Year: 2018

ရော်နယ်ဒိုဘာကြောင့် အနီကဒ်ပြခံခဲ့ရတာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဟောင်းဝက်ဝက်ဘ်

တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင် တစ်ဦးဖြစ်တဲ့ ဟောင်းဝက်ဝက်ဘ်က ဗလင်စီယာနဲ့ပွဲမှာ အနီကဒ်ပြခံခဲ့ရတဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဖြစ်ရပ်နဲ့ပက်သက်ပြီး သူ့ရဲ့အမြင်ကို ဖွင့်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ ရော်နယ်ဒိုဟာ ပြေးရင်းလွှားရင်း ဗလင်စီယာ နောက်ခံလူ မာရီလိုနဲ့ ထိခိုက်မိပြီး မာရီလိုဟာ လဲကျသွားခဲ့ပါတယ်။ အဲ့အချိန်မှာ ရော်နယ်ဒိုက မာရီလိုအနေနဲ့ ဟန်ဆောင်လှဲခဲ့တယ်လို့ဆိုပြီး မာရီလိုရဲ့ခေါင်းကို လက်နဲ့သွားပုတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဒိုင်လူကြီးက စည်းကြပ်ဒိုင်နဲ့ ဆွေးနွေးပြီးတော့ ရော်နယ်ဒိုကို တိုက်ရိုက်အနီကဒ် ပြသခဲ့တာပါ။ ရော်နယ်ဒို အနီကဒ် ပြခံခဲ့ရတာနဲ့ ပက်သက်ပြီး ဟောင်းဝက်ဝက်ဘ်က “ကွင်းထဲမှာ ပြေးရင်းလွှားရင် ကစားသမားအချင်းချင်း ထိခိုက်မိတတ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဖြစ်ရပ်ကလဲ ဒီလိုပါပဲ။ ဒါပေမယ့် ရော်နယ်ဒိုက […]

အပ်တစ်ချောင်းကနေ အစပြုပြီး တစ်နိုင်ငံလုံး စီးပွားကပ်ဆိုက်နေတဲ့ သြစတြေးလျနိုင်ငံ

စက်တင်ဘာ (၁၅) ရက်နေ့က လူတစ်ယောက်ဟာ စတော်ဘယ်ရီစားပြီး အပ်စူးလို့ ဆေးရုံအရေးပေါ်ခန်းမကို ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ကနေစပြီး သြစတေးလျတစ်နိုင်ငံလုံး ဟိုနေရာမှာ စတော်ဘယ်ရီထဲ အပ်တွေ့လိုက်၊ ဒီနေရာမှာစတော်ဘယ်ရီထဲ အပ်တွေ့လိုက်နဲ့ တော်တော့်ကို စိတ်ဒုက္ခရောက်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ လူငယ်လေးတစ်ယောက်က စနောက်ပြီး စတော်ဘယ်ရီသီးတွေထဲ အပ်တွေလိုက်ထည့်ခဲ့တာကြောင့်ပါ။ ဒီအဖြစ်ကို သိသွားခဲ့တဲ့နောက်ပိုင်း ကျန်တဲ့ လူငယ်တွေကပါလိုက်ပြီး စတော်ဘယ်ရီသာမက ကျန်တဲ့အသီးတွေထဲကိုပါ စူပါမားကတ်တွေထဲသွားပြီး အပ်တွေလိုက်ထည့်ခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်ရက်တွေတုန်းက ကျောင်းတစ်ကျောင်းကကျွေးတဲ့ နေ့လည်စာထဲက ငှက်ပျောသီးထဲ အပ်တွေ့ခဲ့တဲ့အတွက် ဆရာတွေနဲ့ ရဲတွေကို ပြောပြီးတိုင်ကြားခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ အသီးဆို ဘာအသီးမှ မစားရဲအောင်တောင် ဖြစ်နေကြပါတယ်။ နောက်ပိုင်း စတော်ဘယ်ရီအပြင် လူစားများတဲ့ ပန်းသီးနဲ့ ငှက်ပျောသီးတွေထဲ […]

