19လို့ခေါ်တဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။လူတွေက စဝယ်နေကြပြီ။ သူတို့ရဲ့ ပေ့တွေမှာ ဆွဲသီးပုံတွေ တင်နေကြပြီ။ ဘယ်သူတွေဘာပြောပြော ခေတ်စားလာနေပါပြီ”လို့ ကုမ္ပဏီတည်ထောင်သူ ပါဗယ် ဗိုရိုဘတ်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ယမန်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံမှာ ပေါ်ထွက်လာခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာနဲ့အဝန်းမှာ လူပေါင်း ၇၇၇၀၀၀လောက်ကို ကူးစက်သွားခဲ့ပြီဖြစ်ပြီး အခုအချိန်ထိ လူပေါင်း ၃၇၅၀၀ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ အသည်းပုံ၊ အဆုတ်ပုံနဲ့ ဒီအင်အေပုံ ဆွဲသီးတွေကိုလည်း ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ မစာနာဘူးဆိုတဲ့ စွပ်စွဲချက်တွေကို တုန့်ပြန်ရာမှာတော့ ဗိုရိုဘတ်က ဆွဲသီးတွေဟာ နိုင်ငံတကာအကျပ်အတည်းကို အမြတ်ထုတ်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *