Day: March 11, 2018

ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။ ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ […]

ဆယ်တန်း မဖြေနိုင်တာနဲ့ပဲ ဘ၀ကြီးစုတ်ပြတ်သွားပြီလို့ ထင်နေတဲ့ ရွှေမြန်မာတို့ရဲ့အတွေးအမြင်တွေကို ပြောင်းပစ်ခဲ့သူတစ်ဦး

ကျွန်တော် ဆယ်တန်းဖြေခဲ့တုန်းက မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ဘဲ ဆယ်တန်းမှာ ကျွန်တော့်လိုပဲ ရိုးရိုးသမာရိုးကျသာဖြေနိုင်ခဲ့တဲ့ ကျောင်းသား/သူများ စိတ်အားတက်ကြွစေရန်အလို့ငှာ ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဆယ်တန်းမှာ မအောင်လို့ဖြစ်စေ သို့မဟုတ် ရိုးရိုးအောင်ရင် ဖြစ်စေ ဘ၀ကြီးကသုံးစားလို့မရတော့ဘူးလို့ ထင်နေတဲ့ ကျွန်တော်တို့ ရွှေ မြန်မာတွေရဲ့အမြင်ကို ပြောင်းစေချင်လို့ပါ။ အထူးသဖြင့် ဒီဆောင်းပါးကို ဆရာ၊ ဆရာမတွေ၊ လက်ရှိ မိဘ ဖြစ်နေသူတွေနဲ့ မိဘဖြစ်မယ့်သူ ၊ဘ၀ကိုတိုးတက်အောင်မြင်လိုသူ တွေ ဖတ်သင့်ပါတယ်။ ကျွန်တော် ဆယ်တန်းကို Bio တွဲနဲ့ ၂၀၀၅ခုနှစ်မှာ ဖြေဆိုအောင်မြင်တုန်းက အမှတ် ၄၀ကျော် ၂ဘာသာနဲ့ ကျန်တာ ၅၀ကျော်နဲ့ စုစုပေါင်း ရမှတ် ၃၂၆မှတ် ဖြစ်ပါတယ်။ (အောက်မှာ ဆယ်တန်း […]

7 Day သူရဲကောင်းဆုနှင့် မထိုက်တန်သေးကြောင်း အောင်လအန်ဆန်ဆို

7 Day News ကရွေး ချယ်သည့် 7 Day သူရဲကောင်း (7Day Hero) ဆု မထိုက်တန်သေးဘဲ ကြိုးစားရန် လိုအပ်နေသေးကြောင်း MMA ကမ္ဘာ့ဝိတ်တန်းနှစ်ခု ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြောသည်။ ၂၀၁၇ အတွင်း ကိုယ်ကျိုးမဖက်ဘဲ အများပြည်သူ အကျိုး သက်စွန့်ဆံဖျား စွမ်းဆောင်ခဲ့သူများနှင့် မိမိနယ်ပယ်တွင်နိုင်ငံဂုဏ် တက်အောင်စွမ်းဆောင်ခဲ့သူစုစု ပေါင်း ငါးဦးအား၂၀၁၇ 7 Day သူရဲကောင်းဆုအဖြစ် 7 Day News က ရွေးချယ်ရာတွင် အောင်လအန်ဆန် ပါဝင်ခဲ့သည်။ ၀မ်းချန်ပီယံရှစ်ကစီစဉ်ကျင်း ပသည့် ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲ များတွင် မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်းတို့၌ […]

ကမ္ဘာ့အချမ်းသာဆုံး ကိုယ်ဒူးကိုယ်ချွန် သူဌေးမကြီးများစာရင်းမှာ တရုတ်အမျိုးသမီးများ လွှမ်းမိုး

