လေဆိပ်​မှာ က​လေး​တွေလို ​ဆော့​နေကြတဲ့ နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ​ရွှေကစ်​​လေးတို့ရဲ့ ချစ်​စရာဗီဒီယို​လေး

စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဇာတ်​လမ်း​၊ ဒါရိုက်​တာရဲ့အမိုက်​စားဖန်​တီးမှုနဲ့ ပီပြင်​လှတဲ့ သရုပ်​​ဆောင်​​တွေရဲ့ အနုပညာ​ကြောင့်​ပါ ရုပ်​ရှင်​ကြည့်​ရသူ​တွေကို အား​ပေးရကြိုးနပ်​​စေခဲ့တဲ့ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ လတ်​တ​လောမှာ ပရိသတ်​​​တွေရဲ့စိတ်​ဝင်​စားမှုကို အပြည့်​အဝရရှိ​နေတာပါ။ လတ်​တ​လောမှာ​တော့ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးထဲက သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ဝတ်​မှုန်​​ရွှေရည်​တို့်​သုံးဦးက စင်္ကာပူကပရိသတ်​​တွေနဲ့​တွေ့ဖို့ စင်္ကာပူသို့ ​ရောက်​ရှိ​နေကြတာပဲ ဖြစ်​ပါတယ်​။ ​မောင်​နှမ​တွေလို ခင်​ခင်​မင်​မင်​ရှိလှတဲ့ သူတို့သုံး​ယောက်​က​တော့ ​လေဆိပ်​မှာလည်း က​လေး​တွေလို ​ပျော်​​ပျော်​ပါးပါးကစား​နေကြတာ ​တွေ့ရပါတယ်​။


ချစ်​ပရိသတ်​​တွေ​အတွက်​ ​လေဆိပ်​မှာ က​လေး​တွေလို ကစား​နေတဲ့ နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ဝတ်​မှုန်​​ရွှေရည်​တို့်​သုံးဦးရဲ့ ချစ်​စရာ ​ဗီဒီယို​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

လိပ်​ပြာစံအိမ်​ ရိုက်​ကူး​စဉ်​က ပုံရိပ်​​လေး

တစ်​​ယောက်​တစ်​မျိုးစီ ဘယ်​လို​တောင်​ ဂိုက်​​ပေးကြမ်း​​နေ​​လဲ​မေး

 

လေဆိပ်​မှာလည်း အခွီ​တွေ​နော်​…

 

“လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ ပြီးခဲ့တဲ့ ​ဖေ​ဖော်​ဝါရီလ ၈ ရက်​​နေ့ကတည်းက စင်္ကာပူနိုင်​ငံမှာပါ ရုံတင်​ပြသ​နေတာပဲ ဖြစ်​ပါတယ်​။ အချိိန်​အ​တော်​ကြာ ရိုက်​ကူးခဲ့ရတာမို့ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးထဲက သရုပ်​​ဆောင်​​တွေကလည်း ရင်းရင်းနှီးနှီး ​ပျော်​​ပျော်​ရွှင်​ရွှင်​ ရှိ​နေကြတာပါ။ ချစ်​ပရိသတ်​​တွေ​လည်း အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ​နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ​ရွှေကစ်​​လေးတို့သုံးဦးကိုချစ်ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Leave a Reply

Your email address will not be published. Required fields are marked *