Day: March 13, 2018

Lamborghini ကားအသစ်ကြီးစီးလာပြီး ပါပါရာဇီကိုတောင် ကြွားလိုက်တဲ့ ဂျေဘီ

2017 ခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ Justin Bieber ကတော့ စိမ်းပြာရောင် Lamborghini ကားအသစ်ကြီးစီးပြီး ဖလန်းဖလန်းထနေပြန်ပါပြီ။ Justin ဟာ ကားပေါ်က ဆင်းဆင်းလာချင်းမှာ ပါပါရာဇီတစ်ယောက်က ဓာတ်ပုံရိုက်နေတာကို မြင်လျက်သားနဲ့ တောင် ကင်မရာဘက်ကိုလှည့်ပြီး ကားအသစ်နဲ့ အတူ ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။ Justin ဟာ ဖခင်ဖြစ်သူ Jeremy နဲ့ တွေ့ ဆုံဖို့ အတွက် LA ကို ရောက်ရှိနေတာဖြစ်ပြီး Jeremy ရောက်ရှိလာတဲ့အခါမှာတော့ သားဖြစ်သူအတွက် Starbucks ကော်ဖီအေးတစ်ခွက်ကိုလည်း ၀ယ်လာပေးတာတွေ့ ရပြီး Justin ကတော့ ဖခင်ဖြစ်သူ ၀ယ်လာပေးတဲ့ Starbucks ကော်ဖီကိုသောက်ရလို့ တော်တော်လေး ပျော်ရွှင်နေတဲ့ပုံပါပဲ။ […]

အသက် ၈၀ အရွယ်မေ ပြောပြတာ သူ့မိဘရဲ့ ဘိုးဘွားလက်ထက်ကတည်းကဆိုတော့ ဗန္ဓုလကြီးတောင် အဲ့ဒီတွင်းကရေ သောက်ခဲ့ဖူးလေမလား

ဓနုဖြူမြို့အဝင် နန်းတော်ကုန်းရပ်က သူငယ်ချင်းအောင်းမင်းစိုးရဲ့ မိခင်နေတဲ့အိမ်က ရှေးဟောင်းရေတွင်း…၂ တွင်း အိမ်နောက်ဖက်တွင်းက အမျိုးသမီးများ ရေချိုးလျှော်ဖွတ်ကြဖို့နဲ့ အိမ်ရှေ့တွင်းက အမျိုးသားများသုံးဖို့နဲ့ သောက်ရေ အတွက်ပါတဲ့… နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ မေးကြည့်တော့ အသက် ၈၀ အရွယ်အမေပြန်ဖြေတာက.. သူ့မိဘ ဘိုးဘွားလက်ထက်ကတည်းက..ဆိုတော့… ဗန္ဓုလ ကြီးတောင် အဲ့ဒိတွင်းကရေ… သောက်ခဲ့ဖူးလေမလား…. ပြုပြင်ထိမ်းသိမ်းဖို့ လိုအပ်နေတာတွေ့ခဲ့ရလို့.. အချိန်ရယင်…သွားပြီးပြုပြင်ပေးဦးမယ်. Source – Myint Kyu

ကမ္ဘာ့အဆင်းရဲဆုံး (၁၀) နိုင်ငံ

ဆင်းရဲမွဲတေမှုဆိုတာ ကပ်ဆိုးတစ်ခုပါပဲ။ ကမ္ဘာကြီးပေါ်ကနေ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်ဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ အခက်အခဲ တစ်ခုပါပဲ။ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတော်ကြိုးစား ရုန်းကန်နေရပါတယ်။ နည်းပညာတွေ မြင့်မားလာခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာခြင်းနဲ့ စက်မှုလုပ်ငန်းတွေ အင်အားကောင်းလာတဲ့ အခုလို အချိန်မှာတောင် ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ အလွန်ဆင်းရဲတဲ့ လူတွေ နေထိုင်နေပါသေးတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အဆင်းရဲဆုံး (၁၀) နိုင်ငံရဲ့ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကို တိုင်းတာရာမှာ တစ်ဦးချင်းက တစ်နှစ် ရရှိတဲ့ ပျမ်းမျှဝင်ငွေအပေါ်မူတည် ထားပါတယ်။ ဝင်ငွေများကို မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါတယ်။ နံပါတ် (၁၀) ကနေ စတင်ဖော်ပြသွားပြီး နံပါတ် […]

ကားပေါ် မေ့ကျန်ခဲ့တဲ့ သိန်း(၁၂၀)ကို ပိုင်ရှင် ဖြစ်သူရဲ့အိမ်ထိ ပြန်လာပေးတဲ့ ရိုးသားသည့် တက္ကစီသမား

