Month: March 2018

ဟားဗတ်တက္ကသိုလ် ပညာသင်ဆုရအောင်ကြိုးစားခဲ့တဲ့ လယ်သမားမိသားစုမှ ကောင်လေး

ဖိလစ်ပိုင်လူမျိုးတွေဟာ ဥာဏ်ကောင်းတာနဲ့ နာမည်ကြီးကြပါတယ်။ မမျှော်လင့်ထားတဲ့ လူတစ်ဦးချင်းစီနဲ့ အခြေအနေမှာတောင် သူတို့ဘယ်လောက်တော်ပြီး ကြိုးစားကြလည်းဆိုတာ တွေ့မြင်နိုင်ပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှာ ပညာရေးက အခမဲ့မဟုတ်ပါဘူး။ ပညာသင်ကြားရေးဟာ လူ့အခွင့်အရေးဆိုတာထက် စည်းစိမ်တစ်ခုလို့တောင်ပြောလို့ရပါတယ်။ နွမ်းပါးတဲ့အခြေခံလူတန်းစားမိသားစုက ကလေးငယ်တွေဆိုရင် ရေးတတ် ဖတ်တတ်ဖို့ အခြေခံလေ့လာရဖို့တောင် မနည်းကြိုးစားကြရရှာတာပါ။ အခုဖြစ်ရပ်လေးကတော့ စိုက်ပျိုးရေးကို အဓိကလုပ်ပြီး အသက်မွေးတဲ့ နွမ်းပါးတဲ့မိသားစုတစ်စုမှ ကောင်လေးတစ်ယောက်ရဲ့ ချီးကျူးအတုယူဖွယ်အကြောင်းဖြစ်ပါတယ်။ Romnick Blanco အမည်ရှိတဲ့ ဆယ်ကျော်သက်လေးကတော့ သူ့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လဝီရိယတို့နဲ့ တောက်ပတဲ့ အနာဂတ်ကို ထုဆစ်လျက်ရှိပါတယ်။ သူ့မိသားစုဟာ Sierra Madre တောင်ပေါ်ဒေသမှာ နေထိုင်တာဖြစ်ပြီး စပါးစိုက်ပျိုးရေးလုပ်တဲ့ တောင်သူလယ်သမားတွေဖြစ်ပါတယ်။ Rom ဟာ နေ့စဉ် နှစ်နာရီကြာအောင် မြစ်များစွာကို ဖြတ်ပြီး ကျောင်းကို ရောက်အောင် သွားလေ့ရှိသူဖြစ်ပါတယ်။ အတန်းတက်ရဖို့ မြစ်အသွယ်သွယ်၊ တောင်အဆင့်ဆင့်ကို ဖြတ်ပြီးမှ သွားရတဲ့ ကျောင်းသားလေးတွေထဲက တစ်ဦးပါ။ (၂၀၁၁)ခုနှစ်မှာတော့ Rom ဟာ ဖိလစ်ပိုင်ရှိ Green […]