ကိုယ်ဒူးကိုယ်ချွန် ရပ်တည်ကြိုးစားရာကနေ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်သူများဖြစ်လာကြတဲ့ သန်းကုဋေကြွယ် အမျိုးသမီးများရဲ့ စာရင်းကို Hurun သုတေသနအဖွဲ့ကြီးက စာရင်းပြုစု ထုတ်ပြန်လိုက်ပါတယ်။ Hurun ရဲ့ နှစ်စဉ်ထုတ်ပြန်မြဲစာရင်းမှာ ခုနှစ်မှာလည်း ကမ္ဘာ့အချမ်းသာဆုံး ကိုယ်ဒူးကိုယ်ချွန်အမျိုးသမီးစာရင်းမှာ တရုတ်နိုင်ငံက အမျိုးသမီးတွေကပဲ အများစု ကြီးစိုးထားပြန်ပါတယ်။ ဒီထုတ်ပြန်ချက်အရဆိုရင် ကိုယ်ဒူးကိုယ်ချွန်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးမကြီးများ ဖြစ်လာကြတဲ့ ထိပ်တန်း အမျိုးသမီးဆယ်ဦးမှာ တရုတ်နိုင်ငံက ငါးဦးပါဝင်ထားတာ ဖြစ်ပြီး ထိပ်တန်းလေးဦးနေရာမှာ တရုတ်အမျိုးသမီးများက ကြီးစိုးထားတာပါ။ လက်တော့ပ်နှင့် စမတ်ဖုန်းတွေရဲ့ အဖုံးကာဗာထုတ်လုပ်တဲ့ Lens Technology ကုမ္ပဏီကို တည်ထောင်သူ Zhou Qunfei ဟာ ဓနအင်အား အမေရိကန်ဒေါ်လာ ၉ ဒဿမ ၈ ဘီလီယံရှိပြီး […]

တင်ပါးချင်းဆက် ဟယ်လ်တန်ညီအစ်မရဲ့ သနားစရာဘ၀ဇာတ်ကြောင်း

ဟယ်လ်တန်ညီအစ်မရဲ့နာမည်တွေကတော့ ပဲရစ်နဲ့ နစ်ကီပါ။ အဲဒီနာမည်နဲ့ မကျော်ကြားခင်မှာတော့ သူတို့ရဲ့နာမည်တွေဟာ ဒေစီနဲ့ ဗွိုင်အိုလက် ဖြစ်ပါတယ်။ အဲဒီအမွှာတွေကို အင်္ဂလန် Brighton မြို့ရဲ့ ၁၉၀၈ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့အပြစ်တွေကို ဘုရားသခင်ကဒဏ်ခတ်တဲ့အနေနဲ့ အခုလိုမွေးဖွားလာတာလို့ ယူဆထားတဲ့ ဘားမယ် Kate Skinner ဆီမှာမွေးဖွားလာခဲ့တာပါ။ ကလေးတွေဟာ အဖေမပေါ်ဘဲမွေးလာခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ညီအစ်မနှစ်ယောက်ဟာ တင်ပါချင်းဆက်နေပြီးတော့ ယူကေမှာ ရက်သတ္တပတ်အနည်းငယ်ကြာအောင် နေခဲ့ပါသေးတယ်။ အဲဒီလိုဖြစ်ရပ်တွေရှိခဲ့သလို သူတို့အမေရဲ့အလုပ်ရှင် မယ်ရီဟယ်လ်တန်ရဲ့ မွေးစားခြင်းကိုခံရပြီးနောက်မှာ စိတ်မကောင်းစရာတွေ ဖြစ်လာပါတော့တယ်။ ဟယ်လ်တန်ဟာ သူတို့ရဲ့အခြေအနေဟာ ငွေရှာလို့ကောင်းမယ်ဆိုတာကို သိမြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီအတွက်မွေးစားခဲ့တာဖြစ်ပါတယ်။ အသက်သုံးနှစ်အရွယ်မှာပဲ ဟယ်လ်တန်ညီမတွေဟာ သြစတေးလျ၊ ဂျာမနီနဲ့ ယူအက်စ်တို့ကို ဆပ်ကပ်ပြဖို့ သွားလာခဲ့ပါတယ်။ […]

မီးလျှံထဲက ကယ်ခဲ့ရတဲ့(၉)လသမီးလေးနဲ့ မီးသတ်သမားကြီးတို့ (၁၇)နှစ်ကြာလို့ ပြန်ဆုံတဲ့အခါ

လက်ရှိအချိန်မှာ အသက်အားဖြင့် (၆၁)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ မီးသတ်သမားဟောင်းကြီး Mike Hughes ဟာ လွန်ခဲ့တဲ့ (၁၇)နှစ်က (၉)လအရွယ် လူမမယ်ကလေးမလေးဖြစ်တဲ့ Dawnielle Daviso ကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။ သူဟာ အခုတော့ ပင်စင်စား မီးသတ်သမားကြီးပေါ့။ ယခင်တုန်းကတော့ သူဟာ တစ်ခုခုအရေးပေါ်ဖြစ်တာနဲ့ ချက်ချင်းရောက်အောင်သွားတဲ့ ကပ္ပတိန် Mike ပါဘဲ။ (၁၉၉၈)ခုနှစ်တုန်းက အိမ်တစ်လုံးမီးလောင်နေတယ်ဆိုပြီး အရေးပေါ်ဖုန်းနဲ့အကြောင်းကြားခံရလို့ အဲဒီနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ခဲ့ကြပါတယ်။ သူတို့မီးသတ်တပ်ဖွဲ့ဟာ ဝါရှင်တန်အခြေစိုက် Wenatchee Fire Department အမည်ရ မီးသတ်တပ်ဖွဲ့ဖြစ်ပါတယ်။ မီးလောင်ရာအိမ်ကို ရောက်ရောက်ချင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်နိုင်ရေး၊ တစ်ခြားအိမ်ကို မီးမကူးရေး ကြိုးစားခဲ့ကြပါတယ်။ တစ်စုံတစ်ယောက်က အိမ်ထဲမှာ ကလေးငယ်တစ်ဦးရှိနေတယ်လို့ […]

အွန်လိုင်းမှတစ်ဆင့် စမတ်ဖုန်းဝယ်ခဲ့ရာမှ တစ်ရှူး(၂)ထုပ်ပဲ လက်ခံရရှိခဲ့တဲ့ အမျိုးသား

အွန်လိုင်းအသုံးပြုသူတွေ တနေ့တခြား တိုးပွားလာနေတာနဲ့အမျှ အွန်လိုင်းရှော့ပင်းတွေကလည်း အတော်ကိုခေတ်စားလာပါတယ်။ အပြင်ထွက်ခြေညောင်းခံပြီး လျှောက်သွားစရာမလိုပဲ ဖုန်းကလေးတစ်လုံးရှိရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို လွယ်ကူစွာ မှာယူနိုင်လို့ရနေပါပြီ။ တခါတလေ ကိုယ်ကပစ္စည်းမှာ၊ ငွေကြိုတင်ပေးပြီးကာမှ တကယ်တမ်း အိမ်ရောက်လာတော့ မှာထားတဲ့ပစ္စည်းနဲ့မတူပဲ တလွဲတွေဖြစ်နေတာလည်း ကြုံဖူးသူတွေရှိမှာပါ။ အခုတွေ့ရမယ့် အမျိုးသားရဲ့အွန်လိုင်းရှော့ပင်းအလွဲကတော့ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာပါ။ မလေးရှားနိုင်ငံနေ အမျိုးသားတစ်ယောက်ဟာ အရှေ့တောင်အာရှတစ်လွှားမှာ ကျော်ကြားတဲ့ လာဇဒါကနေ စမတ်ဖုန်းတစ်လုံး မှာယူခဲ့ပါတယ်။ သူမှာယူခဲ့တဲ့ဖုန်းကတော့ ဒေါ်လာ(၈၃၀)တန် စမတ်ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် ပါဆယ်ပစ္စည်းရောက်လာတော့ စမတ်ဖုန်းအစား တစ်ရှူးစက္ကူအစို(၂)ထုပ်သာဖြစ်နေတာကြောင့် ချက်ခြင်းပဲရဲတိုင်ခဲ့ပါတယ်။ ရဲမှတ်တမ်းမှာ ဖော်ပြထားပုံအရ ပါဆယ်ထုပ်ဟာ ဒီဇင်ဘာ(၁၆)ရက်ကနေ ဒီဇင်ဘာ(၂၀)အတွင်း ရောက်ရှိဖို့ဖြစ်ပါတယ်။ ဒါပေမယ့်ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ပါဆယ်ရောက်လာပြီး ထိုအမျိုးသားရဲ့အကိုဖြစ်သူက ပါဆယ်ထုပ်ကိုလက်ခံခဲ့ပါတယ်။ အကိုဖြစ်သူပြောပုံအရ ပါဆယ်ဟာ ခါတိုင်းပို့နေကျလုပ်ငန်းသုံး ဗင်ကားနဲ့မဟုတ်ပဲ ရိုးရိုးအဖြူရောင်ကားတစ်စီးနဲ့သာ လာပို့ခဲ့တယ်လို့သိရပါတယ်။ […]

