Day: March 12, 2018

နီပေါလေဆိပ်တွင် ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ်ပျက်ကျပြီး လူ ၅၀ အနည်းဆုံး သေဆုံး

နီပေါနိုင်ငံမြို့တော် ခတ္တမန္တူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် (ခတ္တမန္တူအပြည်ပြည်ဆိုင်ရာလေဆိပ်) မှာ ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ ၄၉ ထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း US-Bangla မှ ခရီးသည်တင်လေယာဉ်ဟာ ခတ္တမန္တူလေဆိပ်မှာ ယနေ့ (မတ်လ ၁၂ ရက်) မွန်းလွဲပိုင်းက ဆင်းသက်စဉ် ပြေးလမ်းချော်ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း လူ ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ […]

နှစ်ရှည်လများ လိင် မဆက်ဆံတဲ့ အမျိုးသမီးတွေဖြစ်တတ်တဲ့ ဆိုးကျိုးလက္ခဏာရပ်များ

အမျိုးသမီးတွေ နှစ်ပေါင်းများစွာ လိင်ဆန္ဒရှိပါရက် မြိုသိပ်ခဲ့ရတာဆိုရင် ဆိုးကျိုးတစ်ချို့ရှိပါတယ်။တချို့ဆို ရူးတဲ့အထိ စိတ်ဖောက်ပြန်မှုတွေပါ ရှိလာပြီး ကုသရခက်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ ဖြစ်လာနိုင်တဲ့ရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ အမျိုးသမီးတယောက်ဟာ ကာလကြာရှည် လိင်ဆက်ဆံခွင့် မရတာမျိုးဆို သူဟာ အစိုးရိမ်လွန်ကဲတာနဲ့ ပျော်ရွှင်မှုပျောက်ဆုံးတတ်တာဖြစ်ပါတယ်။ သာမာန် အိမ်ထောင်သည်အမျိုးသမီးတွေထက်စာရင် နှစ်များစွာ လိင်မဆက်ဆံဖြစ်တော့တဲ့ အမျိုးသမီးဟာ အရာရာကို အမေ့လွယ်လာပါတယ်။တခါတလေ အရေးကြီးတဲ့ လျှို့ဝှက်နံပါတ်တွေတောင် မေ့တေ့တေ့ဖြစ်လာတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ နောက်မှာ အိပ်ဖို့လဲ ခက်ခဲလာပြီး အချိန်ကြာလေ အိပ်ပျက်လေဖြစ်ပါတယ်။အိပ်ရေးပျက်ခြင်းဟာ တစုံတခုကို ဟာတာတာဖြစ်တာနဲ့ အလိုမကျမှုတွေ ရောထွေးနေပြီး ကိုယ့်စိတ်ကိုယ် ဝေဝါးစေတာဖြစ်ပါတယ် မကြာခဏ ဖျားနာသလို ကိုယ်လက်မအီမသာဖြစ်တာလို့ ဖြစ်လာပြီး ညနေဖက်တွေမှာ နေထိုင်မကောင်းတာမျိုး ဖြစ်လာတတ်ပါတယ်။ တခါတလေ ပြင်းထန်တဲ့ […]

မိမိအသက်အသေခံပြီး ခရစ်ယာန်ဘာသာဝင်တွေ အသက်ပေါင်းများစွာကို ကယ်တင်ပေးသွားခဲ့တဲ့ လူငယ်လေး

မမေ့နိုင်တဲ့ သူရဲကောင်း 24December 2017 ခရိယာန်ဘာသာဝင်တွေ အသက်ပေါင်းများစွာကို ကယ်တင်ပေးသွားခဲ့တဲ့ အစလာမ် ဘာသာဝင် လူငယ်တဦးကို ဒီနေ့ အချိန်အထိအောင် အင်ဒိုနီးရှား နိုင်ငံ ဂျာဘားကျွန်းအရှေ့ ပိုင်းက Mojokerto မိုဂျိုကာတို မြို့  သားတွေ က မမေ့နိုင် ကြသေးပါဘူး။ မြို့ ဝင်ခရိယာန်ဘုရားကျောင်းလမ်း မုဒ်ဦးမှာလည်း ရီယမ်တိုရဲ့  နံမည်ကို ရေးထိုးဂုဏ်ပြုထားတာတွေ့ ရပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ် ခုလိုခရစ်စမတ်ညမှာ ဘာသာရေးအစွန်းရောက်အုပ်စုတွေက လာရောက်ဘုရားဝတ်ပြုဆုတောင်းသူတွေပြည့်နေတဲ့ ဘုရားကျောင်းနံရံနား ဗုံးအိမ်ချထားတာကို စမြင်ခဲ့တဲ့ ညစောင့် လုံခြုံရေး ၀န်ထမ်း ရီယမ်တိုဟာအိပ်ကိုဖွင့်ကြည့်စစ်ဆေးအခါမှာ ၀ိုင်ယာကြိုးတွေ ချိန်ကိုက်နာရီတွေ့ တာနဲ့ ဗုံးအိပ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်။ […]

အသံထက် ၁၀ဆ မြန်သည့် ဒုံးကျည်အသစ်တစ်ခုကို ရုရှားတို့ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်

ယခုလဆန်းပိုင်းက သမ္မတပူတင်ကြေညာခဲ့သည့် နျူထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်သည့် အသံထက်မြန်သော ဒုံးကျည်အသစ်တစ်မျိုးကို ယနေ့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှကြေညာလိုက်သည်။ အဆိုပါ ဒုံးကျည်ကို တိုက်လေယာဉ်တစ်စင်းမှ ပစ်လွှတ်ခဲ့သည့် ဗီဒီယိုဖိုင်ကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ,ယနေ့ထုတ်ပြန်လိုက်သည်။ ဒုံးကျည်သည် ပစ်မှတ်ကို ထိမှန်ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်ကို “Kinzhal” ဟူ၍ အမည်ပေးထားပြီး ရုရှားရိုးရာ စံနမူနာထားရသည့် ဓားမြောင်တစ်မျိုး၏ အမည်ဖြစ်ကြောင်း သမ္မတပူတင်က မတ်လ ၁ရက်နေ့ကပြောခဲ့သည်။ “Kinzhal” ဒုံးကျည်သည် အသံထက် ၁၀ ဆအမြန်နှုံးဖြင့် မိုင် ၁၂၀၀ အထိ ခရီးနှင်နိုင်သည်။ Source- Popular News

သမီးလေး မွေးဖွားလိုက်တဲ့ ချောရတနာ

သရုပ်ဆောင် ချောရတနာက ဒီနေ့(မတ်လ၁၂ရက်) မနက်ပိုင်းမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ကလေးကော မိခင်ပါကျန်းမာတယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းလေးကိုတော့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားခဲ့တာ ဖြစ်ပါတယ်။ “သမီးတော် Chaw Yadana Chaw Yadana ဒီနေ့မနက် သမီးလေး မွေးတယ် အမေရော ကလေးရော ကျန်းမာတယ်  ကိုဒွေကတော့ အဘွားဖြစ်ပြီးရင်းဖြစ်ရာထူးတိုး တာပေါ့” ဆိုပြီး ပြောထားတာပါ။ သူမအနေနဲ့ သမီးလေး ကိုယ်ဝန်လွယ်ထားစဉ်ကလည်း ရင်သွေးလေးနဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလို ပြောပြခဲ့ပါသေးတယ။် “အမကတော့ […]