လွန်ခဲ့တဲ့(၃)နှစ်က ပင်လယ်ထဲကျပျောက်သွားခဲ့တဲ့ကင်မရာကို အကောင်းတိုင်းပြန်ရခဲ့သူ

လွန်ခဲ့တဲ့ (၃)နှစ်နီးပါးက ပင်လယ်ထဲမှာ ကျပျောက်သွားခဲ့တဲ့ကင်မရာကို ထိုင်ဝမ်ကမ်းခြေတစ်ခုမှာ ပြန်တွေ့ခဲ့ပြီး ပိုင်ရှင်ကို နာရီ (၃၀)အတွင်းမှာ ပြန်ရှာနိုင်ခဲ့တဲ့အဖြစ်လေးပါ။ (၂၀၁၅)ခုနှစ်တုန်းက Serina Tsubakihara ဆိုတဲ့မိန်းကလေးဟာ ဂျပန်နိုင်ငံ၊ အိရှိဂါ့ခိကျွန်းမှာ ရေငုပ်ရင်း သူမရဲ့ Canon G12 ကင်မရာလေးကို ပင်လယ်ထဲ ကျပျောက်သွားခဲ့ပါတယ်။ ရေမွန်းနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီဖို့ လက်ထဲက ကင်မရာကို ပစ်ချမိခဲ့တာဖြစ်ပြီး ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ သူမက ထင်နေခဲ့ပါတယ်။ ဒါပေမယ့် ရေစိုခံကာဗာနဲ့ ထည့်ထားခဲ့တဲ့ ကင်မရာဟာ သမုဒ္ဒရာထဲ မျောလာရင်း ထိုင်ဝမ် Sauo ကမ်းခြေမှာ ပြန်ပေါ်လာခဲ့ပါတယ်။ (၁၁)နှစ်သားလေးတစ်ယောက်က သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေသန့်ရှင်းရေးလုပ်ရင်း ရှာတွေ့ခဲ့တဲ့ကင်မရာကို ဘယ်လိုလုပ်ရမလဲမသိတဲ့အတွက် ဆရာဖြစ်သူ ပါ့ခ်လီကို ပြခဲ့ပါတယ်။ ကင်မရာကာဗာမှာ ခရင်းကောင်လေးတွေနဲ့ အခြားရေနေသတ္တဝါတွေ ကပ်နေခဲ့ပေမယ့် နောက်ဆုံးမှာ ကာဗာထဲက ကင်မရာကို ထုတ်နိုင်ခဲ့ပါတယ်။ (၃)နှစ်နီးပါး ရေအောက်ထဲမှာ ရှိနေခဲ့တာတောင် ကင်မရာက အကောင်းအတိုင်းရှိနေသေးတဲ့အပြင် […]

နှစ်(၇၀)ကျော် နှိပ်စက်ခံရပြီးနောက် လွတ်မြောက်ခွင့်ရခဲ့လို့ မျက်ရည်ကျခဲ့ရှာတဲ့ ဆင်ကြီး

တိရိစ္ဆာန်များစွာဟာ မကြာခဏဆိုသလို ညှင်းပန်းနှိပ်စက်မှုတွေ ဒဏ်ကို ခံနေကြရတယ်ဆိုတဲ့ အချက်ဟာ တကယ့်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဆင်များစွာလည်း အလုပ်တွေကို ဖိနှိပ်ခိုင်းစေခံနေကြရပြီး အဓိက,ကတော့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ အခန်းကဏ္ဍအတွက်ပါ။ ဒါပေမယ့် အချို့လူတွေကလည်း အဲဒီ့လိုတိရိစ္ဆာန်လေးတွေကို ကယ်ဆယ်ဖို့ လုပ်ပြီး ညှင်းပန်းနှိပ်စက်ခြင်းကို ရပ်တန့်ဖို့ ကြိုးစားနေကြပါတယ်။ ဒီ (၇၃)နှစ်အရွယ် ဆင်ကြီးဟာလည်း ကံကောင်းစွာနဲ့ ကယ်ဆယ်ခြင်းခံခဲ့ရပါတယ်။ SookJai လို့ခေါ်တဲ့ ဆင်မကြီးဟာ အခြားဆင်များစွာလိုပဲ နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရပါတယ်။ သူမကို သခင်ဖြစ်သူက ချွန်းနဲ့ လေ့ကျင့်ခိုင်းစေခဲ့တဲ့အတွက် မျက်လုံးထိခိုက်ပျက်စီးခဲ့ရပြီး နားလည်း မကြားနိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ ဆင်ကယ်ဆယ်ရေးဖောင်ဒေးရှင်းကြောင့် SookJai လွတ်မြောက်ခွင့်ရခဲ့ပါပြီ။ သူမကို ဘေးကင်းလုံခြုံတဲ့ ဆင်ကယ်ဆယ်ရေးစခန်း နေရာသစ်ကို ရွှေ့ပြောင်းရတာ ခက်ခဲမှုတွေရှိခဲ့ပြီး နာရီ (၂၀)ကြာမြင့်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲခံခဲ့ရပြီးနောက် နောက်ဆုံးမှာ SookJai […]