သစ္စာမရှိတဲ့ချစ်သူကောင်မလေးကို မင်္ဂလာဆောင်ပြီး မင်္ဂလာပွဲမှာပဲ လက်စားချေတဲ့ သတို့သား

ချစ်သူစုံတွဲတွေအတွက် မင်္ဂလာပွဲဆိုတာ ဘဝမှာ တစ်ကယ်ကိုအရေးပါပြီး အမှတ်တရများစွာတွေထဲက အကြီးဆုံးအမှတ်တရ တစ်ခုအဖြစ် ကိုယ်စီရှိကြမှာမလွဲပါဘူး။ ဒီလိုအချိန်အခါမျိုးမှာမှ သစ္စာမရှိတဲ့ သတို့သမီးကို မထင်မှတ်ပဲ သတို့သားက လူပုံအလယ် လက်စားချေလိုက်တဲ့အခါမှာတော့ သတို့သမီးအတွက် တစ်သက်စာအရှက်ရစရာ အမှတ်တရတွေအဖြစ် ထာဝရကျန်ရစ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းနားတစ်ခုမှာ သတို့သားနဲ့ သတို့သမီးနှစ်ဦးလုံး ပွဲထွက်လာခဲ့ပြီးနောက် သတို့သားက စင်မြင့်ပေါ်တက်သွားကာ အားလုံးကို ကျေးဇူးတင်စကားပြောပြီး သူတို့နှစ်ဦးရဲ့ အမှတ်တရပုံရိပ်ဗီဒီယိုတွေကို ပရိုဂျက်တာနဲ့ ပြသခဲ့ပါတယ်။ သူတို့ရဲ့ ချစ်သက်တမ်းတာရှည်ခဲ့တဲ့အလျှောက် ဗီဒီယိုအစပိုင်းမှာ ကြည်နူးစရာပုံရိပ်တွေပြသနေခဲ့ရာက သတို့သမီးဖြစ်သူဟာ အခြားအမျိုးသားတစ်ဦးနဲ့အတူ ဟိုတယ်အခန်းထဲမှာ ချစ်ရည်လူးနေတဲ့ ပုံရိပ်တွေ ပေါ်လာတဲ့ အခါမှာတော့ မင်္ဂလာဆောင်လာတဲ့ ဧည့်ပရိသတ်တွေ အံ့အားသင့်သွားခဲ့ပါတယ်၊ သတို့သမီးဆိုတာကတော့ ပြောဖွယ်ရာမရှိပါဘူး။ […]

