Day: March 10, 2018

ကားခိုးမှုနဲ့ ရုံးတင်စစ်ဆေးခံနေရသူက ထပ်ခိုးထားတဲ့ကားနဲ့ တရားရုံးကိုလာခဲ့တဲ့ဖြစ်ရပ်

အမေရိကန်နိုင်ငံ ဟာ့ဖို့ဒ်မြို့က အမျိုးသားတစ်ဦးဟာ ကားခိုးထားတဲ့အမှုနဲ့ ခုံရုံးတင်စစ်ဆေးခံဖို့ ထပ်ခိုးထားတဲ့ ကားနဲ့ တရားရုံးသို့ သွားခဲ့ကြောင်း ရဲများက ထုတ်ပြန်ခဲ့ပါတယ်။ (၂၅)နှစ်အရွယ်တရားခံ Jonathan Rivera ဟာ ဖေဖော်ဝါရီ (၁၇)ရက်နေ့က ကားခိုးမှုကျူးလွန်ခဲ့တဲ့အတွက် ခိုးမှုအဆင့် ပထမဒီဂရီနဲ့ တရားစွဲဆိုခံထားရပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခုံရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ တရားခံက တရားရုံးထဲမှာ အစစ်ဆေးခံနေခဲ့စဉ် သက်ဆိုင်ရာတွေက ရုံးအပြင်ကားပါကင်ကို စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေကြောင်းတိုင်ကြားထားတဲ့ လိုင်စင်ပလိတ်နဲ့ ကားတစ်စီးကို တွေ့ရှိခဲ့ကြပါတယ်။ Newington မြို့မှ ခိုးယူလာခဲ့တဲ့ ကားတစ်စီးဖြစ်ပြီး ရဲတွေရှာတွေ့ချိန်မှာ ကားသော့ခလုတ်လည်း ကားထဲမှာ ရှိနေခဲ့တယ်ဆိုပါတယ်။ ကားကို ဆက်စောင့်ကြည့်နေခဲ့ကြတဲ့ ရဲတွေက တရားခံ Rivera တရားရုံးထဲမှ ထွက်လာပြီးနောက် ၎င်းကားကို မောင်းထွက်သွားတာ တွေ့ခဲ့ကြတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ကြရပါတယ်။ အခုဆိုရင် Rivera ကို ခိုးမှုအဆင့်ဒုတိယဒီဂရီနဲ့ ထပ်မံတရားစွဲဆိုထားကြောင်း သိရပါတယ်။ […]

သမိုင်းထဲက ပျောက်ဆုံးနေသော နာမည်ကျော် ရတနာသိုက်များ

ကမ္ဘာ့သမိုင်းတစ်လျောက်မှာ ရတနာသိုက်တွေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ကွယ်ဝှက်ထားတဲ့ရတနာသိုက်တွေအကြောင်းကြားဖူးမှာပါ ။  ပင်လယ်ထဲမှာ နစ်မြုပ်သွားတဲ့ရတနာသိုက်မျိုး ဒါမှမဟုတ် တောနက်ကြီးထဲမှာ ရဲရင့်တဲ့ ရတနာသိုက်ရှာဖွေသူကိုစောင့်နေတဲ့ရတနာသိုက်တွေလည်းရှိနေတယ် ။ ကျွန်ုပ်တို့နဲ့အတူ ပူးပေါင်းပြီးတော့ ပျောက်ဆုံးနေတဲ့ ရတနာသိုက် ၉ ခုကို ရှာဖွေလိုက်ရအောင် … ၁ ပျောက်ဆုံးနေသောရွှေမြို့တော် ပက်တီတီ မြို့တော် လို့ခေါ်တဲ့ အင်ကာဒဏ္ဍာရီထဲက ရွှေမြို့တော်ရဲ့ အကြောင်းကတော့ နာမည်ကြီးတဲ့ ပုံပြင်တစ်ခုပါပဲ ဒီပျောက်ဆုံးနေတဲ့မြို့တော်ဟာ ပီရူးဗီယန် အမေဇုန် တောအုပ်ထဲက နက်ရှိင်းတဲ့နေရာတစ်ခုမှာရှိနေပြီးတော့ နောက်ဆုံးအသက်ရှင်ကျန်ခဲ့တဲ့အင်ကာ က ဒီရွှေမြို့တော်ကို စောင့်ရှောက်နေပါတယ် ။ ၂ . Lake Guavita ပျောက်ဆုံးနေတဲ့ ရတနာသိုက်ဆိုတာက မြို့ဟောင်းတွေတင်မကပါဘူ…Guavita ရေကန်လည်းတစ်ခုအပါဝင်ဖြစ်တယ် ။ ဒေါ်လာ […]

ရုပ်သံအစီအစဉ်တွေ ဖန်တီးတော့မယ့် အိုဘားမား ဇနီးမောင်နှံ

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားဟာ ကမ္ဘာကျော် ရုပ်သံချန်နယ်တစ်ခုဖြစ်တဲ့ Netflix နဲ့ ရုပ်သံ အစီအစဉ်တွေ ဖန်တီးဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ Netflix က အိုဘားမားနဲ့ သူ့ဇနီးမီရှဲလ်တို့ စိတ်ကြိုက်အစီအစဉ် ရွေးချယ်ခွင့်ပေးမယ်လို့ ကမ်းလှမ်းထားပြီး အစီအစဉ် အမျိုးအစား၊ အပိုင်းအရေအတွက်တွေကိုတော့ ညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။ တကယ်လို့သာ အိုဘားမား ဇနီးမောင်နှံနဲ့ Netflix တို့ သဘောတူညီချက်ရခဲ့ရင်တော့ Netflix ချန်နယ်ကြည့်ရှုခွင့်ယူထားတဲ့ လူပေါင်း(၁၁၈)သန်းဟာ အိုဘားမား ဇနီးမောင်နှံဖန်တီး ထားတဲ့ ရုပ်သံအစီအစဉ်တွေကို ရှုစားရမှာပဲဖြစ်ပါတယ်။ အိုဘားမားဟာ လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကို ဝေဖန်တဲ့ နိုင်ငံရေးအစီအစဉ်တွေကိုတော့ လုံးဝရိုက်ကူးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အိုဘားမားဖန်တီးချင်တဲ့ အစီအစဉ်ကတော့ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးမယ့် ကိုယ်တွေ့ဇာတ်လမ်းတိုလေးတွေပါ။ ဒါပေမယ့် Netflix […]

လက်ပြတ် ၂၇ စုံပါသည့် ထူးဆန်းသော အိတ်တစ်လုံး ရုရှားနိုင်ငံတွင် တွေ့ရှိ

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား အရှေ့ဖျားဒေသရှိ ရေခဲမြစ်တစ်ခု၏ လူသိများသော ငါးမျှားစခန်းတစ်ခုအနီးတွင် ထူးဆန်းသော အိတ်တစ်လုံးအတွင်းမှ လက်ပြတ် ၂၇ စုံကို ဒေသခံများက ရှာဖွေ တွေ့ရှိခဲ့ကြသည်။ အဆိုပါ ရေခဲမြစ်သည် တရုတ်နိုင်ငံနယ်စပ်နှင့် နီးကပ်စွာ တည်ရှိသည်။ ဒေသခံတစ်ဦးသည် ထူးဆန်းသော အိတ်အတွင်းမှ ထွက်ကျနေသော လက်ပြတ်တစ်ဖက်ကို စတင်တွေ့ရှိခဲ့ပြီးနောက် ယင်းလက်ပြတ်အနီးတွင် အိတ်တစ်လုံးကိုပါ တပါတည်း တွေ့ရှိခဲ့ကြသည်။ အိတ်ကို တွေ့ရှိခဲ့သော ဒေသခံများသည် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြပြီး ရဲများကို အကြောင်းကြားခဲ့သည်။ ရဲများ ရောက်ရှိလာချိန်တွင် တွေ့ရှိသော အိတ်ကိုဖွင့်ကြည့်ရာမှ ကျန်လက်ပြတ် ၅၃ ဖက် ကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လက်ပြတ် အချို့သည် ပုံစံပျက်ယွင်းနေကြပြီး အချို့မှာ လက်ချောင်းများ […]