၂၀၁၈ ဧပြီလမှာ တိုးပေးနိုင်ချေရှိသော လစာနှုန်းထား

၂၀၁၈ ဧပြီလမှာ တိုးပေးနိုင်ချေရှိသော လစာနှုန်းထား အခြေခံ အောက်ဆုံးအဆင့်များ ၁။ ၁၂၀၀၀၀ မှ ၂၄၀၀၀၀ ၂။ ၁၃၅၀၀၀ မှ ၂၇၀၀၀၀ ၃။ ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အခြေခံ အလယ်အလတ် အဆင့်များ ၄။ ၁၆၅၀၀၀ မှ ၃၂၀၀၀၀ ၅။ ၁၈၀၀၀၀ မှ ၃၅၀၀၀၀ ၆။ ၁၉၅၀၀၀ မှ ၃၈၀၀၀၀ ၇။ ၂၁၀၀၀၀ မှ ၄၀၀၀၀၀ အထက်တန်း လစာ ရသူများ ၈။ ၂၅၀၀၀၀ မှ ၄၅၀၀၀၀ ၉။ ၂၈၀၀၀၀ မှ ၅၀၀၀၀၀ ၁၀။ ၃၁၀၀၀၀ […]

အမျိုးသမီးစစ်စစ် တစ်ယောက် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည့် Gym သင်တန်းနည်းပြ

မလေးရှားနိုင်ငံမှာ Gym လေ့ကျင့်ရေးရုံဖွင့်လှစ်ပြီး၊ သင်တန်းနည်းပြအဖြစ် လုပ်ဆောင်နေကြတဲ့ သူတွေအားလုံးတိုင်းဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာတော့ Gay တွေ Tran တွေ မရှိသလောက်နည်းပါးတယ်။ အမျိုးသမီးကာယအလှသင်တန်းကျောင်းမှာဆိုရင်လည်း အမျိုးသမီးစစ်စစ်တွေ ဦးစီးတာ များသလို၊ အမျိုးသားကာယဗလသင်တန်းမှာဆိုရင်လည်း နည်းပြတွေဟာ အမျိုးသားတွေပါဘဲ။ နောက်ပြီး မလေးရှားနိုင်ငံ ဥပဒေအရ လိင်ပြောင်းခံယူခွင့်ဟာ တရားမ၀င်ပါဘူး။ Gym သင်တန်းဖွင့်လှစ်ထားပြီး၊ ကိုယ်တိုင်သင်တန်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ El Lye လို့ အမည်ရတဲ့ သူကတော့ သူဟာ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း worldofbuzz မှာ ထုတ်ဖော်ဝန်ခံခဲ့ပါ ဖော်ပြခဲ့ပါတယ်။ Lye ရဲ့ ၀န်ခံချက်ဟာ ဒေသခံတွေကို အံ့သြစေရုံသာမက သင်တန်းတက်နေသူတွေကိုပါ အူလည်လည် ဖြစ်သွားစေခဲ့ပါတယ်။ သူဟာ အခုအချိန်ထိ ဥပဒေအရ တရားမ၀င်တဲ့ လိင်ပြောင်းအမျိုးအသားအဖြစ် […]

မြန်မာလက်ရာ ရွံ့ဖြင့်ထုလုပ်နေဆဲ မင်းသားကြီးဦးကျော်သူရဲ့ပုံတူလက်ရာ

လန်ဒန်က ဖယောင်းရုပ်ထုနေခဲ့တော့ မြန်မာလက်ရာ ရွံ့ဖြင့်ထုလုပ်နေဆဲ မင်းသားကြီးဦးကျော်သူရဲ့ပုံတူလက်ယာ ပန်းပုဆရာလေးကို ဂုဏ်ပြုပေးကြပါ လက်ရာ ကြိုက်ရင် Share ပါ Credit: Original uploader

