နေအိမ်မှာ ၁၄ ရက်ကြာ Quarantine လုပ်ခံလိုက်ရပြီဖြစ်တဲ့ စီရော်နယ်ဒို

Posted on

ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒို ဟာ ပေါ်တူဂီနိုင်ငံ ရှိ မွေးရပ်မြေ Madeira မြို့မှာ သီခြား နေထိုင်လျက်ရှိနေကြောင်း ဗြိတိန် သတင်းဌာနကဖော်ပြပါတယ်။

စီရော်နယ်ဒို ဟာ ဂျူဗင်တပ် အသင်းမှာနောက်ခံလူ ရူဂါနီ ကကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားခင် အချိန်ကတည်းက လေဖြတ်နေတဲ့မိခင်ဖြစ်သူထံအလည်အပတ်သွားရောက်ဖို့ မွေးရပ် မြေကို ပြန်ခဲ့တာ လည်းဖြစ်ပါတယ်။ ရူဂါနီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရချိန်မှာ ဂျူဗင် တပ်အသင်းထံမပြန်ဘဲ ပေါ်တူဂီအသင်းမှာ နေထိုင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုနဲ့ ရူဂါနီတို့ဟာ အဝတ်စား လဲခန်းကိုအတူ သုံးစွဲခဲ့သလို ရူဂါနီ နဲ့ စီရော်နယ်ဒိုတို့ဟာ အင်တာမီလန်အသင်းကို အနိုင်ရလို့ အခြားအသင်းဖော်တွေနဲ့ အတူ အောင်ပွဲခံခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကဆိုပါတယ်။ရူဂါနီနဲ့အတူဆက်ဆံခဲ့တဲ့ ဂျူဗင်တပ်အသင်းသားတိုင်းဟာလက်ရှိအချိန်မှာ သီခြား နေထိုင်ရ ဖွယ်ရှိနေ ကြောင်း၊ ကစားသမားတွေ သီခြားနေထိုင်ရမှာဖြစ်တဲ့အတွက် မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်လည်း မရေမရာဖြစ်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားနေတဲ့အတွက် အီတလီနိုင်ငံမှာအားကစားပွဲအားလုံးကို အ နည်းဆုံးဧပြီ ၃ ရက်အထိဆိုင်းငံ့ထားမှာဖြစ်ပေမယ့်ဂျူဗင်တပ်အသင်းကတော့ လာမယ့် အင်္ဂါနေ့ မှာလိုင်ယွန်အသင်းနဲ့ချန်ပီယံလိဂ် ပွဲစဉ်ကစားဖို့ စီစဉ်ထားပါတယ်။ဂျူဗင်တပ်နဲ့ လိုင်ယွန်တို့ကစားမယ့်ပွဲကိုတံခါးပိတ်ကစားဖို့စီစဉ်ထားပေမယ့် ဥရောပဘောလုံး အဖွဲ့ချုပ်က အဲဒီပွဲစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဟန်နိုဗာ နောက်ခံလူတီမို ရူဘာစ် ပြီးရင် ရူဂါနီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒုတိယမြောက် ဘောလုံး သမား ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *