ရွာကအလှူ လှည့်ပွဲမှာ ရှေ့ဆုံးကနေဖလားလေးပိုက်ပြီး ပိုက်ဆံတွေကြဲကာ သနပ်ခါးပါးကွက်ကြားလေးနဲ့လှနေတဲ့ ဖြူ ဖြူ ထွေး

Posted on

နာမည်လေးနဲ့လိုက်အောင် ဖြူစင်ရိုးသားပြီး အေးချမ်းကြည်လင်တဲ့ အလှပိုင်ရှင်လေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ ပကာသနကင်းပြီး ဟန်ဆောင်မှုတွေမရှိဘဲ အရှိကိုအရှိအတိုင်း နေထိုင်ပြောဆိုတတ်တဲ့ ဖြူဖြူထွေးရဲ့အမူအရာလေးတွေက တကယ့်ကိုချစ်ဖို့ကောင်းလှတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖြူဖြူထွေးက အခုချိန်မှာ သူမကိုချစ်ခင်အားပေးသူ ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။

အနုပညာလောကမှာ နာမည်ရအောင်မြင်နေပြီဖြစ်တဲ့ ဖြူဖြူထွေးက မာနမကြီးဘဲ သူမရဲ့ရွာလေးမှာပဲ အေးအေးချမ်းချမ်းနေထိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း လှပျိုဖြူလေး ဖြူဖြူထွေးက ရွာကအလှူလှည့်ပွဲမှာ ရှေ့ဆုံးကနေဖလားလေးပိုက်ပြီး ပါဝင်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ သနပ်ခါးပါးကွက်ကြားလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ဖြူဖြူထွေးကတော့ မြင်သူတိုင်းရင်အေးလောက်အောင်လှနေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက ”ဒို့ရွာက အလှူလှည့် ပကာသနတွေ ခွာချလို့ ဒါနတွေနဲ့ လှူမယ်ဗျို့” ဆိုပြီး ချစ်စရာကောင်းတဲ့ရွာဓလေ့ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ရွာသူရွာသားတွေနဲ့အတူ ပိုက်ဆံတွေကြဲကာ ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေကိုအချစ်ပိုစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွာအလှူမှာပျော်နေတဲ့ မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *