ဖြူဖြူထွေးက မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်တာကြောင့် အောင်မြင်မှုတွေဆိုတာကလည်း သူမရဲ့နောက်ကနေ ထပ်ကြပ်မကွာလိုက်နေတာပါနော်။လက်ရှိမှာဆိုရင်လည်း ဖြူဖြူထွေးက ကြော်ငြာတွေအများအပြားကို လက်ခံရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။
သဘောဖြူ၊မနောဖြူတဲ့ ဖြူဖြူထွေးက မင်းသမီးတစ်လက်ဖြစ်လာပေမယ့်မာန်မာနမကြီးဘဲ လူတိုင်းကိုဖော်ရွေစွာ ဆက်ဆံတတ်တဲ့သူဖြစ်ပါတယ်နော်။ဖြူဖြူထွေးရဲ့ ပွင့်လင်းရိုးသားတဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေကလည်းအရမ်းလေးစားနေကြတာဖြစ်ပါတယ်။
အခုလတ်တလောမှာဆိုရင်တော့ ဖြူဖြူထွေးက သူမရဲ့(၂၁)နှစ်ပြည့်မွေးနေ့လေးကို ရွာမှာပြန်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။သူမရဲ့မွေးနေ့အလှူလေးအဖြစ် ရွာကလူတွေနဲ့ ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့သလို အခုဆိုရင်လည်း အရမ်းမွန်မြတ်တဲ့တရားဓမ္မအလှူပွဲကြီးကိုလည်းပြုလုပ်ပေးခဲ့တာပါ။ဖြူဖြူထွေးရဲ့ အသက်(၂၁)နှစ်ပြည့်မွေးနေ့အလှူလေးက ပကာသနကင်းပြီး ရိုးရိုးရှင်းရှင်းနဲ့အရမ်းပျော်ရွှင်စရာကောင်းတာကြောင့် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။