ဖဲလိမ်ရိုက်နည်းများ

ဖဲရိုက်တာ ၀ါသနာပါတဲ့သူငယ်ချင်းတွေ တစ်ကယ့်ဆရာကြီးတွေနဲ့တွေ့ပြီး မခံရအောင်လို့ တင်ပေးလိုက်တာပါ။ သူများတွေကို ဒုက္ခပေးတာမျိုးတော့ မလုပ်စေချင်ဘူး။ အရင်ဦးဆုံး 21 လိမ်နည်းလေးပြောပြပါမယ် ဒီနည်းလမ်းက သိပ်တော့အသုံးမ၀င်လှပါဘူး။ ဖဲထုပ်ကိုပြင်ရလို့ပဲ။ နောက်နည်းတွေကတော့ ပြင်စရာမလိုဘူး။ ဒီနည်းလမ်းကို သိတဲ့လူဟာ အနည်းငယ်တော့ရှိပါတယ်။ အသိအချင်းချင်း အပျော်သဘောမျိုး ဆော့ရင်းကနေ ပထမပိုင်း ဒိုင်က အရှုံးပေးထားပြီး နောက်မှပြန်ယူတာမျိုး လုပ်တတ်ကြပါတယ်။ ထိုးသားတွေကလည်း ပထမနိုင် ထားတဲ့ ဟာတွေ ပြန်ပါကုန်တော့ အတင်းပြန်လိုက်ရာကနေ ပါသမျှ အကုန်ကုန်တဲ့အဖြစ် ရောက်ပါတယ်။ တစ်ချို့တွေဆိုရင် အိမ်ပြန်ပြီး ပိုက်ဆံထုပ် သွားသယ်တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ဒီနည်းမှာ ဒိုင်ကဘယ်လိုလိမ်လဲဆိုတော့ ဖဲထုပ်ဟာ သူပြင်ထားပြီးသား ဖဲထုပ်ဖြစ်ပါတယ်။ ပြင်ထားတယ်ဆိုပေမယ့် ဘယ်လိုရှာရှာ မတွေ့ရမယ့် နေရာကို […]

မူးယစ်စစ်ပွဲကို လာစစ်မည့်သူများအား မိကျောင်းစာကျွေးပစ်မည်ဟု ဒူတာတေးပြော

မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ပွဲအတွင်း သတ်ဖြတ်မှုများကို ဖိလစ်ပိုင်သို့ လာရောက်စစ်ဆေးမည့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ ရှေ့နေများအား မိကျောင်းစာ ကျွေးပစ်မည်ဟု သမ္မတ ဒူတာတေးက ပြောသည်။ နိုင်ငံ၏ ဥပဒေကို ၎င်းတို့က မသိကြောင်း၊ နိုင်ငံတွင်းက ဥပဒေရေးရာ တာဝန်ရှိသူများအနေဖြင့် လာရောက်မည့် ၎င်းတို့အား ကြိုဆိုပေးရုံကလွဲပြီး မေးမြန်းပြောဆိုမှုများ မလုပ်သင့်ကြောင်း ဒူတာတေးက ဆိုသည်။ “ဒါဟာ ဖွဲ့စည်းပုံ၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအရပဲ ဖြစ်တယ်။”ဟု ဒူတာတေးက မိကျောင်းစာ မကျွေးဖြစ်ပါက နှုတ်ဆိတ်နေထိုင်ခွင့် အခွင့်အရေးကို ကိုးကားလျက် ပြောဆိုသည်။ “လာကြပါစေ။ သူတို့ ဒီကို လာပါစေ။ လူသား အရမ်းကြိုက်တဲ့ မိကျောင်းတစ်ကောင်လောက် မရှိဘူးလား။ ဒီေxxသားတွေကို ပစ်ကျွေးမလို့။”ဟု စစ်တပ်၏ […]

အကယ်ဒမီအတွက် ပြေတီဦးနဲ့အပြိုင် နာမည်ထွက်တဲ့အပေါ် ပြောပြလာတဲ့ နေတိုး

မတ်လ ၂၃ ရက်တွင်  ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲနီးကပ်လာသည်နှင့်အမျှ နှစ်စဉ်နှစ်တိုင်း အမျိုးသားဇာတ် ဆောင်ဆုနေရာ၌ သရုပ်ဆောင် ပြေတီဦးနှင့် နေတိုးသာ အလှည့် ကျနာမည်ထွက်နေသည့်အပေါ် သရုပ်ဆောင်နေတိုးက ယခုလို ပြောသည်။ ‘‘ဒီလိုပဲ ကျွန်တော်တို့က ပရိ သတ်အတွက်ကို အမြဲတမ်းကြိုး စားနေတဲ့သူဆိုတော့ ပရိသတ်အ တွက်ကို ကြိုးစားနေသရွေ့ ဒီလို မျိုးရှိနေဦးမှာပါပဲ။ ဒါကတော့ ကျွန်တ်ာတို့အလုပ်လုပ်နေတဲ့ လမ်းကြောင်းတစ်ခုမှာ ဒီလိုမျိုး တော့ရှိမှာပဲ။ ကျွန်တော်တို့က ပြိုင်နေတာမျိုးတော့မဟုတ်ဘူး။ သူ့ဟာသူ တစ်နှစ်၊ တစ်နှစ်မှာ ရွေးချယ်ထားတဲ့ သဘောပါပဲ’’ဟု ၎င်းက ပြောသည်။ ၂၀၁၇ အကယ်ဒမီစာရင်း ဝင်ဇာတ်ကား ၅၃ ကားတွင် နေတိုးပါဝင်သရုပ်ဆောင်သည့် ဇာတ်ကားခြောက်ကားပါဝင်သည်။ ယင်းတို့သည် […]

နေ့ခင်းမှာ ကျောင်းသား / ညပိုင်းမှာ စားပွဲထိုး

နေ့မဟာတန်းကျောင်းသား ညစားပွဲထိုး နှင်းသက်ဝေခိုင် မုံရွာမြို့ရဲ့ဂုဏ်ယူစရာ ကန်သာယာကို မေးတင်ပြီးဆောက်ထားတဲ့ အုပ်စိုးဆိုတဲ့ စားသောက်ဆိုင်မှာ ကန်ကပျံ့ လွင့်လာတဲ့ လေပြေလေညှင်းကို ရှုရှိုက်လိုသူ၊ယမကာနဲ့အကင်တွေကို စားသောက်လိုသူတွေနဲ့ အမြဲတမ်း စည်ကားနေတတ်ပါတယ်။ ညမီးရောင်စုံက ဆိုင်အတွင်းမှာ တလက်လက် တောက်ပနေသလို ဖွင့်ရုံဆို သလောက် လေးဖွင့်ထားတဲ့ အနောက်တိုင်းတေးသွားသံနဲ့အတူ စားပွဲဝိုင်းအသီးသီးဆီက စကားသံတွေက ဆိုင်အပြင်ဘက်ထိ လျှံထွက်နေပါတယ်။စားပွဲဝိုင်းတွေဆီကူလူးလိုက် အကင်နံ့၊ အကြော်၊ အလှော်နံ့တွေ ထောင်းထောင်းထနေတဲ့ မီးဖိုထဲကူးသွားလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ စားပွဲထိုးတွေကြားမှာ သူ့ကိုတွေ့နိုင်ပါတယ်။ အကျီင်္အဖြူ၊ဘောင်းဘီအနက်ကို သပ်ရပ်စွာဝတ်ဆင်ထားတဲ့သူက နေ့ခင်းဘက်ဆို ကျောင်းတက်စာကျက်ပြီး ညဘက်ဆို ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်း ကျောင်းစားရိတ်ရှာသူပါ။သူ့နာမည်ကတော့ ဖြိုးဝေလင်းပါ။ အသက်၂၂နှစ်အရွယ် ဖြိုးဝေလင်းက မုံရွာတက္ကသိုလ်၊ရူပဗေဒအဓိကနဲ့ ဂုဏ်ထူးတန်းတက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ။ […]

မ​နောက်​ပါနဲ့ ဆရာမရယ်

1) မ​နောက်​ပါနဲ့ ဆရာမရယ်​ ဆရာမ ။ ။ က​လေးတို့ ဒီ​နေ့မနက်​ပိုင်းမှာ ​နေ့တဝက်​ပဲ ​ကျောင်းတက်​ ရမယ်​ ။ က​လေးများ ။ ။ ​ဝေး​ဟေး ။း ဆရာမ ။ ။ ကျန်​တဲ့ ​နေ့တဝက်​ ကို​တော့ ည​နေ​မှ တက်​ရမယ်​ ။ က​လေးများ ။ ။ ဟွင့်​  ။ Credit _ သန်​၄ကို (2) အ​ပျော်​ဆုံး ‘ လ ‘ ဆရာမက ​ကျောင်းသား​တွေကို ​မေးတယ်​ Teacher – ​ကျောင်းတက်​ရတဲ့ ‘ လ​ ‘ တွေ […]