တက္ကစီကားပေါ် မေ့ကျန်ခဲ့တဲ့ သိန်း(၁၂၀)ကို ပိုင်ရှင် ဖြစ်သူရဲ့အိမ်တိုင်ရာရောက် လာပို့ပေးသည့် ရိုးသား သည့် တက္ကစီသမား နာမည်က ဦးခင်ဇော် နေတာက သမိုင်း (၁)ရပ်ကွက် (၆)လမ်း မနေ့က တက္ကဆီကားပေါ်မေ့ကျန်ခဲ့သော ငွေသိန်း (၁၂၀)ကို တက္ကဆီပိုင်ရှင် ဦးခင်ဇော်မှ ရိုးသားစွာဖြင့် အိမ်တိုင်ရာရောက်လာပို့ပေးသည့်အတွက် ကာယကံ ရှင်များမှ အံ့သြဝမ်းသာပြီး အထူးကျေးဇူးတင်ရှိလို့ ရိုးသားမှု ဂုဏ်ကို တုံ့ပြန်သောအားဖြင့် ၁၀ သိန်းကျပ် ပြန်လည် ကျေးဇူးတုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ ကျေးဇူးတုံ့ပြန်သောအားဖြင့်သာ ငွေ ၁၀ သိန်း ကျေးဇူး ပြန်ဆပ်ခဲ့သော်လည်း တက္ကစီဆရာ၏ရိုးသားမှုကို မည် သည့် အရာနဲ့မှ တန်ဖိုးဖြတ်၍မရနိုင်ကြောင်းပြောကြားပါတယ်။ ရိုးသားမှုကိုလေးစားဂုဏ်ယူဝမ်းမြောက်မိပါတယ်…တကယ့်ကိုသူတော်ကောင်းလက်ထဲရောက်ရှိပြီး ပြန်လည်ရရှိတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ ?ဦးခင်ဇော်အပေါ်ဘုရားရှင်သာ၍ကောင်းချီးပေးပါစေ?? […]

သားအဖသုံးယောက်ရှိုးဆိုဖို့ အိပ်မက်ရှိတယ်ဆိုတဲ့ ရင်ဂို

အဆိုတော်ကြီးရင်ဂို ကတော့ ၂၀၁၈ ခုနှစ်ထဲမှာ သားအဖသုံးယောက်ပေါင်းပြီး ပရိသတ်ကိုတင်ဆက်မယ့် ဖျော်ဖြေပွဲတစ်ခု လုပ်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို Duwun Media ကနေပြောပြခဲ့ပါတယ်။ ” One Man Show လုပ်ဖို့တော့ စိတ်မကူးပါဘူး များသောအားဖြင့် ကိုညီထွဋ်နဲ့တွဲဆိုတဲ့ ပွဲတွေက များပါတယ်။ One Man ဆိုရင်တော့ စိတ်ထဲမှာ အင်ပါယာအဖွဲ့နဲ့ ထိုင်ပြီးတော့ ဆိုဖို့အိမ်မက်ရှိတယ်။ စင်ပေါ်မှာဆိုရင်တော့ သားအဖသုံးယောက်ရှိုးဆိုဖို့ အိမ်မက်ရှိပါတယ်။ ၂၀၁၈ ထဲမှာဖြစ်အောင် အမြန်ဆုံးကြိုးစားနေပါတယ်” လို့ သူကဆိုပါတယ်။ သားသမီးတွေရဲ့ အောင်မြင်မှုကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ ” အခုတော့ သူတို့စိတ်ကူးတွေကို သူတို့ထုတ်ဖော်နိုင်ပြီ။ အောင်မြင်ဖို့အတွက်မျှော်လင့်ချက်ဆိုတာကလည်း သူတို့ဆက်ကြိုးစားဖို့ရယ်၊ ပရိသတ်အားပေးလာမှာကို စောင့်ကြည့်ရမှာပေါ့။ […]

ဘုရားရှင်ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ ? ? ?

ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။ ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ့ သူငယ်ချင်းတွေ။ သူကမေးတယ်… “”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ့ ။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။ စော်ကားချင်လို့ မေးတာမဟုတ်ပါဘူး။ ကြိုပြီးတောင်းပန်တာပါ။ သိချင်လို့ ပါ။ တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခောင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။ ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို့  ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။ ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။ မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို့  ဝန်ခံလိုက်ရပါတယ်။ သူပြန်သွားတော့ စိတ်တိုတိုနဲ့ […]

နေ့စဉ်အမျိုးသမီးများ၏ရင်သားကို ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင်

နေ့စဉ်အမျိုးသမီးများ၏ ရင်သားကို ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏ သက်တမ်းကို ၅နှစ်ပိုရှည်စေ နိုင်တယ်လို့ ဂျာမန်သုတေသီများ၏ NewEngland Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ရင်သားများကိုအမျိုးသားများနေ့ စဉ်စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။ ၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherbyကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါ က်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ဒေါက်တာ Karen Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ အဖွဲ့သည်ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ရှိ အမျိုးသား၂၀၀ နှင့် သုတေသနပြုခဲ့ခြင်း ဖစ်သည်။ ၄င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကို သေချာရှောင်ကြဉ်ခိုင်းထားပြီး လေ့လာ ခဲ့ကြသည်။ ငါးနှစ်ကြာသောအခါ နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက် သိသာခြားနားစွာ […]