အာနန္ဒာ ဂူဘုရားကြီးမှ ကမ္ဘာအကြီးဆုံး စိန်​ပြာကြီး​ပျောက်​ဆုံးမူ

ဆရာစိုင်းလွင်​ဦး ဆီမှကူးယူ​ဖော်​ပြသည် အာနန္ဒာဘုရားမှပျောက်ဆုးံသွားသော စိန်ပြာကြီး(ဝါ)ကျိမ်စာသင့်သည်ဟုယုံကြည်ခဲ့ကြသော စိန်ပြာကြီး(ဟုပ်စိန်ကြီး) ဟုလည်းခေါ်သည်။ ။ အာနန္ဒာဘုရားမှပျောက်ဆုးံသွားသောစိန်ပြာကြီး(၁)။ ။ မြန်မာနိုင်ငံတွင်အပြာရောင်စိန်(စိန်ပြာကြီး)နှင့်ပတ်သက်၍ကမ္ဘာကျော်ခဲ့သော ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့ဘူးလေသည်။ပုဂံအာနန္ဒာဘုရားမုခ်ဝရှိ ဗုဒ္ဓရုပ်ပွားတော်၏ သင်းကျစ်တော်တွင် တပ်ဆင်ပူဇော်ထားသော စိန်ပြာကြီးကို ခိုးယူသွားရာ လက်ဝယ်ရရှိသူများအားလုးံ ကျိန်စာသင့်သည့်အလား ဘေးအန္တရာယ်အသွယ်သွယ်ကြုံတွေ့ရသည့် စိန်ပြာကြီး၏ အကြောင်းမှာ လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဂျိုးဇက် တဗားနီးယားသည် ပြင်သစ်ကျောက်ကုန်သည် တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ မကြာခဏရောက်ရှိပြီး မိုင်ဆိုး မဟာရာဇာစော်ဘွားကြီး၏ အကူညီဖြင့် ကျောက်မျက်ရတနာ အရောင်းအဝယ်ပြုလုပ်နေသူဖြစ်သည်။မိုင်ဆိုးမဟာရာဇာစော်ဘွားကြီးမှာ ချမ်းသာကြွယ်ဝသူဖြစ်သူပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုးံအဖိုးထိုက်တန်သော ကျောက်မျက်ရတနာများကို ဆုစောင်းသူအဖြစ်နာမည်ကျော်ကြားလေသည်။ ဂျိုးဇက်တဗားနီးယားသည် မိုင်ဆိုးမဟာရာဇစော်ဘွားကြီးနှင့်တနေ့သောအခါ တွေ့ဆုံကြရာ စော်ဘွားကြီး၏ အရည်အသွေးအလွန်ကောင်းလှသော စိန်ပြာကိုအံ့သြချင်းများစွာဖြစ်ခဲ့ရလေသည်။ကမ္ဘာပေါ်တွင် ဤတလုးသာရှိမည်ထင်ကြောင်း ချီးကြုးပြောဆိုရာ စော်ဘွားကြီးက မိမိစိန်ပြာသည် […]

အလုပ်ပြုတ်ခံပြီး ဘောလုံးပွဲကိုသွားရောက်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦး

ဟိုင်ပိုလို့ အမည်ရတဲ့ ဟောင်ကောင်လူငယ်လေးတစ်ဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီက ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တီဗွီကနေ ကြည့်ရှုခဲ့ရင်း အသင်းတစ်သင်းကို နှစ်ခြိုက်သဘောကျခဲ့ပြီး အခုချိန်ထိ အရူးအမူးအားပေးနေဆဲဖြစ်ပါတယ်။ အဲဒီအသင်းဟာ ပို့စ်မောက်အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ လိဂ် 1 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားလျှက် ရှိနေပါတယ်။ ဟိုင်ပိုဟာ ပို့စ်မောက်အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့ပုံတွေကြောင့် စတင်အားပေးခဲ့တာ ဖြစ်သော်လဲ၊ နောက်ပိုင်းမှာတော့ အဲဒီကလပ်ဟာ ပြိုင်ပွဲအဆင့်ဆင့် တန်းဆင်းခဲ့ရသည့်တိုင်အောင် သူကတော့ အသင်းပြောင်းလဲ အားပေးခဲ့ခြင်းမရှိပဲ၊ ပို့စ်မောက်အပေါ် သစ္စာရှိရှိရနဲ့ အားပေးခဲ့ပါတယ်။ သူဟာ သူအားပေးတဲ့ ပို့စ်မောက်အသင်းရဲ့ ပွဲစဉ်တွေကို တီဗွီကနေ အားပေးဖို့ မဖြစ်နိုင်တော့တာကြောင့် မိုင်ပေါင်း 6000 ကျော် ဝေးကွာလွန်းတဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ […]