သည်းထိတ်ရင်ဖိုဆယ်ဖီတွေ ရိုက်လေ့ရှိတဲ့စုံတွဲရဲ့ ကရိန်းပေါ်က ဗီဒီယိုရိုက်ချက်

ထိုင်းနိုင်ငံ၊ ပတ္တရားပင်လယ်ကမ်းခြေမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကရိန်းတစ်ခုပေါ်တက်ပြီး အန္တရာယ်များလှတဲ့ ဆယ်ဖီဗီဒီယိုရိုက်ခဲ့ကြတဲ့ ရုရှားစုံတွဲတစ်တွဲက ထိုင်းဘက်မှာ တော်တော် hot သွားခဲ့ပါတယ်။ ပတ္တရားပင်လယ်အော်ရဲ့ အလှနဲ့ ဆယ်ဖီရိုက်ချင်တာကြောင့် ဟိုးအမြင့်ထိတက်ပြီးကို စွန့်စားရိုက်ကူးခဲ့ကြဟန်တူပါတယ်။ ၎င်းစုံတွဲဟာ Bali Hai ဆိပ်ခံတံတားနားရှိ အဆောက်အအုံဟောင်းတစ်ခုရဲ့ ထိပ်ပေါ်က ကရိန်းကြီးတစ်ခုပေါ်မှာ ဆယ်ဖီတက်ရိုက်ခဲ့ကြတာပါ။ သူတို့ဘယ်သူလဲဆိုတာ စုံစမ်းလိုက်ချိန်မှာတော့ ကမ္ဘာပတ်ပြီး အမြင့်တွေပေါ်မှာ သည်းထိတ်ရင်ဖိုဆယ်ဖီတွေ ရိုက်တင်နေကျဖြစ်တဲ့ Angela Nikolau နဲ့ Ivan Beerkus တို့ဖြစ်နေခဲ့ပါတယ်။ Angela ဟာ ကမ္ဘာပေါ်မှာ အစွန့်စားရဲဆုံးဆယ်ဖီကောင်မလေးတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးရဲ့ follower (၄)သောင်းကျော်တဲ့ Instagram အကောင့်မှာ အန္တရာယ်များတဲ့အမြင့်တွေပေါ်က ဆယ်ဖီတွေတင်လေ့ရှိပါတယ်။ သူတို့နှစ်ဦးရဲ့ ပေါ့ပါးဖျတ်လတ်ပုံပေါ်နေတဲ့ အကြောင်းရင်းကလည်း ယောဂသမားနဲ့ ကျွမ်းဘားသမားတို့ဖြစ်နေလို့ပါပဲ။ […]

မြန်မာ့ ရုပ်ရှင်လောကအတွက်တော့ ရှက်ဖွယ် လိလိ ဖြစ်ဦးတော့မယ်

ထိုင်းက ပထမဦးဆုံး ဆူရီယိုထိုင်း ရိုက်တယ် အဲဒီကားမှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင် တို့ ပထမဦးဆုံးအကြိမ် ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အကြောင်း ရိုက်ပြထားတယ်… (အဖြစ် ရိုက်တဲ့ ဘန်ရဂျန်းလို ပေစုတ်စုတ်ကားကို ထည့်မတွက်ပါ) ဒုတိယကားအနေနဲ့ နရဲစွမ်း ထွက်တယ်… ဒေါ်လာသန်းချီ အကုန်ခံရိုက်တယ်… မြန်မာနိုင်ငံကိုလာပြီး ကမ္ဘောဇသာဒီနန်းတော် ပုဂံနန်းတော်နဲ့ မန္တလေးနန်းတော်တို့ အမျိုးသားပြတိုက်တို့ကိုလာပြီး ဓါတ်ပုံရိုက် ထိုင်းမှာ မြန်မာနန်းတော် အတုတစ်ခု ကြီးကျယ်ခန်းနားစွာ ပြန်ဆောက်ပြီး ရိုက်တယ်။ ရိုက်တဲ့နေရာမှာ အဝတ်အစား costume တွေကို တခန်းတနားနဲ့ ပြင်ဆင်တယ်… အသုံးပြုတဲ့ စစ်မြင်းတွေကို သြစတေးလျကနေ မှာတယ်… the lord of the ring […]

အမျိုးသမီးများလက်ထပ်လျှင် ပြီးပြည့်စုံတဲ့အမျိုးသားကို စောင့်မနေဖို့ တရုတ်အစိုးရသတိပေး