ကြင်နာတတ်သူကြောင့် သေခါနီးအခြေအနေမှ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ ကောင်လေး

လူမှုကယ်ဆယ်စောင့်ရှောက်ရေးသမား တစ်ဦးဖြစ်သူ အန်ဂျာလိုဗန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက နိုင်ဂျီးရီးယားအရှေ့တောင်ဘက်ပိုင်းမှာ လမ်းလျှောက်လာတုန်း သူမတစ်သက်တာ မမေ့နိုင်မှာမဟုတ်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ သူမတွေ့ရတာက သေခါနီးအခြေအနေနဲ့ အလွန်တရာကြုံလှီပြီး ပိန်ကပ်နေတဲ့ကလေးတစ်ယောက်ကိုပါ။ ကလေးဟာ လေးဘက်တွား အရွယ်လေးဖြစ်ပြီး လမ်းပေါ်မှာ ထိုင်နေတာပါ။ ထိုကလေးကို မိဘတွေက စုန်းလို့သတ်မှတ်ထားပြီး လမ်းပေါ်မှာ စွန့်ပစ်ခံခဲ့ရတာ(၈) လလောက်တောင် ရှိပြီလို့သိရပါတယ်။ လိုဗန်က Daily Mail ကို အခုလိုပြောပြပါတယ်။ “ကျွန်မ ဒီ(၂)နှစ်အရွယ် ကောင်လေးကိုမြင်လိုက်ရတော့ စိတ်ထဲတော်တော်ကို နာကျင်သွားမိတယ်။ ကျွန်မတို့ရွာထဲကို, စပြီးဝင်ဝင်ချင်း လမ်းတစ်ဖက်မှာ ဟုတ်ပ်ကို လှမ်းမြင်လိုက်ရတာပဲ။ ကျွန်မက ကလေးကို အကောင်ကြီးမယ်ထင်တာ။ သူက ကလေးလေးအရွယ်လောက်ပဲရှိတယ်။ ဟုတ်ပ်ကို မြင်မြင်းချင်း ကျွန်မသားအရင်းလိုပဲ တွေးမိခဲ့ပါတယ်။” […]

အသက် ၅၈ နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ ဟာသသရုပ်ဆောင် အရိုင်း

နာမည်ကျော် ဝါရင့်ဟာသသရုပ်ဆောင် အရိုင်းတစ်ယောက်ကတော့ ခုဆိုရင် အသက် ၅၈ နှစ်ပြည့် မွေးနေ့ကျရောက်လာပြီလို့ သိရပါတယ်။ ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ပြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာလည်း ဝိုင်းဝန်းပြီး မွေးနေ့ဆုတွေ တောင်းပေးထားကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ချစ်သောသူများနဲ့အတူမွေးနေ့ပေါင်းများစွာကိုပျော်ရွှင်ချမ်းမြေ့စွာဖြတ်ကျော်နိုင်ပါစေသူငယ်ချင်း ဆိုပြီး ဆုတောင်းပေးထားပါတယ်။ ဖခင်ဖြစ်သူရဲ့အကြောင်းကိုလည်း သမီးဖြစ်သူ ပန်းနုပျိုမေကလည်း ခုလို ပြောထားပါတယ်။ လူတကာအပေါ်အတိုင်းထက်အလွန်နားလည်အနစ်နာခံတတ်တဲ့ဖေဖေ မိသားစုအပေါ်နားလည်ခွင့်လွှတ်မှုအပေးနိုင်ဆုံး ခုထက်ထိတိုင် ဖခင်ဝတ္တရားကျေပွန်လွန်းတဲ့ဖေဖေ သမီးအမြဲလေးစားရတဲ့သည်းခံခွင့်လွှတ်တတ်လွန်းတဲ့နားလည်ဖြည့်ဆည်းပေးနိုင်လွန်းတဲ့စိတ်ဓာတ်ပိုင်ရှင်ဖေ ဒီနေ့ပါး ၅၈ နှစ်ပြည့်ပြီနော် အသက်အရွယ်အရအပင်ပန်းမခံသင့်တော့ပေမယ့် ခုချိန်ထိနေပူမရှောင်မိုးရွာမရှောင် သမီးတို့အတွက်အပင်ပန်းခံရှာဖွေကျွေးနေတဲ့အတွက်အားလည်းနာမိပါတယ်ဖေဖေ ဒီနေ့ ၅၈ နှစ်ပြည့်မှစလို့နောင်နှစ်ပေါင်းများစွာ သမီးတို့နဲ့အမြဲတူတူခုလိုပဲပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဖေ ဆိုပြီး ရေးထားပါတယ်။ ၈၈ မတိုင်ခင်တည်းကနေ ခုချိန်ထိ အနုပညာလောကထဲ […]