ရုပ်ရှင် သရုပ်ဆောင်မင်းရာဇာတို့ လင်မယားကို တာမွေရဲစခန်းမှာ ထိန်းသိမ်းထားပြီး လာမယ့် မေလပိုင်းမှာ ချုပ်ရမန်ပြည့်ပြီဖြစ်လို့ စတင် တရားစွဲသွားမယ်လို့ တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေ တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
သရုပ်ဆောင် မင်းရာဇာ ဟာ အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးအပေါ် နှစ်နဲ့ချီပြီး ကာမပိုင်း ဆိုင်ရာ ကျုးလွန်ဖောက်ဖျက်ခဲ့တဲ့အပြင် ဒါကိုသိရှိသွားတဲ့ဇနီးသည်ရဲ့ ဖိအားပေးမှုကြောင့် အိမ်အကူ မိန်းကလေး ရဲ့ လိင်အင်္ဂါ ကို အက်ဆစ် နဲ့ပက်တဲ့အထိ လူမဆန်တဲ့ရက်စက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
မင်းရာဇာနဲ့ဇနီး၊ မင်းရာဇာ တို့အား အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ အပြင်းအထန်ပူလောင်စေမှု ပုဒ်မ၃၂၄၊ လက်ရောက်ကျူးလွန်မှု ပုဒ်မ၃၅၄၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ တို့နဲ့ တရားစွဲဆို ခံထားရတာဖြစ်ပါတယ်။