ပရိသတ်တွေကို ခဏတာ ဆွံ့အသွားစေမယ့် နေခြည်ဦးရဲ့ တကယ့်အမိုက်စား အဝတ်စားအခန်းကြီး

Beauty Blogger နေခြည်ဦးလေးကတော့ သူမရဲ့အလန်းစား အဝတ်အစားလဲခန်းနဲ့ပရိသတ်ကြီးကို မိတ်ဆက်ေပးလိုက်တာဖြစ်ပါတယ်။ မိန်းကလေးတော်တော်များများရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ နေခြည်ဦးကတော့ ယခုအချိန်မှာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ မိန်းကလေးတော်တော်များများရဲ့အိပ်မက်တွေကို ရရှိထားတဲ့ နေခြည်ဦးကတော့ ပြီးပြည့်စုံတဲ့ဘဝလေးကိုလည်းပိုင်ဆိုင်ထားသူပါ။ ဒီတခါမှာတော့ နေခြည်ဦးက မိန်းကလေးတော်တော်များများရဲ့ အိပ်မက်ဖြစ်တဲ့အဝတ်အစားလဲခန်းကြီးကို ပရိသတ်တွေဆီချပြပေးလိုက်တာဖြစ်ပါတယ်။ Beautybynaychi: နေခြည့် အဝတ်အစားလဲခန်း ထဲသို့ အလည်တစ်ခေါက် နေခြည်အခု ပြန်လည်ပြင်ဆင်နေတဲ့ စိတ်ကူးထဲက အခန်းလေးက အခုဆို ၉၀% လောက်ပြီးဆုံးသွားပါပြီ။ ၁၀၀% ပြီးတဲ့ အထိစောင့်ရင်ဒီထက်ကြာသွားမှာ စိုးလို့ရယ် ပြီးတော့ ဒီကြားထဲလည်း ခရီးသွားစရာရှိလို့ နေခြည် ဒီနေ့ ဓါတ်ပုံလေးတွေနဲ့ blog post လေးအရင်တင်ပေးလိုက်တယ်နော် မိန်းကလေးတော်တော်များများက အလှအပကို ဒီခေတ်မှာ […]

မတော်ရသေးတဲ့ခဲအိုလောင်း ရွှေထူးအတွက် မွေးနေ့အမှတ်တရလေးပေးခဲ့တဲ့ ငွေမှုံရတီ( ရုပ်/သံ )

လက်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ အဆိုတော်ရွှေထူးနှင့် ရွှေမှုံရတီတို့ရဲ့ အချစ်ရေးကတော့ အားလုံးသိပြီးလောက်ပြီပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အတူတူလုပ်ဆောင်နေပြီး တစ်ဦးနှင့်တစ်ဦးနားလည်မှုအပြည့်နဲ့ရပ်တည်နေကြသူတွေလည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့ အချစ်ရေးကတော့ မိသားစုဝင်တွေအားလုံးက သဘောတူထားပြီး နှစ်ယောက်တစ်ကမ္ဘာလျှောက်လှမ်းနိုင်ဖို့ပြင်ဆင်နေကြကြောင်း သိရပါတယ်။ မနေ့က စက်တင်ဘာလ ၂၀ရက်နေ့ကတော့ ရွှေထူးရဲ့ ၂၆နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့အမှတ်တရများစွာနှင့်အတူ ကောင်းမှုကုသိုလ်များစွာပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ရွှေထူးရဲ့ မွေးနေ့ကို တော့ ချစ်သူဖြစ်တဲ့ရွှေမှုံရတီနှင့်အတူ ညီမဖြစ်သူငွေမှုံရတီတို့ကလည်း အတူတူဖြတ်သန်းခဲ့ကြတာတွေ့ရပါတယ်။ မနေ့က ငွေမှုံရတီရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ခဲအိုဖြစ်သူ ရွှေထူးအတွက် မွေးနေ့မှာရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးနှင့်အတူ မွေးနေ့ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ အဆိုပါ ငွေမှုံရတီရဲ့ မွေးနေ့ဆုတောင်းလေးကတော့ “Happy birthday Ko Gyi yay Wish u all the best byo” […]

ပရိသတ်တွေ ပိုက်ဆံစုပြီး ကားဝယ်ပေးတဲ့အကြောင်း ပြောလိုက်တဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 မှာ Winner ဆုရရှိခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်က သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင်မလုပ်ဘဲ အဆိုတော်ပဲလုပ်မှာပါလို့ ဆိုပါတယ်။ “ကျနော့်ကို ပရိသတ်တွေ အရမ်းအားပေးတော့ တာဝန်တွေပိုကြီးသွားတယ်လို့ ခံစားရတယ်။ အမြဲတမ်းဘာပဲလုပ်လုပ် အသိ၊ သတိနဲ့ နေရတယ်။ သူတို့စိတ်ပျက်သွားမှာစိုးလို့လေနော်။ ပရိသတ်တွေအတွက် ပိုကြိုးစားရမယ် တာဝန်တွေ ပိုကြီးလာတယ်။ အခုလတ်တလောကတော့ ပွဲတွေဆိုနေတယ်။ ကြော်ငြာလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ရိုက်နေတယ်” “၉ လပိုင်း တလလုံးတော့ရှိတဲ့ အလုပ်လေးတွေ လက်ခံတယ်။ ၁၀ လ ပိုင်း ၁၁ လ ပိုင်းမှာ သီချင်းခွေ အတွက်လုပ်မယ်။ အွန်လိုင်းကနေ သီချင်းတွေ တင်သွားဖို့ရှိတယ်။ […]