ဟောလိဝုဒ်က နာမည်ကြီး မင်းသမီး (၃၀) နီးပါးကို ခြေတော်တင်ခဲ့တဲ့ ပရိုဂျူဆာကြီး

(၂၅) နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်မင်းသမီး Cara Delevingne ဟာ ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ဟာ သူမကို လိင်ပိုင်းဆိုင်ရာ ထိပါးခဲ့ကြောင်း တွတ်တာ (Twitter) မှာ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။ “Paper Towns” ရုပ်ရှင်အတွက် ပြင်ဆင်တုန်းက သူမဟာ Bisexual ဖြစ်တဲ့အတွက် ဟောလီးဝုဒ်မှာ တခြားမင်းသမီးတွေလို နာမည်ကြီးဖို့ မလွယ်ကြောင်း၊ သူနဲ့အိပ်ပြီးမှ အောင်မြင်သွားကြတဲ့ မင်းသမီးတွေဟာ အများကြီးရှိကြောင်း Harvey Weinstein က ပြောဆိုခဲ့တာကို ရင်ဖွင့်ထားပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးအတွက် ဟိုတယ်မှာ ဆွေးနွေးတုန်းက တခြားသရုပ်ဆောင်တွေ ထွက်သွားတဲ့အချိန်မှာ Harvey Weinstein က ဆွေးနွေးစရာရှိသေးလို့ အခန်းထဲမှာ နေခဲ့ဖို့ ခိုင်းစေခဲ့ပါတယ်။ […]

လူမသိသူမသိ ထူးဆန်းစွာ ဘာလီကျွန်းပေါ် ရောက်နေခဲ့တဲ့ ဘိုရင်း(၇၃၇)လေယာဉ်

အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က ဆီလာတန် အဝေးပြေးလမ်းမကြီးရဲ့ ဘေးတစ်နေရာမှာ ဘိုးရင်း(၇၃၇) လေယာဉ်တစ်စင်းဟာ (၂၀၁၆)ခုနှစ်တည်းက ရောက်ရှိနေပါတယ်။ လေယာဉ်ဟာ အဲဒီနေရာကို ဘယ်လိုရောက်လာသလဲဆိုတာ ဒီနေ့ဒီအချိန်အထိ ဒေသခံတွေကိုယ်တိုင် မသိကြပါဘူး။ လေယာဉ်ရဲ့ပိုင်ရှင်ကို ဘယ်သူမှ မသိကြသလို လေယာဉ်ကိုယ်ထည်ပေါ်မှာလည်း ဘယ်လေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်မှ မပါရှိပါဘူး ။ ဒါပေမယ့်လည်း ကမ္ဘာ့လှည့် ခရီးသည်တွေအတွက်တော့ အဲဒီလေယာဉ်တည်ရှိတဲ့ ခြံဝင်းဟာ ဘာလီကျွန်းရောက်ရင် လည်ပတ်စရာနေရာတစ်ခု ဖြစ်လို့နေပါပြီ။ လေယာဉ်တည်ရှိရာ ခြံဝင်းကိုတော့ ကမ္ဘာ့လှည့်ခရီးသည်တွေအပြင် စိတ်ဝင်စားတဲ့ ဒေသခံတွေကလည်း လာကြည့်လေ့ရှိတာကြောင့် နေ့စဉ်လိုလို စည်ကားနေပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် လုံခြုံရေးတွေ ချထားရပါတယ်။ ဒေသခံတစ်ချို့ကတော့ အဲဒီလေယာဉ်ပိုင်ရှင်ဟာ စားသောက်ဆိုင်ဖွင့်ဖို့ ဒီလေယာဉ်ကို လူမသိအောင် ခြံဝင်းထဲ […]