တရုတ်အမျိုးသမီးငယ်များ အိမ်ထောင်ဘက်ရွေးချယ်ရာမှာ ပြီးပြည့်စုံတဲ့လူကိုပဲ စောင့်မျှော်နေတဲ့ အိပ်မက်တစ်ခုကို စွန့်လွှတ်ပြီး တော်ရုံသင့်တော်သူလောက်တွေ့ခဲ့ရင် လက်တွဲဖို့ အစိုးရက တိုက်တွန်းလျက်ရှိပါတယ်။ လက်ရှိတရုတ်နိုင်ငံမှာ ပင်စင်စား သက်ကြီးရွယ်အိုဦးရေသာ တိုးလာပြီး မွေးဖွားနှုန်း ကျဆင်းလာတဲ့အတွက် အခုလိုထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းထုတ်ပြန်ချက်စာကို People’s Daily သတင်းစာမှာ ပုံမနှိပ်ခင် Sichuan Daily သတင်းစာမှာ အရင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးမှာ ရေးထားတာကတော့- “အိမ်ထောင်ရေးဆိုတာ တစ်ဦးနဲ့တစ်ဦးသည်းခံပြီး တည်ဆောက်ရတာပါ။ အရာရာကိုယ့်သဘောအတိုင်း မဖြစ်နိုင်ပါဘူး။ အားလုံးပြည့်စုံရမယ်ဆိုတဲ့ အယူအဆကို ပြောင်းလဲပြီး လက်တွေ့ဘဝကို ပြန်လာပါ။ အရာရာမပြီးပြည့်စုံပေမယ့် သင့်ဘဝက ပျော်ရွှင်မှာပါ” ဆိုကာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံမှာ (၂၀၁၅)ခုနှစ်အထိ ရှိခဲ့တဲ့ အိမ်ထောင်တစ်ခုကို ကလေးတစ်ယောက်သာ မွေးရမယ်ဆိုတဲ့ ဥပဒေကြောင့် အခုဆိုရင် ယောက်ျားမိန်းမဦးရေ မညီမျှမှုတွေဖြစ်လာပါပြီ။ အိမ်ထောင်မပြုခြင်းကြောင့် မွေးဖွားနှုန်းတွေ ကျဆင်းလာပြီး လာမယ့် ဆယ်စုနှစ် (၃)စုအတွင်းမှာ လူပျိုအပျိုဦးရေ သန်း (၃၀)အထိ တိုးလာနိုင်တဲ့အကြောင်းကို အစိုးရက […]

ကမ္ဘာပေါ်က တာဇံစစ်စစ် Korowai လူမျိုးစုအကြောင်း

ကမ္ဘာပေါ်က တာဇံစစ်စစ် Korowai လူမျိုးစုတွေနဲ့တွေ့ဆုံလိုက်ပါ ။ သူတို့ကိုစိတ်ဆိုးအောင်လုပ်ရင်တော့  သင့် ကိုချက်စားချင်ချက်စားနိုင်တယ် ။ နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကာလမှာ လွန်ခဲ့တဲ့နှစ်ရာချီလောက်က ဘိုးဘွားတွေနေခဲ့တဲ့ ရှေးဟောင်းဓလေ့တွေအတိုင်းနေထိုင်ကြတဲ့လူမျိုးစုတွေရှိနေသေးတယ်ဆိုတာ မှန်းဆဖို့တောင်ခက်ခဲပါတယ် ။ ဒါပေမယ့် ကမ္ဘာ့အပြင်ဘက်နဲ့ အဆက်အသွယ်ဖြတ်ထားပြီး လူထုရဲ့စောင့်ကြည့်မှုနဲ့ ကင်းလွတ်နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ချို့ရှိနေပါတယ် ။ ပစိဖိတ် ကျွန်းစုတွေ အက်ဒမန်ကျွန်းစုတွေနဲ့ အာဖရိကမှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ချို့ဟာ သူတို့ရဲ့ရှေးဟောင်းဓလေ့ထုံးစံအတိုင်းနေထိုင်ကြပါတယ် ။ အခုဖော်ပြမှာကတော့ ပြင်ပကမ္ဘာနဲ့ဝေးကွာနေတဲ့ အံ့သြစရာကောင်းလွန်းတဲ့ Korowai ဆိုတဲ့တိုင်းရင်းသားမျိုးနွယ်စုအကြောင်းပါ ။ Korowai လူမျိုးစုတွေအကြောင်းကျွန်တော်တို့မြင်မြင်ချင်းသိနိုင်တာကတော့ သူတို့က တကယ့်တာဇံတွေပါပဲ သူတို့ကို စိတ်ဆိုးအောင်လုပ်ရင်တော့ သင့် ကိုချက်စားချင်ချက်စားနိုင်တယ် ။ သစ်ပင်အိမ်တွေကို သင်သဘောကျလား ? ဒါဆိုရင်တော့ မြေပြင်ကနေ […]