ဖေ့စ်ဘွတ်ကပြောသော ဂေးဖြစ်ေ်နတဲ့ မြန်မာဆယ်လီများ

ခေါင်းစဉ်ကြီးကတော့ အဆန်းကြီးနော် ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့ ဆယ်လီတွေဟာ တော်တော်များများ အခြောက်တွေ စာရင်းဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်ခ်ကြောင့်ပါ။ အရင်က သတိမထားမိပေမဲ့ နောက်ပိုင်း လူပြောများများလာလို့ ပရိသတ်ကြီး နောက်ကျမကျန်ခဲ့လေအောင် ဘာညာတွေ တင်ပြလိုက်ပါတယ်။ ဖြိုးပြည့်စုံ ဟုတ်ပါတယ်။ ဂေးဆိုတာနဲ့ ဖေ့စ်ဘွတ်ခ်ကြီးက ဖြိုးပြည့်စုံကို ပြပါတယ်။ ဆိုလိုတာက သူဟာ မိန်းမတွေကို စိတ်မ၀င်စားဘဲ ယေက်ျားချင်း ကြိုက်တယ်လို့ ပြောနေတာပါ။ တကယ်သာ ဆိုရင်တော့ ပျိုမေတွေ ရင်လေးစရာပါပဲ။ အောင်ထက် အမလေး ကွီးအောင်ထက်ရယ်။ အဖြစ်ကောင်းလိုက်ချည်လား။ ဖြစ်မယ်ဖြစ် ဆယ်လီမဖြစ်ဘဲ ဘောက်မယ့်ကြောင့် ဂေးဖြစ်ရသတုန်း။ သေချာကြည့်လိုက်မှ သူက ဖြိုးပြည့်စုံနဲ့ အယ်လဘမ် တွဲလုပ်ရင်း ကပ်ပါသွားတာ။ ညိမ်းသော် […]

ဝိညာဉ် များနှင့် ဆက်သွယ်စကားပြောသူ GHOST WHISPERER ဒေါ်အေးအေးမြင့်…

“သုသာန် မှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ ဒီစာရင်း အ၀င် အထွက်က သိရသလောက် ပြောရရင် ဘာတွေ့လဲဆိုတော့ လူတွေဟာ မသေခင်တလလောက်အလိုမှာ သေစာရင်းက သုသာန်မှာရောက်နေပါတယ်။ လူသားဘယ်လောက် နေကောင်းသည်ဖြစ်စေ ဒီလူသေတော့ မယ်ဆို သုသာန်မှာ စာရင်းက တလကြိုပြီးရောက်တဲ့ ထုံးစံရှိပါတယ်…” ”၀ိညာဉ်တွေရဲ့ ဘ၀က လေ့လာမိသလောက်ပြောရရင် အရမ်းဒုက္ခရောက်နေကြတာ များတယ်။ သေသေချာချာ ပြန်ကြည့်တော့လည်း သေဆုံးသွားတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းက မကောင်းတဲ့ ဘုံဘ၀ကိုရောက်နေကြ တာတွေ့ရတယ်”ဟု ဆိုသူသည် အသက် (၄၀) ကျော်ခန့်ရှိသည့် သန်လျင်မြို့နယ်နေ ၀ိညာဉ်များနှင့် ဆက်သွယ်မေးမြန်းပေးသည့် ဒေါ်အေးအေးမြင့် ဖြစ်သည်။ ဒေါ်အေးအေးမြင့်သည် လက်ရှိအချိန်၌ ၀ိညာဉ်အမြင်ဟောခြင်းအား လုပ်ဆောင်လျက်ရှိပြီး ၀ိညာဉ်မေးလို […]