သေဆုံးပြီးနောက် ထပ်မံပြုလုပ်နိုင်သော အလှူ (၂)ခု

လူတစ်ယောက် သေပြီးပြီးခြင်း (၁) နှလုံးက ဆယ်မီနစ်အထိရှင်ပါတယ် (၂) ဦးနှောက်က မီနစ် နှစ်ဆယ်အထိ ရှင်ပါတယ် (၃) မျက်လုံးက လေးနာရီရှင်ပါတယ် (၄) အရေပြားက ငါးရက်အထိရှင်ပါတယ် (၅) အရိုးက ရက် သုံးဆယ်အထိ ရှင်တယ်လို့ သိရပါတယ်၊ သေလွန်သွားပြီးတော့ လူဟာ (၃)ရက်အကြာမှာလက်သည်းခွံတွေ ကြွေတယ် (၄)ရက်အကြာမှာဆံပင်တွေ ကျွတ်တယ် (၅)ရက်အကြာမှာဦးနှောက်တွေ အရည်ပျော်တယ် (၆)ရက်အကြာမှာအစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ဒွါရပေါက်ကနေ ယိုစီးတယ် (၆၀)ရက်အကြာမှာ အရိုးကမ္မဌာန်းရုပ်ကလွဲလို့ ဘာမှမကျန်တော့လောက်အောင် ခြောက်သွေ့သွားတယ်!!!!! လူတစ်ယောက်ဟာ သူသေဆုံးပြီးနောက် #အလှူနှစ်ခု ထပ်မံပြုလုပ်နိုင်လှူဒါန်းနိုင်ပါသေးတယ်. အဲဒါကတော့ မိမိရဲ့ ခန္ဓာကိုယ်ကို လှူဒါန်းခြင်းနဲ့မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သေဆုံးပြီးနောက် တန်ဖိုးမရှိသုံးမရတော့သော […]

ရုရှားတပ်မတော်သုံး မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ

မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဆိုသည်မှာ တစ်ဘက်ရန်သူနိုင်ငံ၏ မဟာဗျူဟာအရအရေးပါသော မြို့တော်များ၊အခြေခံအဆောက်အဦများ ၊စက်ရုံအလုပ်ရုံများ ၊စစ်ဘက်ဆိုင်ရာအမိန့်ပေးတပ်စခန်းများ ၊ စစ်ဘက်ဆိုင်ရာနောက်တန်းဌာနချုပ်များ ၊ ရန်သူ့ရဲ့အဖျက်စွမ်းအားကြီးမားသောလက်နက်များတည်ရှိရာနေရာများ ၊ထောက်ပံ့ပို့ဆောင်ရေးစခန်းများ စတဲ့ပစ်မှတ်များကိုဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနိုင်မည့် အလယ်အလတ်နှင့် ခရီးတာဝေးချီတက်ထိုးဖောက်တိုက် ခိုက်နိုင်မည့် ဗုံးကြဲလေယာဉ်ဖြစ်ပါသည်။ လက်ရှိကမ္ဘာပေါ်တွင်မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များကို  ပိုင်ဆိုင်ထားနိုင်သောနိုင်ငံများမှာအမေရိကန်၊ ရုရှား ၊ တရုတ် တို့ဖြစ်ကြပါသည်။ တန်​​ကြေးအမြင့်​ဆုံး နည်းပညာအ​ကောင်းဆုံး ၊ ထိန်းသိမ်းမှုအကြီးဆုံး ဒီဇိုင်းအကောင်မွန်ဆုံးကတော့ အမေရိကန်ရဲ့ B-2 Spiritဖြစ်ပြီ ယခုအခါမှာတော့ ရုရှားတပ်မတော်သုံးမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များကိုဖော်ပြပေးလိုက်ပါသည။် တရုတ်ရဲ့မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကတော့ အမေရိကန် ရုရှားတို့လောက်နာမည်မရှိပါဘူး။ (၁) TU-95 MS(Bear) စစ်အေးခေတ်ကနေထုတ်လုပ်ပြီ ယနေ့အချိန်အသုံးပြုနေသော TU-95မဟာဗျူဟာမြောက်တာဝေးဗုံးကြဲလေယာဉ်သည်သက်တမ်းအရင့်ဆုံးဖြစ်ပါသည်။ို1959ခုနှစ်မှာTupolevကထုတ်လုပ်ခဲ့ကာNATOအုပ်စုမှ Bearဟုအမည်ပေးထားပြီ ယခုရုရှားတပ်မတော်မှTU-95MSဆိုပြီအဆင့်မြင့်တင်ကာအသုံးပြုနေဆဲဖြစ်ပါသည်။Kuznetsov NK-12 Turbofanအင်ဂျင်တပ်ဆင်ထားကာ မြန်နူန်းMach 1.25 ခရီးအကွာအဝေး15000kmထိစစ်ဆင်နိင်ပါသည်။ […]