နှစ် (၃၀) လုံးလုံး ဟော်တယ်ထဲနေပြီး အတွဲချောင်းလာတဲ့ အမျိုးသား

Gerald Foos ဆိုတဲ့ အမျိုးသားဟာ Colorado မှာ နေထိုင်ပြီး သူဟာ ဟော်တယ်အပိုင်တစ်လုံးရှိသူဖြစ်ပါတယ်။ဒီဟော်တယ်နာမည်ကတော့ The Manor House Hotel ပဲဖြစ်ပါတယ်။သူဟာ ဟော်တယ်ပိုင်ရှင်ဖြစ်ပေမယ့် စုံတွဲတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ ဝင်ရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ 1966 ခုနှစ်ကနေ စပြီး Gerald Foos ဟာ သူ့ဟော်တယ်ကို လာတည်းသမျှ အမျိုးသမီးတွေနဲ့ စုံတွဲတွေရဲ့ အခန်းကို နှစ် 30 တိတိ ချောင်းကြည့်ခဲ့တဲ့ ချောင်းကြည့်ဆုံး လူသားဖြစ်ပါတယ်။သူဟာ အခန်းတွေတိုင်းမှာ လျှို့ဝှက်အပေါက်တွေ ဖောက်ပြီး လုံခြုံတဲ့ နေရာကနေ ချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းမရပြီးချိန်ထိ ဒီလို အလုပ်ကို လုပ်နေတာဖြစ်ပါတယ်။နောက်တော့ သူ့မိန်းမကိုပါ ခေါ်ပြပြီး ချောင်းကြည့်သူဟာ နှစ်ယောက်ဖြစ်သွားပါတယ်။သူတို့ဟာ […]

အိမ်ပြင်ရာမှ မြေအောက်မြို့တော်ကြီးတစ်ခုလုံးကို မတော်တဆရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ်

အိမ်ပြင်နေစဉ်မှာ စိတ်ဝင်စားစရာလေးတွေ ရှာတွေ့တတ်ပါတယ်။ ကံကောင်းရင် ရတနာတို့ ငွေတို့တွေ့နိုင်ပြီး ကံဆိုးရင် ခြသိုက်တို့ မြွေတို့ တွေ့ရနိုင်ပါတယ်။ ဒီလူဆိုရင်တော့ ပျောက်ဆုံးနေတဲ့ မြေအောက်မြို့တော်ကြီးတစ်ခုလုံးကို ရှာတွေ့ခဲ့ပါတယ်။ (၁၉၆၃)ခုနှစ်က တူရကီနိုင်ငံရဲ့ Nevşehir ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အိမ်ရှင်အမျိုးသားက အိမ်ပြင်နေစဉ် ခေါက်မိခဲ့တဲ့ အိမ်နံရံတစ်နေရာကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အခန်းတစ်ခန်းကို တွေ့ခဲ့ရပါတယ်။ အခန်းထဲဝင်ပြီး လမ်းဆက်လျှောက်ကြည့်လိုက်ချိန်မှာတော့ သာမန်အခန်းမဟုတ်ဘဲ ရှုပ်ထွေးတဲ့ လိုဏ်ခေါင်းတွေဖြစ်နေတာသိခဲ့ရပါတယ်။ နှစ်ပေါင်းရာချီပျောက်ဆုံးနေခဲ့တဲ့ (၁၈)လွှာရှိ Derinkuyu မြေအောက်မြို့တော်ကြီးဖြစ်နေခဲ့တာဖြစ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေ၊ လိုဏ်ခေါင်းတွေ၊ ရေတွင်းတွေ၊ စင်္ကြန်လမ်းတွေ၊ လေဝင်ပေါက်တွေ ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။ သဘာဝအတိုင်းစီးနေတဲ့ မြေအောက်ရေကိုသာ အသုံးပြုခဲ့ကြပြီး အဆိပ်အတောက်အန္တရာယ်ကင်းအောင် ရေတွင်းများကို အထက်မြေပြင်နဲ့ဆက်ထားခြင်းမရှိပါဘူး။ မြေအောက်မြို့ထဲမှာ သီးသန့်အိမ်ခန်းတွေအပြင် […]