ရွှေထူးရဲ့ အရင်ရည်းစား ဒါဒါတုန်းကလည်း အရမ်းတွေ ချစ်ပြခဲ့ဖူးတဲ့ ရွှေထူးမိခင်

ရွှေထူးရဲ့ အရင်ရည်းစား ဒါဒါတုန်းကလည်း အရမ်းတွေ ချစ်ပြခဲ့ဖူးတဲ့ ရွှေထူးမိခင် ရွှေထူးရဲ့ အမေကတော့ အခုလက်ရှိ ရွှေမှုန်ရတီနဲ့ သဘောတွေတူပြီး ပရိသတ်ကိုလည်း သူ့သားကို မဆဲကြဖို့ ရွှေမှုန်ရတီနဲ့ သဘောတူပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမယ့် အရင်ကလည်း သားဖြစ်သူရွှေထူးရဲ့ ရည်းစားဟောင်း ဒါဒါအပေါ် အရမ်းတွေချစ်ပြခဲ့ဖူးတဲ့ screen shot တွေ ထွက်ပေါ်လာတာတွေ့ရပါတယ်။ credit – Media GURU

ကြည့်ရှုသူသိန်းပေါင်းများစွာရှိနေတဲ့ ခေတ်အဆက်ဆက် အမျိုးသမီးတေးသံရှင်တွေကို ပေါင်းစည်းစေခဲ့တဲ့ တင်ဇာမော်ရဲ့ ပုထုဇဉ်သီချင်းသစ်

ပုထုဇဉ် သီချင်းအဆိုတော် Tin Zar Maw ၏ မွေးနေ့ Feb 7 တွင် ထုတ်ဝေခဲ့သော 7 Album ထဲမှ တေးရေး အောင်ကိုမြင့် ရေးစပ်ခဲ့သော သီချင်းတစ်ပုဒ်ဖြစ်ပါတယ် ။ လူသားအားလုံးနှင့် ပတ်သတ်သက်ဆိုင်သော စာသားစုဖြင့် မှတ်မှတ်ရရ ဖြစ်စေခဲ့သော ” ပုထုဇဉ်” သီချင်းကို အောက်တိုဘာ (၆)ရက်နေ့ မန္တလေးမြို့ မဟာမန္တလေးတွင် ပြုလုပ်ကျင်းပမည့် တင်ဇာမော်၏တစ်ကိုယ်တော် ” 7 Concert ” ပွဲ၏အမှတ်တရအဖြစ် ချ ပရိသတ်တွေကို တင်ဇာမော်က လက်ဆောင်ပြန်ပေးလိုက်ပါတယ် ။ ပရိသတ်တွေကို လက်ဆောင်အဖြစ်ပြန်ပေးလိုက်တဲ့ အလန်းစား ပုထုဇဉ် သီချင်း ဟာ မြန်မာနိုင်ငံရဲ့ […]

ပရိတ်သတ်တွေ ထင်မှတ်မထားအောင် ပြောင်းလဲသွားတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော်နှစ်ဦး

တစ်ချိန်က အတွဲညီညီနဲ့ ပရိသတ်တွေရဲ့ အပြုံးတွေကိုဖန်တီးပေးတဲ့ လူရွှင်တော်တွေဖြစ်တဲ့ ဖိုးဖြူနဲ့ ကင်းကောင်ဆိုရင် မှတ်မိကြဦးမယ် ထင်ပါရဲ့။ ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေ မှာ အမြဲလိုလို အတူတူတွဲတွေ့ရပြီး နောက်ပိုင်းဇာတ်ကားတွေမှာ သိပ်မပါတော့ပဲ ပရိသတ် တွေရှေ့ကို တစ်ခါတရံလောက်မှ ရောက်လာတတ်တဲ့ လူရွှင်တော်ကြီးနှစ်ဦးကို အရင် ကနဲ့မတူတဲ့ ပုံစံတစ်ခုနဲ့ ပြန်လည်တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နှစ်ယောက်သားအတွဲညီညီနဲ့ ချစ်ခင်နေပုံလေးက ကြည်နူးစရာပါပဲ။ လူရွှင်တော်ကြီး ဖိုးဖြူနဲ့ ကင်းကောင်တို့နှစ်ယောက်သား လိမ္မော်ရောင်ကောလိပ်ဂီတည အတွက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်းကျော်လူရွှင်တော်တွေအဖြစ်နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့ကြသူ တွေလည်းဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ပုံရိပ်လေးကိုတွဲမြင်ရတဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ တစ်ချိန်က ပျက်လုံး တွေကို ပြန်ပြီးသတိရမိစေမှာ အသေအချာပါပဲ။ နှစ်ယောက်သား အသက်ကြီးပေမယ့် […]