မနေ့က ရုရှားသမ္မတပူတင်ကြေညာခဲ့သော ထိုကာကွယ်ဆေးကို ယခုအခါ WHO က သွားရောက်စစ်ဆေးနေပီဖြစ်ပီး ကာကွယ်နိုင်ကြောင်းအသိအမှတ်ပြုပါက ရုရှားက တလအတွင်း အလုံးရေ ၇သန်းခန့် ထုတ်လုပ်မည်ဟု သိရသည်။ သို့သော် ကာကွယ်ဆေး၏ ကနဦးဈေးနှုန်းမှာ ကြီးမြင့်နိုင်သည့်အတွက် မြန်မာနိုင်ငံသည် WHO နှင့် ဆွေးနွေးနေပီး ကျနော်တို့တိုင်းပြည်လို မချမ်းသာသည့် နိုင်ငံများပါ ရရှိအောင် စီစဉ်နေပါသည်။ ဦးစားပေးအနေဖြင့် ထိုကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများနှင့် အသက်အရွယ်ကြီးရင့်သူများကို ဦးစားပေး ထိုးပေးသွားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ”ရုရှားကတော့ ကိုဗစ်ကာကွယ်ဆေးတွေ့ပြီလို့ ပြောပါတယ်။ ဒါကျွန်မတို့ ဘယ်လောက်အထိသေချာတယ်၊ မသေချာတယ်ဆိုတာ မသိသေးဘူးပေါ့နော်။ သေချာပြီဆိုရင် ကျွန်မတို့က ကျွန်မတို့ ပြည်သူတွေအတွက် အမြန်ဆုံးရအောင်လို့ လုပ်မှာပဲ။ သို့သော်လည်း ဒါဟာလည်း ဒီနေ့ မနက်ဖြန်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ ပြောရတဲ့အကြောင်းက ဒီကြားကာလမှာ သည်းညည်းခံပြီးတော့ နေကြပါ။ စည်းကမ်းထိန်းသိမ်းကြပါ” လို့ ပြောကြားခဲ့ပါတယ်။ဒီလိုခေါင်းဆောင်မျိုး ရှိလို့သာ ဒီလောက်ကြီးမားတဲ့ ကပ်ရောဂါကြီးကို ကျော်လွှားနိုင်ခဲ့သလို အခုလဲ တပြည်လုံးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ရင်တော့ အမေစုဟာ ကျနော်တို့ မြန်မာနိုင်ငံသား သန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးခဲ့သူအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ရမှာပါပဲ ဖြစ်ပါတယ်။
ယုံကြည်လိုက်ပါ။ သူမသာ ခေါင်းဆောင် မဟုတ်ခဲ့ရင် အခုချိန် မြန်ပြည်သူ အတော်များများဟာ ရောဂါဆိုးကြောင့် အသက်ဆုံးရှုံးခဲ့ရမှာ ဖြစ်ပါတယ်။ ဒီကပ်ရောဂါကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့တာဟာ ကံကောင်းလို့ မဟုတ်ပါဘူး။ ရှိတဲ့ အရင်းအမြစ် နည်းနည်းလေးကို ခေါင်းဆောင်မှုကောင်းတာနဲ့ စီမံခန့်ခွဲမှုကောင်းလွန်းလို့ပါ။ ၂၀၂၀ မှာ သူမမှတပါး အခြားမရှိပါဘူး။